CTTF ကြီးမှူးပြီး ပလက်ဝ မြို့တွင် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ ကျင်းပ

0

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝ မြို့ပေါ်တွင် Chin Taung Tan Foundation ( CTTF) က ကြီးမှူးပြီး ကမ္ဘာ့ ငြိမ်းချမ်း ရေးနေ့ကို  စက်တင်ဘာ ၂၃ ရက်နေ့တွင် အောင်မြင်စွာ ကျင်းပခဲ့ကြကြောင်း သတင်းရရှိသည်။

“၂၁ ရက်နေ့မှာ ကျင်းပဖို့ဖြစ်ပေမဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ခွင့်ပြုချက် အချိန်မှီမရရှိလို့ ၂၃ စက်တင်ဘာမှာ ကျင်းပ နိုင်ခဲ့ခြင်းဖြစ်တယ် ” ဟု CTTF တာဝန်ရှိတဦးက ပြောသည်။

အခမ်းအနားကို ရိက္ခရပ်ကွက် Anglican ခန်းမတွင် ကျင်းပကြပြီး ဌာနဆိုင်ရာ လူကြီးများ၊ ခရစ်ယာန်  နဲ့ ဗုဒ္ဒဘာသာရေး ခေါင်းဆောင်များ၊ လူမှု အသင်းအဖွဲ့မှ တာဝန်ရှိများ ၅၀ ကျော်ပါဝင်ပြီး ငြိမ်းချမ်းရေးအတွက် ဆုတောင်းပွဲအားဖြင့် ကျင်းပခြင်းဖြစ်သည်ဟု သိရသည်။

“ ဒါ့အပြင် CTTF မှ Peace  စာတမ်းပါ အင်္ကျီတွေ၊ ငြိမ်းချမ်းရေး စီဒီခွေတွေအခမဲ့ လက်ဆောင်ပေးကြတယ်၊ နောက်ပြီး မြို့ပေါ်ရှိ ချင်းမျိုးနွယ်စု အလိုက်ရိုးရာဝတ်စုံများဖြင့် အေးချမ်းစွာ ကျင်းပကြတယ်” ဟု တက်ရောက်သူတဦးက ထပ်မံ ပြောပြသည်။

CTTF ဒါရိုက်တာ ဦး မန်လေးမှ CTTF ပေါက်ဖွားလာပုံ၊ ရည်ရွယ်ချက်၊ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ ဖြစ်ပေါ်လာပုံကို ရှင်းလင်း တင်ပြသွားပြီး အထူးဖိတ်ကြားထားသူများကလည်း ငြိမ်းချမ်းရေးအပေါ် သဘောထားအမြင်တွေ ဆွေးနွေးဟော ပြောကြ သည် ဟု ထပ်မံ သိရသည်။

ကက်သလစ်အသင်းတော် ပလက်ဝကျောင်းထိုင် Father ပေါလ်ထွန်းခိုင်ကလည်း နိုင်ငံတခု ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ ငြိမ်းချမ်းရေးရှိမှ သာ ဖြစ်နိုင်ကြောင်း ဘာသာရေးအမြင်အရ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆိုတာ တဦး နှင့် တဦးခွင့်လွှတ်ခြင်းမှ စတည်မှာဖြစ်ကြောင်း မှာကြားသွားသည်။

နောက်ဆုံး အစီအစဉ်များအဖြစ် တောင်တန်းသာသနာပြုဆရာတော် ဗုဒ္ဒဘာသာ ဘုန်းကြီးမှ ကောင်းချီးပေးခြင်း၊ သာသ နာ ဆရာတော်ဟောင်း ထောင်ဝှေ့မှ ကမ္ဘာ့နဲ့အတူ ပလက်ဝမြို့နယ် ထာဝစဉ်ငြိမ်းချမ်းစေကြောင်း ဆုတောင်း မေတ္တာပို့ သပေးခြင်းဖြင့် အခမ်းအနား ရုတ်သိမ်းလိုက် သည်ဟု ကြားသိရသည်။

Share.

About Author

Comments are closed.