ဆိုင်ကလုန်း ရွန်နုကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့် ချင်းပြည်နယ် နှင့် နယ်နမိတ်ချင်းထိစပ်နေသော အိန္ဒိယနိုင်ငံ အရှေ့မြောက် မီဇိုရမ်ပြည်နယ်တွင် အမျိုးသမီး ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
မေလ ၂၁ ရက်နေ့ ည ၆ နာရီခန့်တွင် မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့ Zonuam ရပ်ကွက်တွင် တောင်ပေါ်မှ ပြိုကျလာ သောမြေသားကြောင့် အိမ်တစ်လုံးဖိမိကာ အိမ်ရှင်မဖြစ်သူ အသက် ၃၉ အရွယ်ရှိ Lalthlengliani ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ သမီးငယ်ဖြစ်သည့် ၈ တန်းကျောင်းသူ အသက် ၁၃ နှစ်အရွယ် Emily Lalhmangaihzuali လည်း ဆေးရုံကို အချိန်မှီပို့ ဆောင်နိုင်ခဲ့သော်လည်း ဆေရုံတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။
အဆိုပါမြေပြိုမှုကြောင့် အိမ်ပိုင်ရှင် Rualthankhuma ၏ မိခင် အသက် ၈၂ အရွယ် အဘွားအိုလည်း နံရိုးကျိုးပြီး ဆေးဝါးကုသမှုခံယူနေစဉ်တွင် သေဆုံးသည်ဟုသိရသည်။
ချင်းပြည်နယ်တွင်လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင်