မီဇိုရမ်ပြည်နယ်အနေနဲ့ မြန်မာနိုင်ငံမှာရှိကြတဲ့ ဇိုးမျိုးနွယ်စုများထံ အတုယူသင့်စရာအများကြီးရှိတယ်လို
ပြီးခဲ့တဲ့ ဧပြီလ ၆-၇ ရက်နေ့တွင် ကလေးမြို့နယ် တာဟန်းရပ်ကွက်တွင် ကျင်းပတဲ့ Chapchar Kut ပွဲတွင် မြန်မာနိုင်ငံ ကို ရောက်ရှိလာတဲ့ Lal Thanhawla က မြန်မာပြည်ရှိ ဇိုးမျိုးနွယ်စုများနေထိုင်သည့် နေရာဒေသအသီးသီးကို သွားရောက်လေ့ လာခဲ့ပြီး သူမြင်တွေ့ခဲ့တဲ့အရာကို ယခုလို ပြောဆိုခြင်းဖြစ်သည်။
“မီဇိုရမ်ပြည်ပမှာရှိကြတဲ့ ဇိုးမျိုးနွယ်စုများဟာ ကိုယ့်အားကို ကိုးပြီး ရပ်တည်တဲ့သူ၊ အချောင်ခိုဖြင့် ငွေကိုရှာတတ်သော သူမျိုး မဟုတ်တဲ့အပေါ် မီဇိုရမ်ပြည်သူတွေအနေနဲ့ အတုယူစရာ၊ သင်ယူစရာ အများကြီးရှိတယ်။ အစိုးရအပေါ် မှီခိုရပ်တည်ရုံ သက်သက် မဟုတ်ပဲ ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်အောင် ကြိုးစားသင့်တယ်” လို့ ပြောပါတယ်။
မြန်မာနိုင်ငံအပြင် မဏိပူ၊ တီးပူရား နှင့် အနယ်နယ်အရပ်ရပ်မှာရှိကြတဲ့ ဇိုးမျိုးနွယ်စုများဟာ ကိုယ်လုပ်အားကိုစားချင်သောသူတွေ
“သူတို့တွေက အစိုးရအပေါ် မမှီခိုပဲ နေထိုင်ကြတယ်။ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ဖို့ ရုန်းကန်ကြတယ်၊ ဒါက လိုအပ်လို့လည်း လုပ်ကြတာဖြစ်နိုင်တယ်။ ဒါပေမယ့် ကျနော်တို့ကတော့ လိုအပ်ရင်လည်း မလုပ်ချင်ကြတဲ့အတိုင်းဖြစ်နေတယ်
မြန်မာနိုင်ငံမှာ ရှိကြတဲ့ ဇိုးမျိုးနွယ်စုများမှာ မိမိဒေသအတွက် လိုအပ်တဲ့အရာများဟာလည်း အစိုးရက လုပ်ပေးတာထက် ကိုယ့်ဟာကိုယ် ကြိုးစားပြီး ရလာကြတာ များပါတယ်။ ကျနော်တို့တွေကတော့ ဘာတောင်းရမလဲ၊ ဘယ် လိုတောင်းရမလဲ ဆိုတာလောက်ပဲ သိတယ်၊ အဲဒါ ကို ပညာရှိလို့ ထင်ထားကြတယ် လို့ ဆက်ပြောပါတယ်။
ဆက်လက်ပြီး မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်က တမူးခရိုင် ခမ်းပတ် မှာရှိတဲ့ ဇိုးမျိုးနွယ်စုများ အထွဏ်အမြတ်ထားရှိတဲ့ Bungpui ထိန်းသိမ်း ရှင်သန်ရေးအတွက် မီဇိုရမ်အစိုးရ အနေနဲ့ လုပ်ဆောင်သွားဖို့ အစီးအစဉ်ရှိကြောင်း နှင့် တာဟန်းရပ်ကွက်ရှိ Chapchar Kut ပွဲတော် ကျင်းပတဲ့ နေရာ ဘော်လုံးကွင်းကိုလည်း ပြုပြင် မွန်းမန်ဖို့အတွက် ငွေရေးကြေးစိုက်ထုတ်ပေးမယ်လို