မြန်မာနိုင်ငံသို့ ချင်းလူမျိုးများပျံ့နံ့နေထိုင်ပုံ

0

ဆလိုင်း ချင်းဖြူ (ပလက်ဝ)

ယနေ့မြန်မာနိုင်ငံတွင် တိုင်းရင်းသား အမျိုးသား (၈) မျိုးနှင့် မျိုးနွယ်စု စုစုပေါင်း (၁၃၅) ရှိသည်ဟု သာမန်အားဖြင့် မှတ်ယူရ မည်ဖြစ်သော် လည်း၊ အသေးစိပ်တွင်မူ ထိုထက်မက အဆပေါင်းများစွာ တွေ့ရှိနိုင်မည်ဖြစ်သည်။ ချင်းလူမျိုး မျိုးနွယ်စု များကို လည်း ( ၅၃ ) ဟုဆိုင်ရာမှ ဖော်ပြထားသော်လည်း၊ ထိုထက်မက ရှိနိုင်မည်ဖြစ်သည်။

ဤအကြောင်းနှင့်ပတ်သက်၍၊ စာရေးသူအနေဖြင့် ဆွေးနွေးချက်ဆောင်းပါးတစ်ပုဒ်ကို ယမန်နှစ်၊ ဧပြီလထုတ် ချင်းအမျိုးသား ရေးရာစာစောင်တွင် ရေးသားခဲ့ပြီးဖြစ်သည်။ ၄င်းကိုမပြန်လှန်တော့ဘဲ၊ မြန်မာနိုင်ငံ အရပ်ရပ်သို့ ချင်းလူမျိုးများ ပျံ့နှံ့နေထိုင်ပုံကို လက်လှမ်းမီသမျှတင်ပြသွားပါမည်။ ချွင်းချက်တစ်ခုမှာ၊ သုတေသီများ၏အယူအဆချင်း မတူညီကြသည်ကို စာဖတ်ပရိသတ်များ သိပြီးဖြစ်၍၊ စာရေးသူ၏ ဖော်ပြချက်များအပေါ် ဝေဖန်စရာ အနည်းနှင့်အများတွေ့ရှိရမည်သာ။ ဥပမာ၊ ပါမောက္ခ ဂျီ၊ အိပ်ချ လုစ် နှင့် အက်ဖ် ကေ၊ လေမန်တို့အနေဖြင့် ချင်းလူမျိုးတို့အား မြန်မာနိုင်ငံအလယ်ပိုင်းမှ ချင်းတွင်းဖြစ်အတိုင်း ဆန်တက်ပြီး၊ အနောက်ဖက်တောင်တန်းသို့ တက်ရောက်အခြေချ ကြမည်ဟု ယူဆကြသည်။

သို့ရာတွင်၊ ၄င်းအဆိုအားလက်ခံရန် မလွယ်ကူလှချေ။ အကြောင်းမှာ၊ ဆာ၊ အေ၊ မက္ကင်ဇီ၏ ‘North-East Frontier of India’ စာမျက်နှာ ၈၁-တွင် ‘ဟူးကောင်းလွင်ပြင်အထက်တွင် ချင်းရွာဟောင်းနေရာရှိကြောင်း’ကိုလည်းကောင်း၊ G.E.Fryer ၏ On the Khyeng People of Sandoway, Arakan J.A.S.B.,1875,Part I ဆောင်းပါးပါသံတွဲခရိုင်ရှိ ချင်းများ က‘ချင်းတွင်းမြစ်အတိုင်းစုန်ဆင်းလာကြကြောင်း’အဆိုကိုထောက်၍လည်းကောင်း၊ မြောက်မြားစွာသော အချက်အလက်များ အရ သော်လည်းကောင်း၊ လူကြီးသူမများ၏ နှုတ်သမိုင်းများအရလည်းကောင်း၊ မြောက်ဖက် ဆွမ္မရာတောင် တန်းမှတောင်ဖက် နဂရေအငူအနီးထိ၊ အရှေ့ဖက် ပဲခူးရိုးမမှ အနောက်ဖက် ဘင်္ဂလား ပင်လယ်ကမ်းခြေအထိ လှည့်လည်ရွှေ့ပြောင်းနေထိုင်ကြ ကြောင်း ဖော်ပြချက်များရှိနေ၍၊ ထိုအဆိုအမိန့်များကိုသာ လက်ခံစရာအဖြစ် မှတ်ယူရပါမည်။

