ဧ၀ံဂေလိတရားဟောဆရာကို သက်ငယ်မုဒိမ်းမှုဖြင့် ထောင်ဒဏ် (၄၃) နှစ် အမိန့်ချ

0

by – လားနွန်

သက်ငယ်အမျိုးသမီးငယ် (၂) ဦးအား အဓမ္မပြုကျင့်မှုဖြင့် တရားစွဲဆိုခံထားရသည့် ဧ၀ံဂေလိ တရားဟောဆရာ Lal Biak Lar (ခေါ်) Lar Boih ကို ကလေးမြို့တရားရုံးက ထောင်ဒဏ် (၄၃) နှစ် အမိန့်ချမှတ်လိုက်သည်။

ကလေးခရိုင်တရားရုံးက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ (မုဒိမ်းမှု)၊ ၃၂၃ (နာကျင်စေမှု)၊ ၅၀၆ (ခြိမ်းခြောက်မှု)၊ ၃၇၆/၅၁၁ (မုဒိမ်းပြုကျင့်ရန်ကြိုးစားအားထုတ်မှု) တို့ဖြင့် ထောင်ဒဏ် (၄၃) နှစ်ကျခံစေရန် ယနေ့တွင် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

ဧဝံဂေလိတရားဟောဆရာ Lar Boih သည် ဖလမ်းမြို့နယ်မှ ကလေးမြို့နယ်၊ လက်ပံချောင်းကျေးရွာရှိ ၎င်းတို့နေအိမ်တွင် လာရောက်နေထိုင်ကြသော မိုင်…. (၁၅နှစ်) ကို ၂၀၁၅ ခုနှစ် ဇွန်လပိုင်းမှာလည်းကောင်း၊ မိုင်…. (၁၄နှစ်) ကို ၂၀၁၈ ခုနှစ် ဧပြီလမှာလည်းကောင်း အဓမ္မပြုကျင့်သည့်ဟုဆိုကာ ကာယကံရှင်ကလေးမိဘများကိုယ်တိုင်မှ တာဟန်းရဲစခန်းတွင်၂၀၁၈ ခုနှစ်ဧပြီလ (၁၃) ရက်တွင် အမှုဖွင့်ပြီး အရေးယူထားခြင်းဖြစ်ပြီး ယခုကဲ့သို့ အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင်လည်း ကလေးမြို့၊ အင်ဒိုင်းကုန်းရပ်ကွက်နေ ဦးထန်ထွမ်းမာ (Thangthuama) (၄၅) နှစ်က (၁၁) နှစ်အရွယ် တူမလေးကို မုဒိမ်းမှုကျူးလွန်ခဲ့သောကြောင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ (၂၀) နေ့တွင် ကလေးခရိုင်တရားရုံးမှ ထာင်ဒဏ် (၂၂) နှစ်ချမှတ်ခဲ့သည်။

Share.

About Author

Leave A Reply