ချင်းပြည်နယ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၁၂) ဦး ဖမ်းဆီး

0

မြန်မာ-အိန္ဒိယ အမှတ်(၂) နယ်စပ်ကုန်သွယ်ရေးစခန်း ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့တွင် အိန္ဒိယနိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ ခိုးဝင်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၁၂)ဦးနှင့် ခေါ်ဆောင်လာသူ မြန်မာနိုင်ငံသား(၂)ဦးတို့အား အောက်တိုဘာ ၁၈ ရက် နံနက် ၄ နာရီခွဲတွင် ဖမ်းဆီးရမိကြောင်း ရိခေါဒါရ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုဦးစီးမှူးဦးလာလ်ပက်လောမ်မာထံမှ သိရသည်။

မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်ချစ်ကြည်ရေးတံတားသည် ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်း ဖြတ်သန်းသွားလာခွင့်မရှိပြီး အိန္ဒိယနိုင်ငံဘက် မြန်မာနိုင်ငံဘက်သို့ နံနက် ၄ နာရီကျော်တွင် ၀င်ရောက်ခြင်းကြောင့်အဖမ်းခံရခြင်း ဖြစ်သည်။

“အိန္ဒိယနှစ်နိုင်ငံနယ်စပ်ချစ်ကြည်ရေးတံတားဘေးမှာ ကင်းပုန်းဝပ်စောင့်ဆိုင်းပြီးတော့ တံတားဘေးသံဘောင် အပြင်ဘက်မှ မြန်မာနိုင်ငံ အတွင်းသို့ ခိုးဝင်ရောက်လာကြတယ် အဲဒါမျိုးဆိုတော့တရားမ၀င်ဘူးပေါ့နော် အဲဒါကြောင့်ဖမ်းတာပါ” ဟုသူကပြောသည်။

အဖမ်းခံရသူများမှာ မြန်မာနိုင်ငံသား အဘ ဦးကျော်သိန်း၏ သား ကျော်အေးနိုင်(အသက် ၄၈နှစ်) ဇေယျသုခလမ်း၊ (၁၀၇)ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့နှင့် ၎င်းခေါ်ဆောင်လာသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား(၅) ဦး (ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၊ ရခိုင်လူမျိုးများ)ဖြစ်ပြီး ရန်ဂါမတီ (Rangamati)ခရိုင်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ နေထိုင်သူများဖြစ်သည့် အဘ ဦးဟွန်ဂျာလင်၏သား ဒါနီရယ်တီလူးရာ (အသက် ၂၃နှစ်)၊ အဘ ဦးဘီရွန်ဂျော်ဂရာ၏ သား ဟာမွန်နီတီလူးရာ (အသက် ၂၂ နှစ်)၊ အဘ ဦးဟာဇောနယ်ရာ၏သား ဟလမ်ဟာတီလူးရာ (အသက် ၂၂ နှစ်)၊ အဘ ဦးကရောထွေအော်၏သား ဆာဒိုအန် (အသက် ၂၃ နှစ်) နှင့် အဘ ဦးဘူးတို့ခနု၏သား ထွက်ကရောဂျင် (အသက် ၂၅ နှစ်)တို့အား လည်းကောင်း၊ မြန်မာနိုင်ငံသားဖြစ်သည့် အဘ ဦးသာထွန်းအောင်၏သား ဇော်မင်းအောင် (အသက် ၃၈ နှစ်) ချယ်ရီလမ်း၊ ဘုရားသုံးဆူရပ်ကွက်၊ လှည်းကူးမြို့နယ်၊ ရန်ကုန်မြို့ နေထိုင်သူ ခေါ်ဆောင်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၇)ဦး၊ ရန်ဂါမတီ (Rangamati)ခရိုင်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌နေထိုင်ပြီး ရခိုင်လူမျိုးများ ဖြစ်သည့် အဘ ဦးမေဒု၏သား Hla Sui Ching Marma (အသက် ၂၆ နှစ်)၊ အဘ ဦးအောင်ထွန်းရီ၏သား Pai Sa Thui Marma (အသက် ၂၃ နှစ်)၊ အဘ ဦးနိန်လာအောင်၏သား U Sa Thuai Marma (အသက် ၃၀ နှစ်)၊ အဘ ဦးထွန်သေ၏ သား Shchingu (အသက် ၃၁ နှစ်)၊ အဘ ဦးမောင်လှဖြူ၏သား Chaindu Aong Marma (အသက် ၂၅ နှစ်)၊ အဘ ဦးသာထွန်းခို၏သား U Shiching Marma (အသက် ၂၅ နှစ်)နှင့် အဘ ဦးဒေါဘန်အောင်၏သား Thaing Hla Saing Marma (အသက် ၂၁ နှစ်)တို့၊ မြန်မာနိုင်ငံသား(၂)ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၁၂)ဦးတို့ဖြစ်သည် ရိခေါဒါရ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အွန်လိုင်းစာမျက်နှာတွင်ဖော်ပြထားသည်။ 

အဆိုပါ တရားမဝင် ခိုးဝင်လာသည့် မြန်မာနိုင်ငံသား(၂)ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သား (၁၂)ဦး၊ စုစုပေါင်း (၁၄)ဦးတို့အား အမှုဖွင့်အရေးယူနိုင်ဆောင်ရွက်ရေးအတွက် ခလရ (၂၂၈)တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သန်းထွန်းအောင်၊ လဝက ဦးစီးမှူး ဦးတေဇာလင်းနှင့် ရိခေါ်ဒါရ်နယ်မြေရဲစခန်းမှူး ရဲအုပ် ဇော်ဇော်ကျော်တို့မှ စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ရိခေါဒါရ်မြို့ရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟု သိရသည်။ ဓာတ်​ပုံ – ရိ ပြန်​\ဆက်

Share.

About Author

Leave A Reply

*

code