ဘိုးဘွားပိုင် တောင်ဖီလာသင်္ချိုင်းမြေ ပြန်လည်ရရှိရေး ဒု-သမ္မတထံ စာပို့

0

ကလေးမြို့၊ တောင်ဖီလာရပ်ကွက်ရှိ ဘိုးဘွားပိုင် ချင်းခရစ်ယာန်ဂိုဏ်းပေါင်းစုံ သင်္ချိုင်းမြေပြန် လည်ရရှိရေးအတွက် နိုင်ငံ တော်ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူထံသို့ ယခုလ ၇ ရက်နေ့က စာပို့ထားသည်ဟုသိရသည်။

တောင်ဖီလာရပ်ကွက် နယ်မြေ(၈)တွင်ရှိသော အဆိုပါ အဆိုပါသင်္ချိုင်းမြေသည်သာသနာပိုင် မြေနေ ရာ ပုံစံ၁၀၅(က) (Land Record 105(A) ရှိထားသည့်အတွက် သိမ်းဆည်းခွင့်မ ရှိသော် လည်း မတရားအသိမ်းခံရသည့်အတွက် မူလပိုင်ရှင် ထံပြန်လည်အပ်နှံပေးရန် လယ်ယာမြေ နှင့် အခြားမြေများသိမ်းဆီးခံရမှုများ ပြန်လည်စီစစ်ရေးဗဟိုကော်မတီ ဥက္ကဌ လည်းဖြစ် သည့် ဒု-သမ္မတထံ ယခုကဲ့သို့ တင်ပြရခြင်းဖြစ်သည်ဟု တောင်ဖီလာ၊ ခရစ်ယာန် သာသာရေး ပေါင်းစုံမှ အတွင်းရေးမှူးဦးဗန်ကီးက ပြောသည်။

အဆိုပါသင်္ချိုင်းမြေနေရာတွင် ကုတင် ၂၅ ဆံ့ တိုင်းရင်းဆေးရုံးတည်ဆောက်ရန်ဟုဆိုကာ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် က ဇွန်လဆန်းပိုင်က သိမ်းဆည်းခံရပြီး ညသန်းခေါင်ချိန်တွင် သင်္ချိုင်း အုပ်ဂူများကို ကလေးခရိုင်စီမံခန့်ခွဲမှု ကော်မတီ နှင့် စည်ပင်သာယာရေးအဖွဲ့မှ ရဲအင်အား ၂၀၀ ခန်ဖြင့် စက်ယန္တယား ကြီးများဖြင့်ဖြိုချဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။

“သူတို့က တိုင်းရင်းဆေးရုံးဆောက်ဖို့ဆိုပြီးအကြောင်းပြတယ်၊ ဒါပေမယ့် ကလေးမြို့မှာက တိုင်းရင်းဆေးရုံးတစ်ရုံးရှိပြီး သားပါ၊ တကယ်လို့ဆောက်ချင်တယ်ဆိုရင် အစိုးရပိုင်တဲ့ တခြား မြေနေရာတွေအများကြီးရှိပါတယ်၊ ကျနော်တို့အပေါ် တမင်သက်သက် ညစ်ပတ် တာပါ’’ ဟု ဦးဗန်ကီးကပြောသည်။

သင်္ချိုင်းမြေသိမ်းဆည်းခံရသည့် ကိစ္စကို ယခင်အစိုးရလက်ထက်တွင်လည်း ပြည်ထောင်စု လွှတ်တော်အထိ ချင်းလွှတ် တော် ကိုယ်စားလှယ်များမှတဆင့် တင်ပြခဲ့သော်လည်း ထူးခြား မှုမ ရှိဘဲ၊ ယခုအခါ ကုတင် ၂၅ ဆံ့တိုင်းရင်းဆေးရုံကိုလည်း တည်ဆောက်ပြီးနေပြီဖြစ်သည်။

“ကျနော်တို့ ဒီအစိုးရသစ်လက်ထက်မှာတော့ အများကြီးမျှော်လင့်ထားပါတယ်၊ မတရား သိမ်းခံရ တဲ့ ဘိုးဘွားပိုင် သင်္ချိုင်း မြေကို မူလပိုင်ရှင်ထံပြန်အပ်ပေး မယ်လို့ကျနော်တို့မျှော်လင့် ချက်ရှိပါတယ်’’ ဟု ဦးဗန်ကီးကပြောသည်။

တောင်ဖီလာအရပ်ဒေသသည် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော် ၁၉၁၄ ဒီဇင်ဘာလ ၂၄ ရက်တွင် ချင်းတိုင်းရင်းသားများ ဖြစ်ကြသော ဦးလှိုင်မှူန်း နှင့် အခြားမိသားစု ၈ စုတို့မှ တောကြီးမျက် မည်းအား ရှင်းလင်းကာ ရွာတည်နေထိုင်ခဲ့ကြပြီး၊ အသိမ်းခံရသည့် သင်္ချိုင်းမြေသည်လည်း ထိုစဉ်ကတည်းက အသုံးပြုလာခဲ့ကြသော သင်္ချိုင်းဖြစ်သည်။

ယင်းမိမိတို့ဘိုးဘွားပိုင် သင်္ချိုင်းမြေပေါ်တွင် အများပြည်သူအကျိုးပြုစေမည့် အားကစား၊ စာသင်ကျောင်း၊ ပန်းခြံ နှင့် တောင်ဖီလာနှစ် ၁၀၀ ပြည့်အထိမ်းအမှတ်အုပ်ဂူများထားရှိရန် တောင်ဖီလာ၊ ခရစ်ယာန် သာသာရေး ပေါင်းစုံမှ ရှေးယခင်ကတည်းကစီစဉ်ထားခဲ့ကြသည်ဟုသိရသည်။

Share.

About Author

Leave A Reply