ရက္ခိုင့်တပ်မတော်လှုပ်ရှားမှု ချင်းအရပ်ဖက်အဖွဲ့များ ပြင်းထန်စွာကန့်ကွက်

0

Paletwa refugees                                   (AA နဲ့ အစိုးရတပ်တို့ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ အပြစ်မဲ့ပြင်စိုကျေးရွာသားများ)

 

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်အတွင်း ရက္ခိုင့်တပ်မတော်(AA)မှ ခြေကုပ်ယူလှုပ်ရှားမှုအပေါ် ချင်းအရပ်ဖက် လူမှုအဖွဲ့အစည်း ၁၀၀ ကျော်မှ စုပေါင်းဖွဲ့စည်းထားသော ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းကွန်ယက်က ပြင်းထန်စွာကန့် ကွက်ကြောင်း ဇန်န၀ါရီ ၂၉ ရက်နေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ကြသည်။

ပလက်ဝမြို့နယ် ပီချောင်းနှင့်လေးမြို့ဒေသကို ခြေကုပ်ယူစခန်းချ၍ နယ်မြေသိမ်းပိုက်ရေးအတွက် တိုက်ပွဲ ၀င်နေခြင်းဖြစ် သည်ဟုဆိုသော AA ၏လုပ်ဆောင်ချက်များသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေပြီး တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကို ပျက်ပြားစေနိုင်သဖြင့် ပြင်းပြင်း ထန်ထန်ကန့်ကွက်သည်ဟု ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းကွန်ယက်မှ တာဝန်ရှိသူ ဆလိုင်းဇကုတ်ထန်က“ CNF နဲ့ အစိုးရအကြား ချူပ်ဆိုထားတဲ့ သဘောတူညီချက်ထဲမှာ ချင်းပြည်နယ်တွင် CNF နဲ့ မြန်မာ့တပ်မတော် တို့သာ အခြေစိုက်ခွင့်ရှိတယ်ဆိုပြီးအတိအလင်း ပါရှိပါတယ်၊ ဒါကြောင့် AA အနေနဲ့ ချင်းပြည်နယ်အတွင်းမှာ ဒီလိုမျိုးလုပ်ရပ်တွေကိုမလုပ်တော့ဖို့ ကျနော်တို့တောင်းဆို ပါတယ်’’ ဟု ပြောသည်။

ပလက်ဝဒေသတွင် ခြေကုပ်ယူထားသော ရက္ခိုင့်တပ်မတော်သည် မြန်မာ့တပ်မတော် နှင့် မကြာခဏတိုက်ပွဲများဖြစ်ပွား လေ့ရှိပြီး ယင်းတိုက်ပွဲ များကြောင့် ပြင်စိုကျေးရွာမှ အပြစ်မဲ့ပြည်သူ ၃၀၀ ကျော်တို့သည် ယနေ့ချိန်ထိ ၎င်းတို့ကျေးရွာသို့ မပြန်ရဲကြဘဲ ယာယီဒုက္ခသည်စခန်းတွင် စစ်ဘေးရှောင်နေကြရဆဲဖြစ်သည်။

ထို့အပြင် ဒေသခံပြည်သူများအား လမ်းပြအဖြစ် ရှေ့တန်းတွင်ခေါ်သွားခြင်း၊ ဒေသခံပြည်သူများပိုင်ဆိုင်သော စားနပ် ရိက္ခာများ၊ အိမ်မွေးတိရိစ္ဆာန်များလည်း အခကြေးငွေမပေးဘဲ အတင်းအဓမ္မလုယူသွားခြင်းမျိုးမကြာခဏဖြစ်ပွား လျက်ရှိ သည်ဟုသိရသည်။

ယခုကဲ့သို့ ပလက်ဝဒေသတွင် ရက္ခိုင့်တပ်မတော်၏ စစ်ရေးလှုပ်ရှားမှုများနှင့်ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး CNF အထွေထွေအတွင်းရေးမှူးချူပ် ပူးဇင်ကျူံးကတော့ AA တပ်မတော်တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးပြီး ညှိနှိုင်းမရပါက တိုက်ထုတ်သွားမည်ဟု ပြောဆိုကြောင်း ချင်းဝေါလ်သတင်းဌာနတွင်ဖော်ပြထားသည်။

အစောပိုင်းတုန်းကလည်း ရက္ခိုင့်တပ်မတော်(AA)အဖွဲ့က ပလက်ဝမြို့နယ်သည် ရခိုင်ပြည်နယ်နယ်နိမိတ်အတွင်း ပါဝင် ကြောင်း၊ မိမိတို့နယ်မြေရရှိရေးအတွက် တိုက်ပွဲဝင်နေခြင်းဖြစ်သည်ဟု စည်းရုံးဟောပြောခြင်းများရှိခဲ့သည့်အတွက် ခူမီးချင်းအရပ်ဖက်လူမူအဖွဲ့အစည်းသုံးခုပူးပေါင်း၍ ကန့်ကွက်ခဲ့ကြပြီးဖြစ်သည်။

Share.

About Author

Leave A Reply

*

code