Chin Advocacy Group ခေါ် ဘာသာရေးစောင့်ကြည့်မှု အဖွဲ့ ဖွဲ့စည်း

0

May 14, 2012 by khonumthungburmese

မေလ ၁၂ ရက်နေ့က ရန်ကုန်မြို့တွင် Chin Advocacy Group ကို ချင်းလူငယ်များက ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။

ချင်းလူမျိုးများအတွင်း လူမျိုးရေးအရ သော်လည်းကောင်း၊ ဘာသာရေးအရသော်လည်ကောင်း အစိုးရအဆက်ဆက်မှာ ခွဲခြားဆက်ဆံမှုများ၊ ဆုံးရှူံးမှုများရှိနေသည်ကို ဖော်ထုတ်ရေး ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

“ ချင်းပြည်နယ်အတွင်း ဘာသာရေးဆိုင်ရာ အနီးကပ် လေ့လာစောင့်ကြည့်မှာဖြစ်တယ်” ဟု ကော်အော်ဒီနေတာ ဆလိုင်း အမ် ကျုံးက ပြောသည်။

ယခင်နှစ်ဇူလိုင်လအတွင်း ကန်ပက်လက်မြို့နယ်၊ ယခုနှစ် ဧပြီလအတွင်း ဟားခါးမြို့ပေါ် ရုန်းတောင် နှင့် တီးတိန်မြို့နယ် မွလ်ဘဲန်ရွာရှိ လက်ဝါးကားတိုင်များဖျက်ဆီးမှူများ သည် ဘာသာရေးအရ ခွဲခြားဆက်ဆံမှုများဖြစ်ကြောင်း CAG က သုံးသပ်သည်။

ယင်းကိစ္စနှင့်ပါတ်သက်ပြီး ဟားခါးနှင့် ထန်တလန်ဒေသခံများမှ လူထု ၅၀၀၀ လက်မှတ်ရေးထိုးပြီး နိုင်ငံတော် သမ္မတ ထံ စာတင်ရန် ပြင်ဆင်ပြီးဖြစ်ကြောင်းလည်း သိရသည်။

CAG တာဝန်ရှိများကို အောက်ပါအတိုင်း ဗုဒ္ဒဘာသာ၊ ခရစ်ယာန်ဘာသာ၊ နတ်ဘာသာ ၀င်များပါဝင်စေ ပြီး ဒေသ အလိုက် ရွေးချယ်ကြသည်။

ဆလိုင်း အမ်ကျုံး – ကိုအော်ဒီနေတာ ( ထန်တလန်)

အိုင်ချင်းပေါင် – လက်ထောက်ကိုအော်ဒီနေတာ ( တီးတိန်)

ဦးလင်းထွန်း – လက်ထောက်ကိုအော်ဒီနေတာ ( ပလက်ဝ)

ဆလိုင်း မျိုးချစ် ( ကန်ပက်လက်)

ဗန်ဘွေးလျန် ( ဟားခါး)

ဦးထန်လောကွီး ( မင်းတပ်)

ဦးအိုက်စောမြ ( ပလက်ဝ)

မိုင် ချော်လှေပါရ် ( ဖလမ်း)

ဆလိုင်းကျဲဘိခ်ထောင်း ( ရန်ကုန်) Trustee

Share.

About Author

Comments are closed.