၁၉၃၁-သန်းခေါင်စာရင်းထုတ်ပြန်ချက်အရ၊ မြန်မာနိုင်ငံ မြေပြန့်ဒေသရှိ ချင်းလူဦးရေကို အောက်ပါအတိုင်း တွေ့ရှိပါ သည်။

၁။ သရက်ခရိုင်-          ၂၂,၈၀၃

၂။ မင်းဘူးခရိုင်-         ၂၀,၉၆၁

၃။ မကွေးခရိုင်-          ၂,၃၄၈ ( အဓိက နတ်မောက်ခရိုင်မပါ )

၎။ ပခုက္ကူခရိုင်-         ၂၂,၁၄၉

၅။ ပြည်ခရိုင်-           ၁၃,၉၅၁ (အဓိက ပဲခူးခရိုင် နှင့် တောင်ငူခရိုင်မပါ )

၆။ စစ်တွေခရိုင်-       ၂၉,၅၁၅

၇။ ကျောက်ဖြူခရိုင်-   ၁၇,၉၃၅

၈။ သံတွဲခရိုင်-           ၈,၄၂၅

စုစုပေါင်း               ၁၃၈,၀၈၇

 

အထက်ပါစာရင်းတွင် ဧရာဝတီမြစ်ဝကျွန်းပေါ်ရှိချင်းများ၊ ပခုက္ကူတောင်တန်းရှိချင်းများ၊ ရခိုင်တောင်တန်းရှိချင်းများ၊ ချင်းတောင် တန်းနှင့် အထက်ချင်းတွင်းခရိုင်ရှိချင်းများစာရင်း မပါရှိပါ။ ထိုစဉ်က

