မြို့တော်ဟားခါးတွင် ၃၅၀ ဦး ပါဝင်သည့် ကမ္ဘာ့ဆရာများနေ့ ကျင်းပ

0

အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာ များနေ့ အခမ်းအနားကို ချင်းပြည် နယ်မြို့တော်ဟားခါးရှိ Pu Con Bik Hall တွင် အောင်မြင်စွာကျင်းပကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ချင်းပြည်နယ် ၀န်ကြီးများ၊ ဟားခါးမြို့ပေါ် ဌာနဆိုင်ရာ အရာရှိများ၊ ကိုယ်ထူကိုယ်ထ ပညာရေး ဘော်ဒါဆောင်မှ တာဝန်ရှိများ အပြင် ချင်းပြည်နယ်မြို့နယ် ပညာရေး မှူးများ စုစုပေါင်း ၃၅၀ ခန့်ပါဝင်တက်ရောက် ကြောင်း သိရသည်။

“ ချင်းပြည်နယ်အတွင်း သက်ရှိထင်ရှား အသက် ၇၀ ကျော် ပင်စင်စား ကျောင်းဆရာ၊ဆရာမကြီး ၄၈ ဦး အနက် ၂၂ ဦး သာ ပါဝင်တက်ရောက်နိုင်ခဲ့တာပါ ” ဟု ဖြစ် မြောက်ရေးကော်မီတီဝင် တဦး က ပြောသည်။

အခမ်းအနားတွင် အသက် ၇၀ ကျော် ပင်စင်စား ကျောင်းဆရာ၊ ဆရာမများ ရိုသေလေးစား သမှုပြုသည့် အနေဖြင့် လက် ဆောင်များနှင့် ကျပ်ငွေ တသောင်းခွဲစီ ဂါရ၀ ပြုခဲ့ကြသည့် အပြင် ကျောင်းသူကျောင်းသားများအတွက် စာစီစာကုံးနှင့် ကဗျာ ရွတ်ဆိုပြိုင်ပွဲများ ကျင်းပပေးကြောင်း ဒေသထုတ်သတင်းစာတွင် ထပ်မံ ဖော်ပြထားသည်။

၁၉၆၆ ခုနှစ် အတွင်း ILO နှင့် UNESCO တို့ ပူးတွဲကျင်းပသော ညီလာခံ၏ အကြံပြုချက်ဖြင့် ၁၉၉၄ ခုနှစ်တွင် UNESCO က အတည်ပြုပေးရာမှ  ကမ္ဘာ့ဆရာများနေ့ ဖြစ်ပေါ်လာသည်။

ရည်ရွယ်ချက်မှာ ဆရာများ၏ ဘ၀နှင့် ဆရာအလုပ်အကိုင် အရည်အသွေး တိုးတက်မြင့်မား လာစေရန် နှင့် ပညာရေး အဆင့်အတန်း မြင့်မားလာစေရန် ဖြစ်ပြီး ယခုနှစ် ကမ္ဘာ့ဆရာများနေ့ ဆောင်ပုဒ် အဖြစ် “ ဆရာများအတွက် ရပ်တည်ပါ ”(Take a stand for teachers! ) ဟူ၍ ဖြစ် သည်။

Share.

About Author

Comments are closed.