CBPHWT က ဆေးဝါး အားကိုးမှု လျှော့ချရန် တောင်းဆို

0

May 14, 2012 by khonumthungburmese

Chin Bagpack and Health Worker Team က ချင်းပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်နေ သူများအား ရေရှည်တည်တံ့သည့် ကျန်းမာရေးစောင့် ရှောက်မှုဖြစ်ပေါ်လာစေရေး အတွက် ဆေးဝါး အားကိုးမှု လျှော့ချ ရန် တောင်းဆို လိုက်သည်။

ကျန်းမာရေးလုပ်သားများ၊ ကျန်းမာရေးကော်မတီဝင်များ၊ ရိုးရာ လက်သည်များ၊ ဖွံ့ဖြိုးရေးလုပ်သား များ စုစုပေါင်း (၅၈)ဦး ပါဝင်သည့် ချင်းနယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားများ အသင်း ဦးစီးသော ကျန်းမာရေးစောင့် ရှောက် မှုစနစ် အလုပ်ရုံဆွေးနွေးပွဲကို အိန္ဒိယမြန်မာနယ်စပ် တနေရာတွင် ၂၀၁၂ မေလ (၇) ရက်နေ့မှ (၉) ရက်နေ့အထိ (၃) ကြာ ပြုလုပ်ကျင်းပရာ မှ ယခုကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ဒေသတွင်း အဖြစ်များသောရောဂါများ၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း များ ဆိုင်ရာ အဓိက ဆွေးနွေးပြီး မိမိတို့ ဒေသအတွက် ပိုမို ထိရောက်လာစေရန် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ တွင် ပြည်သူလူထု အခန်း ကဏ္ဍ ကို အတတ်နိုင်ဆုံး မြင့်တင်ရန် ဆန္ဒရှိကြပါသည်။

ချင်းပြည်နယ်နယ်စပ်ဒေသကျေးရွာများတွင်  MERLIN, CARE MYANMAR, Chin Backpack Health Workers’ Team, Health and Hope Society တို့သည် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို လုပ်ကိုင်ပေး လျှက်ရှိရာ တွင် မတူညီသော ကုထုံး၊ မတူညီသော ဆေးဝါးများကို အသုံးပြု လျက်ရှိကြ သည်။

“ အဲဒါက ရေရှည်မှာ လူထုအတွက် အန္တရာယ်ဖြစ်လာနိုင်တယ် ၊  ကျန်းမာရေး အသိပညာအား နည်းတဲ့ဆင်း ရဲသား ဒေသခံများအတွက် အခိုက်အတန့်ကောင်းပေမဲ့ တဖက်မှာ လူနာတွေဟာ ဆေးဝါးအမျိုးမျိုးနဲ့စမ်းသပ်ခံနေကြ ရသလိုပါပဲ၊” ဟု နယ်လှည့်ကျောပိုးအိတ်အဖွဲ့ ဒါရိုက်တာ ဆလိုင်း ဒေါ့မန်းက ပြောသည်။

အလုပ်ရုံဆွေးနွေးပွဲရလဒ်အရ ဒေသတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်နေသူများ အနေဖြင့် ကုသမှု လမ်းညွန်တစ် ခု ကို အသုံးပြုရန် နှင့် လူထုပိုင်ဆိုင်သော ကျန်းမာရေးစောင့် ရှောက်မှုစနစ်ဖြင့် ဒေသ ခံလူထုပါဝင် ၍ ဒေသခံလူထုအတွက်  ရေရှည် တည်တံ့ခိုင်မြဲသော ကျန်းမာရေးလုပ်ငန်းများ ဖြစ်ပေါ်လာစေရန် ဆက်လက်တောင်း ဆိုလိုက်ကြသည်။

Share.

About Author

Comments are closed.