ချင်းတောင်တန်းတွင်                       ၈၅,၄၈၈၊

ရခိုင်တောင်တန်းတွင်                      ၂၀,၆၈၂၊

ယောတွင်း ( ပခုက္ကူတောင်တန်း ) တွင်    ၁၈,၁၀၀၊

အထက်ချင်းတွင်းခရိုင်တွင်                 ၁၆,၀၈၈

စုစုပေါင်း ၁၄၀,၃၅၈

မျှရှိနေနှင့်ပြီးဖြစ်သည်။ ထို့ပြင်

ပဲခူးခရိုင်တွင်                            ၂၇,၅၄၉ နှင့်

တောင်ငူခရိုင်တွင်                      ၂၇,၄၄၃၊

မန္တလေး ခရိုင်တွင်                      ၆,၃၃၆၊

ရမည်းသင်းခရိုင်တွင်                   ၇,၄၇၄၊

ကျောက်ဆည်ခရိုင်တွင်                ၅,၆၄၉၊

ပုသိမ်ခရိုင်                               ၂,၉၉၀၊

ဖျာပုံ                                      ၂၇,၇၄၅၊

မအူပင်                                   ၂၄,၅၅၅၊

သာဝတီခရိုင်                            ၉,၈၀၀၊

ဟင်္သာတ ခရိုင်                         ၃၁,၈၆၉၊

မြောင်းမြခရိုင်                           ၁၁,၈၀၄၊

ရွှေလောင်း-ပန်းတနော်ခရိုင်          ၉,၈၈၉

စုစုပေါင်း                              ၁၉၄,၁၄၃

ဤမျှသော စာရင်းကိုလည်း အထက်ပါ ၁၉၃၁-သန်းခေါင်စာရင်းအစီရင်ခံစာတွင် မတွေ့ရပါ။ အထက်ပါချင်း လူဦးရေစာရင်း ကိန်းဂဏန်းများကို ပြန်ပေါင်းလိုက်လျှင် ၄၇၂,၅၈၈ ရှိနေသည်ကို တွေ့ရပါမည်။ သို့ပင်ဖြစ်စေ၊ ၁၉၃၁-မှသည် ၂၀၁၄-ခုနှစ်ထိ နှစ်ပေါင်း ၁၀၀-နီးပါးကာလတွင် အနည်းဆုံး ချင်းလူဦးရေသည် ၁၀-ဆထက်မနည်း တိုးပွါးမည်သာဖြစ်၍၊ ယခုအချိန်တွင် မြန်မာနိုင်ငံတ၀ှမ်းလုံးရှိချင်း လူဦးရေသည် ၄၇,၂၅, ၈၈၀ ထက်မနည်း၊ ၅-သန်းမျှရှိနိုင်ပြီဖြစ်သည်။

၁၉၃၁-ခုနှစ်သည် မြန်မာပြည်အား ဗြိတိသျှ-အိန္ဒိယမှ မခွဲထုတ်မီကာလဖြစ်ပြီး၊ လူသူအရောက်အပေါက်နည်းသော ချောင်ကျသည့် ဒေသအများအပြားရှိနေသေးရာ၊ စာရင်းမကောက်ရသည့်နေရာများမှ ချင်းလူဦးရေများလည်း ကျန်ရစ်မည်ဖြစ်သည်။ ၄င်းဒေသ များမှ စာရင်းမကောက်လိုက်ရသည့်ချင်းများကို ထိုစဉ်ကာလခန့်မှန်းခြေအရ၊ အနည်းဆုံး ၃၀,၀၀၀-ခန့်ရှိနိုင်မည်ဖြစ်သည်။ သို့ဖြစ်လျှင် ချင်းတို့သည် ၁၉၃၀-ကာလတွင် ၅၀၀,၀၀၀-ထက် မနည်းနိုင်ပေ။ ယခုတွင် ၅-သန်းထက်မနည်း ရှိချေတော့ မည်ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံတ၀ှမ်းလုံးရှိချင်းများအနက် လူသိနည်းသော ဆွေမျိုးစုအချို့ကို တင်ပြသွားပါမည်။

ချင်းပြည်နယ် ဟာခါးခရိုင်နှင့် မတူပီ၊ ပလက်ဝ၊ မင်းတပ်နယ်တို့ထိစပ်ရာဒေသတွင် ဝေလောင်း၊ တမန်း၊ ဇိုလမ်နိုင်၊ မရာ၊ တအော/တအို့၊ ပွါလ်နမ် ( ခူမီးအခေါ် ပေါ်မ်နောင်၊ ခေါင်တူ၊ ခေါင်စို၊ အနူး၊ မယာ၊ ဆီတူး၊ ၀ါကောင်း၊ လိုင်ဇို၊ ခမင်း/ခမန်း၊ ကျင်ဒွေး၊ စသည်များလည်းရှိပါသေးသည်။

ပခုက္ကူတောင်တန်းတွင် ချင်းပုတ်၊ ချင်းပုန်း၊ ချင်းမဲ၊ ယင်ဒူး၊ တောင်သား၊

ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် နယ်စပ်ဒေသများရှိချင်းများ။ ။ ကောက်ကဒန်း၊ ပို၊ မုံယင်၊ ကို၊ ကယင် / ကျင်၊ စစ်တူ၊ လိုင်ဒူ၊ မတု၊ ခမိ၊ တဖန်မြေပြန့်နေ အရှိုချင်းများအခြေအနေကိုတင်ပြပါဦးမည်။ အရှိုချင်းအားဆွေမျိုး စု ၃၆၊ ပြောဆိုသုံးစွဲသော ဒေသိယ ဘာသာ စကားကွဲအုပ်စု ၄-ခုရှိရာ၊ ၄င်းတို့မှာ ကောင်းတူ၊ စွန်းတူ၊ လိုင်းတူ၊ စိုင်ဘောင် ဟူ၍ဖြစ်သည်။ ၄င်းတို့နေထိုင်ရာဒေသိယ ဘာသာကွဲ အသီးသီးတို့နေထိုင်ရာဒေသတို့မှာ-အောက်ပါအတိုင်းဖြစ်ပါသည်။

