ချင်းပြည်နယ်အစိုးရသစ်က ပြည်သူများ၏ လိုအပ်ချက်များ ကွင်းဆင်းလေ့လာ

0

ချင်းပြည်နယ် အစိုးရအဖွဲ့ သည် ဒေသခံချင်းပြည်သူများ၏ လိုအပ်ချက်များ သိရှိနိုင်ရန်အတွက် ချင်းပြည်နယ်ဒေသ တစ်ချို့ တွင် စတင်ပြီး ကွင်းဆင်းလေ့လာနေပြီဟု သိရသည်။ ၀န်ကြီးချူပ် ဦးဆလိုင်းလျန်လွယ် ဦးဆောင်သော ချင်းပြည်နယ် အစိုးရသစ် သည် ဧပြီလ ၁၄ နှင့် ၁၅ တွင် ထန်တလန်မြို့ နယ်၊ ဧပြီလ ၁၆၊ ၁၇ ၊ ၁၈ တွင် ဖလမ်း နှင့် ရိဒ်ခေါဒါရ်းမြို့နယ်ခွဲရှိ ကျေးရွာများတွင် သွားေ ရာက်လေ့ လာ ခဲ့ကြသည်ဟု ခရီးစဉ်သို့ လိုက်ပါသော ချင်းပြည်နယ် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအို ကပြော သည်။

“ကျနော်တို့အစိုးရသစ်ဖြစ်လာပြီဆိုတော့ ပြည်သူလူထုရဲ့လိုအပ်ချက် ဘာတွေရှိသလဲ၊ ကျနော်တို့ ဘာတွေဆောင် ရွက်ပေး နိုင်မ လဲဆိုတာသိနိုင်ဖို့ အခုလိုကွင်းဆင်းလေ့လာတာပါ၊ အောက်ခြေရဲ့ အဖြစ်မှန်လိုအပ်ချက်ကို ကွင်းဆင်းပြီးတော့မှ ချင်းပြည်သူတွေရဲ့ တကယ့်လိုအပ်ချက်၊ ဘာတွေလိုအပ်နေသလဲ ဆိုတာ သိရှိဖို့ ကွင်းဆင်းတာပါ” ဟု ဦးရွှေထီးအို ကပြောသည်။

 

အဆိုပါကွင်းဆင်းလေ့လာသည့်ခရီးစဉ်တွင် ဒေသခံချင်းပြည်သူများကလည်း ပြည်နယ်အစိုးရသစ်ကို သောင်းသောင်းဖျဖျ ကြိုဆို ခဲ့ကြပြီး ၎င်း တို့ဒေသအလိုက် လိုအပ်ချက်များကို အသီးသီးတင်ပြခဲ့ကြသည်ဟု သိရသည်။

 

“ အဓိကတော့ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရေး၊ မီးလင်းရေး၊ သောက်သုံးရေရရှိရေး၊ ပညာရေး၊ ကျန်းမာရေး အကုန်လုံးပဲ သူတို့တင်ပြတယ်၊ အဓိကတော့ လမ်း၊ ရေ၊ လျှပ်စစ်မီးကောင်မွန်စွာရရှိရေး ကိုအဓိကတင်ပြကြပါ တယ်၊ သူတို့တင်ပြ တဲ့အချက်တွေ မှာ ကျနော်တို့အစိုးရအနေနဲ့ ချက်ချင်းအကောင်ထည်ဖော်ပေးနိုင်မယ့်ဟာရှိသလို မဖော်သေး နိုင်မယ့်ဟာတွေလည်းရှိမယ် ကျနော် တို့ ဦးစားပေးလုပ်ဆောင်မယ့်အဆင့်တွေကို ခွဲဝေပြီးတော့ လုပ်ပေး ပါမယ်’’ ဟု လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကဆက်ပြောသည်။

 

ပြည်နယ်အစိုးရအဖွဲ့သည် ယနေ့တွင် ဖလမ်းမြို့ရှိ Surbung လေယာဉ်ကွင်းစီမံကိန်းသို့ သွားရောက်လေ့လာကြပြီးနောက် ညပိုင်း တွင် ဟားခါးသို့ပြန်ရောက်မည်ဟုသိရသည်။

 

ယခုခရီးစဉ်တွင် ၀န်ကြီးချူပ် ဦးဆလိုင်းလျန်လွယ်၊ လွှတ်တော်ဥက္ကဌ ဦးဇိုးဘွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေ ထီးယို၊ ဖလမ်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်အမတ် ဦးဇုန်လှယ်ထန်း၊  ပြည်နယ်စည်ပင် သာရေး ညွန် ကြားရေး မှူး ဦးတလာ ဟဲတို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ပြည် သူ့လွှတ်တော်အမတ် ချင်းအမျိုးသမီး ဒေါ်ရှားမီး၊ စစ်ကိုင်းတိုင်း ချင်းရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်တို့လည်း ပါဝင် ခဲ့ကြသည်ဟု သိရသည်။

 

ဝန်ကြီးချူပ်နှင့်အဖွဲ့သည် အိန္ဒိယ-မြန်မာနယ်စပ်မြို့ ရိဒ်ခေါဒါရ်းမြို့သို့ ရောက်ရှိကြသည့်အချိန်တွင် အခမ်းအနားဖြင့် ဒေသခံများက ကြိုဆိုခဲ့ကြပြီး တဖက်မီဇိုရမ်ပြည်နယ်မှ မီဇိုးအဖွဲ့အစည်းများကလည်း ဂုဏ်ပြုလွှာပေး အပ်ခဲ့ကြသည် ဟု သိရ သည်။

Share.

About Author

Leave A Reply

*

code