CNF ငြိမ်းအဖွဲ့ ချင်းပြည်တောင်ပိုင်း မတူပီမြို့သို့ ဆက်လက် ထွက်ခွါ

0

May 3, 2012 by khonumthungburmese

၂ မေလ ၂၀၁၂၊ ဧပြီလ ၃၀ ရက်နေ့ ည ၁၀ နာရီတွင် ချင်းပြည်နယ် မြို့တော် ဟားခါးသို့ ရောက်ရှိသော စီအဲန်အက်ဖ် ငြိမ်းချမ်း ရေး အဖွဲ့ သည် ပြည်ထောင်စု အဆင့် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု မတိုင်ခင် ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့သို့ သွား ရောက် ကြ မည်ဟု သိရသည်။

ယင်းခရီးစဉ်သို့ ချင်းပြည်နယ် ၀န်ကြီးချုပ် နှင့် အတူ နယ်စပ်ဒေသရေးရာ လုံခြုံရေး ၀န်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီး နှင့် မတူပီမြို့နယ်မဲဆန္ဒနယ်မြေမှ ပြည်နယ်ကိုယ်စားလှယ်များလည်း လိုက်ပါသွားကြမည်ဟု သိရသည်။

“ ကျတော်တို့ မတူပီကို သွားရတဲ့အကြောင်း က ဆက်ဆံရေးရုံးကိစ္စနှင့် လူထု နှင့် တွေ့ဆုံမှု ပြုဖို့ အဓိက ဖြစ်ပါတယ်၊ အဲဒီပြီးမှ ထန်တလန်ကိုလည်း ၀င်မယ်” ဟု အဖွဲ့ ခေါင်းဆောင် ဒေါက်တာရွှေခါးက ပြောသည်။

နှစ်ဖက် အဖွဲ့သည် ချင်းပြည်နယ် ဟားခါးမြို့တွင် မေ ၈-၉ အစား မေ ၇- ၈ ရက်နေ့ အကြား ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးအဖွဲ့နှင့် ပြန်လည်တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။

စီအဲန်အက်ဖ် ငြိမ်းချမ်းရေးအဖွဲ့အား လမ်းတလျှောက် ဒေသခံ ပြည်သူများက ကြိုဆိုခဲ့ကြသည်။

စီအဲန်အက်ဖ် ငြိမ်းချမ်းရေးအဖွဲ့သည် ဧပြီ ၃၀ ရက်နေ့တွင် ဟားခါးသို့ ရောက်ရှိကြပြီး မေလ ၁ ရက်နေ့တွင် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖ တချို့နဲ့လည်း တွေ့ဆုံကြသည်ဟု သိရသည်။

Share.

About Author

Comments are closed.