ဝန်ထမ်းလစ်လပ်နေရာအတွက်လျှောက်လွှာတစုံ ကျပ်ငွေ ၃၀၀၀ အား ကျပ်ငွေ ၁၅၀၀ သို့ လျှော့ချ

0

ယခုလ အောက်တိုဘာအတွင်း ချင်းပြည်နယ်မတူပီမြို့နယ် ပညာရေးမှူးရုံးမှ ဝန်ထမ်းလစ် လပ်နေရာ အတွက် လျှောက်လွှာ တစုံအတွက် ကျပ်ငွေ ၃၀၀၀ တောင်းထားသည်ကို ကျပ်ငွေ ၁၅၀၀ သို့ လျှော့ချလိုက်ကြောင်း သိရသည်။

လျှောက်လွှာခ ကျပ်ငွေ ၃၀၀၀ တောင်းထားသည့် ကိစ္စ မိဘပြည်သူများ မကျေနပ်ချက်များကို မတူပီမြို့ အထက (၁) နှင့် အထက ၂ မှ ကျောင်းအုပ် ဆရာကြီး နှစ်ဦးတို့က ကျောင်းဆရာများ၊ ရုံးဝန်ထမ်းများမှ တဆင့် လျှောက်လွှာရှင်များအား ကျပ်ငွေ ၁၅၀၀ ကို ပြန်လည် ထုတ်ပေးရန် ညွန်ကြားခဲ့သည်။

“ ကျောင်းအုပ်ကြီးက ကျမတို့ကို ခေါ်ယူပြီး ကျပ်ငွေ ၁၅၀၀ ကို လျှောက်လွှာရှင်တွေ ပြန်လည် ထုတ်ပေးဖို့ပြော တယ်၊ လျှောက်လွှာရှင် စုစုပေါင်း ၄၀၀ လောက်ရှိတယ်၊်”  ဟု ကျောင်းဆရာမ တဦးက ပြော သည်။

ထို့အပြင် ရုံးဝန်ထမ်းများသည် ကျောင်းပြောင်းလက်မှတ်တစောင်အတွက် ကျပ်ငွေ ၆ ထောင် မှ ကျပ်ငွေ (၁) သောင်း၊ ၁၀ တန်းအောင်လက်မှတ် တစောင်အတွက် ကျပ်ငွေ ၂၀၀၀ စီ ကောက်ခံလျက်ရှိကြောင်း သိရသည်။

“တချို့ ဆင်းရဲနွမ်းပါးသူတွေက အဲဒါတွေအတွက် ၅ ရာခိုင်နှုန်းအတိုးနဲ့ ချေးယူနေကြတယ်” ဟု မတူပီမြို့ပေါ် စန် ဘောင် ရပ် ကွက်နေ မိဘပြည်သူ တဦးက ပြောသည်။

ထို့အပြင် ပြီးခဲ့သည် စက်တင်ဘာလအတွင်းက ကျောင်းသားကျောင်းသူများ စီးနေသည့် မော်တော်ဆိုင်ကယ်များကို သက်ဆိုင်ရာမှ စစ်ဆေး ပြီး ငွေကောက် မှုများလည်း ရှိနေကြောင်း ပြောကြသည်။

Share.

About Author

Comments are closed.