ချင်းအမျိုးသားနေ့ကို နိုင်ငံတော်အဆင့် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ခွင့်မပြု

0

ချင်းလူမျိုးများ၏ နေ့ထူးနေ့မြတ်တစ်ရက်ဖြစ်သည့် ဖေဖော်ဝါရီလ (၂၀) ရက် ချင်းအမျိုးသားနေ့ကို နိုင်ငံတော်အဆင့် တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ရန် ပြည်ထောင်စုအစိုးရမှ ခွင့်မပြုသေးကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ထံ မှသိရသည်။

ချင်းအမျိုးသားနေ့ကို တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ရန် ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့က ကျင်းပပြုလုပ်သော ချင်းပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ZCDပါတီမှ တီးတိန်မြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦး ထန်ဒိတ်ခုပ်မှ အဆိုတင်သွင်းခဲ့ရာမှာ မတ်လ ၂၈ ရက်နေ့ လွှတ်တော်အစည်းအဝေးတွင် အတည်ပြုဆုံးဖြတ်ခဲ့ကြသည်။

ယင်းဆုံးဖြတ်ချက်အရ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို နိုင်ငံတော်အဆင့် ရုံးပိတ်ရက်အဖြစ် တရားဝင်သတ်မှတ်ပေးရန် ပြည်ထောင်စုအစိုးရ ထံသို့ တင်ပြခဲ့သော်လည်း ယခုလက်ရှိအနေအထားအရ မြန်မာနိုင်ငံတွင် ရုံးပိတ်ရက်များနေသည့်အတွက် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ရန် အခက်အခဲရှိနေသေးကြောင်း အကြောင်းပြန်ကြားခဲ့ သည်ဟု ချင်းပြည်နယ် လူမှုရေး ၀န်ကြီး ဦးပေါင်လွန်မင်ထန်ကပြောသည်။

“ နိုင်ငံတော်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးဖို့ တင်ပြတာ အခုက ရုံးပိတ်ရက်က များနေတော့ ချင်းကို ထပ်ပေးမယ်ဆိုရင် တခြားတွေလည်းလာမယ် ရက်ပေါင်း ၃၆၀ မှာ သုံးပုံတစ်ပုံ လောက်က ရုံးပိတ်ရက်ဖြစ်နေတယ် ဒါကြောင့် ဒီတိုင်းပဲ ဆက်သွားဖို့ သူတို့က ပြန်ဖြေလိုက်တာပေါ့” ဟု လူမှုရေး ၀န်ကြီးကပြောသည်။

နှစ်ပေါင်း(၇၀) သက်တမ်းရှိပြီဖြစ်သည့် ချင်းအမျိုးသားနေ့ကို နိုင်ငံတော်အဆင့် ရုံးပိတ်ရက်အဖြစ် မသတ်မှတ်နိုင်သေးပါက ချင်းပြည်နယ်အတွင်း တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်သင့်သည်ဟု တီးတိန်မြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦး ထန်ဒိတ်ခုပ်ကပြောသည်။

“ အဲဒီတုန်းကလည်း ပြည်ထောင်စုအဆင့်တော့မဟုတ်ရင်တောင်မှ ချင်းပြည်နယ်အတွင်းတော့ တရားဝင် ရုံးပိတ်ရက် အဖြစ်သတ်မှတ်ရန်ဆိုပြီး ကျနော်ထပ်လောင်းပြီးတော့တင်ပြတာလေ ပြည်နယ်ထဲမှာတော့ လုပ်ပိုင်ခွင့်ရှိမှာပါ သူတို့လုပ် ချင်မလုပ်ချင်ကတော့ သူတို့သဘောပေါ့’’ ဟု ဦးထန်ဒိတ်ခုပ်ကပြောသည်။

Share.

About Author

Leave A Reply

*

code