ကလေး-ဖလမ်း ကားလမ်းတွင် ယာဉ်တစ်စီးတိမ်းမှောက်၊ ကလေးငယ်တစ်ဦးသေဆုံး

0

ကလေးမြို့မှ ဟားခါးမြို့သို့ တက်သွားသော ကိုယ်ပိုင်ယာဉ်ကားတစ်စီးသည် အောက်တိုဘာလ (၂၄) ရက်နေ့ ညနေပိုင်းက ဖလမ်းမြို့နယ်၊ လုန်ဘမ်းရွာမှ မဏိပူရမြစ်၊ ဗာရ်တံတားအဆင်းတွင် ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ ပေ (၁၀၀) ကျော်နက်သည့် ချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ပြီး အသက် (၄) နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးကာ (၅) ဦး ဒဏ်ရာရရှိသည်ဟု သိရသည်။

ဟားခါးမြို့နေ ဦးဗန်ရာလ်ထန်သည် ၎င်း၏ဇနီး ဒေါ်မားချန်၊ သမီးနှစ်ယောက် မကယ်ရိုလိုင်း (၈) နှစ်၊  မကေသရိန်း (၄) နှစ်၊ ဒေါ်မာချန်၏ ညီမတို့သားအမိတို့နှင့်အတူ နိုင်ငံခြားမှရောက်ရှိလာသော ဆွေးမျိုးများထံ သွားရောက်လည်ပတ်ခဲ့ပြီး အပြန်လမ်းတွင် ယခုကဲ့သို့ ကားမတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်သို့လိုက်ပါလာသည့် အသက် (၄) နှစ်အရွယ် မကေသရိန်းမှာ ဦးခေါင်းထိခိုက်ဒဏ်ရာကြောင့် သေဆုံးသွားကာ ယာဉ်မောင်းအမျိုးသားနှင့် အမျိုးသမီး (၄) ဦးတို့သည်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်ဟု သိရသည်။

သေဆုံးသည့် ကလေးငယ်၏ ရုပ်အလောင်းကို ဟားခါးမြို့နေအိမ်သို့ ပို့ဆောင်ပြီး ယနေ့မွန်းလွဲပိုင်းတွင် သဂြိုင်္လ်ကြမည်ဟု သိရသည်။

Share.

About Author

Leave A Reply

*

code