ဟားခါး Rual U အဖွဲ့က OB အရက် ပပျောက်ရေး CNF မှ တာဝန်ယူသင့်ဟု ဆို

0

ချင်းပြည်နယ် မြို့တော် ဟားခါး အခြေစိုက် Rual U အဖွဲ့မှ ချင်းပြည်နယ်အတွင်း OB အရက် ပပျောက်ရေးအတွက် CNF မှ တာဝန်ယူ သင့်ကြောင်း စက်တင်ဘာ ၁၉ ရက်နေ့က အကြံပြုတောင်းဆိုလိုက်သည်ဟု သိရသည်။

ထန်တလန်မြို့ CNF ဆက်ဆံရေးရုံး တာဝန်ခံ ပူး အိပ်ခ်ျစီရာလ်ပါဝင်သည့် အဖွဲ့ဝင်လေးဦး နှင့် ဟားခါးမြို့ Rual U အဖွဲ့ တို့ စက်တင်ဘာလ ၁၉ ရက်နေ့ တွေ့ဆုံဆွေးနွေးပွဲတွင် ယခုလို တောင်းဆိုလိုက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

လက်ရှိ ဟားခါးမြို့ပေါ်မှာ OB ဆိုင် ၃ ၊ ၄ ဆိုင် ရှိကြောင်း၊ အခြားမြို့များတွင်လည်း အလားတူ ရှိကြောင်း၊ အရက်ကြောင့် ဘ၀ပျက်လူငယ်တွေ ရှိနေကြောင်း၊ အရက်သောက်သုံးသူများအနေဖြင့် အရက်ကို အကန့်အသတ်နဲ့သောက်သုံးရေး၊ အချိန်အကန့်အသတ်နဲ့ ရောင်းချရေးကို CNF က အစိုးရနဲ့ ညှိနှိုင်းပြီးလုပ်ဆောင်သင့်ကြောင်း တိုက်တွန်းကြသည်။

“ အရက်ပပျောက်ရေးဆိုတာ လုပ်ဖို့ အင်မတန်ခက်ပါတယ်၊ အခုလို အကန့်အသတ်နဲ့ စည်းကမ်းရှိရှိ လုပ်နိုင်ယင် တော့ ဒါက ကောင်းပါတယ်” ဟု ဟားခါးမြို့ပေါ်မှ အထက်တန်း ကျောင်းဆရာ  တဦးက ပြောသည်။

ယခင်နှစ်များက ချင်းပြည်နယ်အတွင်း တချို့မြို့ပေါ်များတွင် ဘာသာရေးအသင်းအဖွဲ့များက အရက်သေစာ ပပျောက်ရေး အတွက် သက်ဆိုင်ရာထံ အရက်လိုင်စင်ကို ၀ယ်ယူသိမ်းဆည်းပြီး အရက်ပပျောက်ရေးကို လုပ်ဆောင်လေ့ရှိကြောင်း ပြော ကြသည်။

ယင်းလုပ်ရပ်နှင့် ပါတ်သက်ပြီး အရက်လိုင်စင် ၀ယ်ယူခြင်းသည် သက်ဆိုင်ရာ အရက်လိုင်စင် ရောင်းပိုင်ခွင့်ရှိသူများကို အားပေး သလို ဖြစ်နေကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။

Rual U အဖွဲ့သည်  ဒေသအတွင်း လူမှုပြသာနာများ ဖြေရှင်းပေးနိုင်ရေးအတွက် ချင်းပြည်နယ်မြို့ တချို့တွင် ဘာသာရေး ခေါင်းဆောင်များ၊ ကုန်သည်ကြီး၊ မြို့မိမြို့ဖများ ဖြင့် ဖွဲ့စည်းခဲ့ကြသည်။

Share.

About Author

Comments are closed.