၁။ ကောင်းတူတို့သည် မင်းဘူးခရိုင် စေတုတ္တရာ၊ ငဖဲ၊ မင်းတုန်း၊ မင်းဘူး၊ မင်းလှ၊ မကွေး၊ မြင်းခြံ၊ နွားထိုးကြီး၊ ရေနံချောင်း၊ ရေနံချတ်၊ ပခုက္ကူ၊ စလင်း စသည်များ။

၂။ စွန်းတူတို့မှာ မြေပုံ၊ အမ်း၊ မင်းပြား၊ တောင်ကုတ်၊ ဂွ၊ ကျိန်တလီ၊ စစ်တွေ၊ ပေါက်တော၊ မန္တလေး၊ ကျောက်ဆည်၊ ရမည်းသင်း၊ နတ်မောက်၊ မိတ္ထိလာ၊ မြင်းခြံ၊ လယ်ဝေး စသည်များ။

၃။ လိုင်းတူများမှာ ရမ်းဗြဲ၊ မာန်အောင်၊ ကျိန်တလီ၊ လေးမျက်နှာ၊ တောင်ကုတ်၊ မြန်အောင်၊ ဟင်္သာတ၊ ပုသိမ်၊ ပန်းတနော်၊ မအူပင်၊ ဖျာပုံ၊ ဘိုကလေး၊ တိုက်ကြီး၊ မှော်ဘီ၊ ရန်ကုန် စသည်များ။

၎။ စိုင်ဘောင်များမှာ ဂွ၊ သံတွဲ၊ ကျောက်ဖြူ၊ အောင်လံ ( အာလံ )၊ သရက်၊ တောင်တွင်းကြီး၊ ပြည်၊ ကြံခင်း၊ ပန်းတောင်း၊ ပျဉ်းမနား၊ လယ်ဝေး၊ တောင်ငူ၊ ရန်ကုန် စသည်များ။

အထက်ပါစာရင်းများနှင့် လူဦးရေစာရင်းကိန်းဂဏန်းသည် တိကျမှန်ကန်သည်ဟု မဆိုနိုင်ပါ၊ ခန့်မှန်းခြေများသာဖြစ်နိုင်သည်။ လက်လှမ်းမီရာ စာရွက်စာတမ်းများ၊ လေ့လာရေးမှတ်တမ်းများ၊ စာနယ်ဇင်းများမှ တကူးတက လေ့လာစုဆောင်းရာမှ ကောက်နှုတ် တင်ပြချက်များသာဖြစ်သည်။ ၂၀၁၄-ခုနှစ်သန်း ခေါင်စာရင်းထုတ်ပြန်ချက်တွင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ လူဦးရေ စာရင်းများကိုသာ ထုတ်ပြန်ပေးပြီး၊ တိုင်းရင်းသားလူမျိုးစုကြီးများ၏ လူဦးရေစာရင်းကို နိုင်ငံတော်အစိုးရမှ မထုတ်ပြန်ဝံ့ခဲ့သည်ကို စာဖတ်ပရိသတ်များ ရိပ်မိပြီးဖြစ်ပါလိမ်မည်။

ငါတို့က ချင်းမဟုတ်၊ ကူကီး၊ ခူမီး၊ ဇိုမီး၊ မီဇိုး၊ မြို၊ နာဂ စသည်ဖြင့်ဝိ၀ါဒမကွဲသင့်ပြီ။ ချင်းလူမျိုး တစ်မျိုးတည်းသာရှိသည်ကို တသွေးတသံတည်းဖြင့် လက်ခံ၊ ခံယူသင့်ကြပေပြီ။ သို့ဆိုလျှင် သူတပါး၏လေးစား၊ ခန့်ညားရိုသေမှုကိုလည်းခံရမည်၊ နိုင်ငံရေး နယ်ပါယ်တွင်လည်း ပိုမိုအရေးပါတွင်ကျယ်လာနိုင်မည်ဖြစ်ပေသည်။ လူ့သဘာဝအရ၊ အရည်အချင်းထက် အရေအတွက်ကို ရှေ့တန်းတင်တတ်ကြစမြဲဖြစ်၍၊ ချင်းလူဦးရေကို တိကျစွာ ဖော်ထုတ်နိုင်ဖို့၊ စစ်တမ်းကောက်ယူရန်အချိန်တန်နေပြီဖြစ်သည်။ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးအစည်းအရုံးများ၊ ဘာသာရေးနှင့်သာသနာပြု အဖွဲ့အစည်းများအသီးသီးမှ ပါဝင်ပြီး၊ ဖော်ဆောင် မည်ဆိုလျှင်၊ ပိုမိုခရီးရောက်နိုင်ပေလိမ်မည်ဖြစ်သည်။

