CNF ငြိမ်းချမ်းရေးကိုယ်စားလှယ်များအား ကလေး- ကဘော် ချင်းလူမျိုးများ ကြိုဆို

0

 

ဒုတိယအကြိမ်ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဆွေးနွေးမည့် CNF ငြိမ်းချမ်းရေး ကိုယ်စား လှယ်များအား စစ်ကိုင်းတိုင်း ကလေးမြို့နေ ချင်းပြည် သူလူထု က သောင်းသောင်း ဖျဖျကြို ဆိုကြသည်။


ဒီဇင်ဘာ ၄ ရက်နေ့ညနေ ၄း၃၀ နာရီတွင် ကလေးမြို့သို့ ရောက်ရှိလာသည့် CNF ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေကို ကလေးမြို့ရှိ Chin Baptist Association(CBA) ဦးဆောင်မှုဖြင့် ဟားခါး၊ ဖလမ်း၊ တီးတိန်၊ လူရှိုင်း မျိုးနွယ်စု တွေက ကြို ဆိုကြခြင်း ဖြစ်သည်။CBA မှ ညစာတည်ခင်း ဧည့်ခံပွဲတွင် CNF ဥက္ကဌ Dr. ZaHleithang က CNF ဟာ ချင်းတမျိုးသားလုံးကိုယ်စားပြုသည့် အမျိုးသားတော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သောကြောင့် မိမိကိုယ်တိုင်လည်း CNF မှာ ပါဝင်ခြင်းဖြစ်ကြောင်း၊ ပြည်သူလူထုအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ မိမိတို့နဲ့ လက်တွဲပြီး ပါဝင်စေလိုကြောင်း ပြည်သူလူထုကို တိုက်တွန်း ပြောဆိုခဲ့သည်။CBA အထွေထွေအတွင်းရေးမှူး Rev Ni Lian ကလည်း CNF နဲ့ အစိုးရအကြား ငြိမ်းချမ်းရေးကိစ္စ အောင်မြင်ဖို့ ဒီဇင်ဘာ လ ၂ ရက်နေ့မှာ လူထု ဆုတောင်း ပွဲပြုလုပ်ခဲ့ကြောင်း CNF ရဲ့ အမျိုးသားနိုင်ငံရေးလှုပ်ရှားမှုအပေါ် အထူး ကြိုဆိုကြောင်း ၊ ပြည်သူတွေ တောင့်တနေတဲ့ ငြိမ်းချမ်းရေး အောင်မြင်စေကြောင်း ပြောကြားခဲ့ သည်။ထို့အပြင် CNF အထွေထွေ အတွင်းရေးမှူးချုပ် Pu ZingCung က ၂၄ နှစ်တာ တော်လှန်ရေးတိုက်ပွဲမှာ အသက်ပေး ဆုံးရှူံးသွားကြတဲ့ တော်လှန်ရေးရဲဘော်များအား ပထမဦးစွာ ဂါရ၀ ပြုကြောင်း၊ တော်လှန်ရေးမှာ အခရာ ကျသည်မှာ လူ အား၊ ငွေအား၊ လက်နက်အား မဟုတ်ကြောင်း စည်းလုံးညီညွတ်မှုသာ အဓိက ကျကြောင်း၊ ယခုလို ကလေး- ကဘော် ဒေသရှိ ချင်းမျိုးနွယ်စုတွေရဲ့လုပ်ဆောင်မှုဟာ စည်းလုံးညီညွတ်မှုကို ပြသတာဖြစ်ကြောင်း၊ စည်းလုံးညီညွတ်မှုဖြင့် မိမိတို့ လိုချင်တဲ့ အမျိုးသားနိုင်ငံရေး ပန်းတိုက်ရောက်ရှိသည်အထိ လက်တွဲချီတက်ကြဖို့  တိုက်တွန်းလိုကြောင်း မှာကြားခဲ့သည်။CNF ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ကို ဖလမ်းခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင် ပြည်သူ့ရဲမှူး တို့က ကလေးမြို့ရောက်ရှိသည် အထိ လိုက်ပါ ပို့ဆောင်ကြသည်။

“ ယခုလို အစိုးရ တာဝန်ရှိသူတွေလုပ်ဆောင်မှု အပေါ် အထူး ၀မ်းသာတယ်၊ လေးစားတယ် “ ဟု ဒေါက်တာရွှေခါးရ် က ပြောသည်။

CNF ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား ကလေးမြို့ရှိ Salem အသင်းတော်က မနက်စာ တည်ခင်းဧည့်ခံကြပြီး ယနေ့ မွန်းလွဲ ၂း ၀၀ နာရီတွင် မြန်မာ့လေကြောင်းဖြင့် ရန်ကုန်မြို့သို့ ဆက်လက်ထွက်ခွါသွားကြကြောင်း၊ လေဆိပ်သို့ ဒေသခံ ချင်းပြည်သူတွေက လိုက်လံပို့ဆောင်ကြကြောင်း သိရသည်။

 

 

 

Share.

About Author

Comments are closed.