ပလက်ဝမြို့တွင် ခရစ်ယာန်ဂိုဏ်းပေါင်းစုံမှ ငြိမ်းချမ်းရေးဆုတောင်းပွဲ ကျင်းပ

0

မြန်မာနိုင်ငံနှင့် ပလက်ဝမြို့နယ် ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ပြီး ဆုတောင်းပွဲကို ပလက်ဝမြို့ပေါ်ရှိ ခရစ်ယာန် ဂိုဏ်းပေါင်းစုံ ဦးစီးဦးဆောင်မှုဖြင့် အောက်တိုဘာလ (၂၁) ရက်နေ့က မြို့နယ်အားကစားခန်းမဆောင်တွင် ကျင်းပခဲ့ရာ ပြည်သူ (၅၀၀) ခန့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။

“အဓိက မြန်မာနိုင်ငံနေရာတချို့မှာ မငြိမ်မသက်ဖြစ်ခြင်းနှင့်အတူ ပလက်ဝမြို့နယ်အတွင်းမှာလည်း နှစ်အတော်ကြာ စစ်ပွဲများဖြစ်ခြင်း၊ လူထုအများ စစ်ရေးဒဏ်ခံနေရခြင်း စတဲ့ မငြိမ်မသက်မှုတွေ ဖြစ်နေရတဲ့အတွက် ယခုလို ငြိမ်းချမ်းတဲ့တရားနှင့်အတူ အထူးမေတ္တာပို့ ဆုတောင်းပွဲများ ကျင်းပရခြင်းဖြစ်တယ်” လို့ PCC ဥက္ကဌ မှ ပြောဆိုကြောင်း ခူမီးမီဒီယာတွင် ဖော်ပြသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်လက်နက်ကိုင် (AA) တို့ ၂၀၁၅ ခုနှစ် မတ်လ (၂၈) ရက်မှစတင်၍ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း နှစ်ဖက်ရင်ဆိုင်တိုက်ပွဲဖြစ်ခြင်း၊ စစ်ရေးလှုပ်ရှားမှုများ ယနေ့အချိန်ထိ ရှိနေသေးကြောင်းသိရပြီး ၄င်းအပြင် ယနေ့အချိန်ထိ ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲဒဏ်ကြောင့် မိမိနေရပ်သို့ မပြန်နိုင်သည့် ကျေးရွာများလည်း ရှိနေသေးကြောင်း သိရသည်။

ယခုကဲ့သို့ စစ်ရေးမတည်ငြိမ်သည့် ပလက်မြို့နယ်ရှိ နယ်စပ်ကျေးရွာအချို့တွင် တောင်ယာလုပ်ငန်း ကောင်းမွန်စွာလုပ်ကိုင်နိုင်ခြင်း မရှိတော့သည့်အတွက် စားဝတ်နေရေးအခက်အခဲများစွာ ကြုံတွေ့နေကြရကြောင်းနှင့် အချို့သောမိသားစုများမှာ မြို့နှင့်နီးစပ်ရာများတွင် ပြောင်းရွေ့နေထိုင်နေကြရကြောင်းလည်း ထပ်မံသိရသည်။

မြန်မာ့တပ်မတော်နှင့်ရက္ခိုင့်လက်နက်ကိုင် (AA) တို့ တိုက်ပွဲကြောင့် မိမိနေရပ်သို့ မပြန်နိုင်ကြသည့် ကျေးရွာများမှာ ကုန်ပြင်၊ ပီတောင်၊ ကူချောင်းဖျား၊ လန်ဒန်ကျေးရွာတို့ဖြစ်သည့်အပြင် အိမ်နီးချင်းနိုင်ငံဖြစ်သော အိန္ဒိယနိုင်င၊ံ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့နယ်တွင် ထွက်ပြေးတိမ်းရှောင်လာသူ ဦးရေ (၂၀၀) ကျော် ယနေ့အချိန်ထိ ရှိနေသေးကြောင်းလည်း သိရသည်။

Share.

About Author

Leave A Reply

*

code