စာရေးသူလေ့လာမှတ်သားခဲ့ဖူးသည့် မှတ်တမ်းတစ်ခုတွင်၊ မြန်မာနိုင်ငံတွင် မြန်မာက ၂၀{241d12fcbf432557e829f91c0d6fd86903ac3e7007e1df33a0cc395ea774cb24}၊ ရှမ်းက ၁၀{241d12fcbf432557e829f91c0d6fd86903ac3e7007e1df33a0cc395ea774cb24}၊ ကရင်က ၁၀{241d12fcbf432557e829f91c0d6fd86903ac3e7007e1df33a0cc395ea774cb24}၊ ရခိုင်က ၅{241d12fcbf432557e829f91c0d6fd86903ac3e7007e1df33a0cc395ea774cb24}၊ မွန်က ၂{241d12fcbf432557e829f91c0d6fd86903ac3e7007e1df33a0cc395ea774cb24}၊ ချင်းက ၁{241d12fcbf432557e829f91c0d6fd86903ac3e7007e1df33a0cc395ea774cb24} ဟုဖော်ပြထားသည်ကိုတွေ့ခဲဖူးသည်။ မကြာသေးမီက နိုင်ငံတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏မိန့်ခွန်းတွင် တိုင်းရင်းသားများဒေသအသီးသီး၌ မြန်မာဦးရေကလွှမ်းမိုးနေကြောင်းပါရှိနေရာ၊ စာရေးသူအနေဖြင့်၊ တဖက်စောင်းနင်းကျလှသည်ဟု ခံစားမိသည်။ အဆိုပါမိန့်ခွန်းသည် လူမျိုးကြီးဝါဒကို အမြဲထာဝရ ကြိုးကိုင် သွားမည့် နိမိတ်ဗျာဒိတ်ပင်ဖြစ်ချေပြီ။ သို့ဆိုလျှင် ‘ဗမာတောင်ပေါ်ရောက်၊ ချင်းမြစ်ရေသောက်’ ဟူသောတဘောင်အတိုင်း ချင်းတို့သည် မိမိတို့မွေးရပ်ဒေသကိုစွန့်ခွါပြီး၊ သူတပါးတို့၏ ၀ါးမြိုခြင်းခံရန်မြစ်ကမ်းနားရှိရာ အောက်မြေအောက်ရပ်၊ မြေပြန့် ဒေသများသို့ ရွှေ့ပြောင်းနေထိုင်ကြတော့မည်လော။

ထိုအခါ၌မူ၊ ချင်းတောင်၊ ချင်းပြည်နယ်ဟူသည် စာတွင်သာထင်ကျန်ရစ်ပြီး၊ ချင်းလူမျိုးကိုကား တွေ့ရတော့မည်မဟုတ်ဘဲ၊ ‘ချင်းကကုန်ကြမ်း၊ ဗမာကကုန်ချော’ ဟူသော ပြင်သစ်စာရေးဆရာ V.C. Scott O’Connor ၏သုံးသပ်ချက်စကားသည် အမှန်ဧကန်ဖြစ်လာပေတော့မည်။

Sources:

  1. Census of India, 1931 XI, Part.I A Report by I. J. Bennison by Capt. J. H. Green
  2. A note on the Indigenous Races of Burma ( Rangoon, Government Printing Press, 1931), 198
  3. The Silken East by V. C. Scott O’Connor
Share.

About Author

Leave A Reply

*

code