CSU မှ Strengthening Student Capacity Workshop and Seminar ကျင်းပ

0

ဒေလီရောက် ချင်းကျောင်းသားများ သမဂ္ဂ မှ ကြီးမှူးပြီး Strengthening Student Capacity  Workshop and Seminar ကို အောက်တိုဘာလ ၄- ၅ ရက်နေ့က Chin Believer Church တွင်ကျင်းပခဲ့ကြရာ ၄၅ ဦး ပါဝင်တက် ရောက်ကြ သည်ဟု  သတင်းရရှိသည်။

လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေ၊ လူမျိုးစုလက်နက်ကိုင်များနှင့် မြန်မာအစိုးရအကြား ပြုလုပ် သည့် ငြိမ်းချမ်းရေးဖြစ် စဉ်များ၊ အိန္ဒိယ နှင့် မြန်မာ နှစ်နိုင်ငံ ပညာရေးခြားနားချက်၊ ဥပဒေဆိုင်ရာ များကို အဓိကထားဆွေးနွေးကြကြောင်းသိရ သည်။

“ နှစ်ရက်လုံးလုံး အားတက်သရော ပါဝင်ဆွေးနွေးကြပါတယ်၊ အင်မတန် အားရစရာကောင်း တယ် လို့ မြင်တယ်” ဟု စီအက်ဖ်ယူ ဥက္ကဌ က ပြောသည်။

လက်ရှိ CSU  ဥက္ကဌက မြန်မာ့နိုင်ငံရေးအခြေအနေကို၎င်း ဆလိုင်း Richard Ramci က မြန်မာနိုင်ငံဆိုင်ရာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာကို ၄င်း၊ Mr. Lal Lain Bik မှ Different Education System: India and Burma ကို ၄င်း၊ Mr. Van Hmun Lian ( CHRO) မှ ပညာရေး အရေးကြီးပုံ နှင့် ဒေါက်တာ တင့်ဆွေမှ လက်ရှိမြန်မာ့နိုင်ငံရေးကို သုံးသပ်ဆွေး နွေးကြောင်း သိရသည်။

ထို့အပြင် Miss Rozalinn Zahau ( EBO) က  Experience in Delhli University and Scope for fure ကို ဆက်လက် ဆွေး နွေးကြောင်း သိရသည်။

Strengthening Student Capacity  Workshop and Seminar ကို Burma Center Prague ထောက်ပံ့မှုဖြင့် ကျင်းပခဲ့ကြခြင်းဖြစ်သည်။

Share.

About Author

Comments are closed.