CNF နဲ့ အစိုးရအကြား သဘောတူညီချက်လက်မှတ်ရေးထိုးတော့မည်

0

ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိုယ်စားလှယ် များနှင့် ချင်းအမျိုးသား တပ်ဦး ငြိမ်းချမ်းရေး ကိုယ်စားလှယ် များအကြား အချက် ၃၀ ပါ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို သဘောတူ လက်မှတ်ရေးထိုးတော့မည်။

နှစ်ရက်ကြာ ငြိမ်းချမ်းရေးဆွေးနွေး ပွဲကို အဆင့်သုံးဆင့်ပါ စစ်ရေးအပါအ၀င် တိုက်ခိုက်ပစ်ခတ်မှုများရပ်ဆိုင်းခြင်း၊ ပြည် ထောင်စု အဆင့်  နိုင်ငံရေးတွေ့ ဆုံဆွေးနွေးပွဲ များကျင်း ပခြင်း၊ ပင်လုံစိတ်ဓါတ်ကို အခြေခံသည့် ပြည်ထောင်စုညီ လာခံကြီး တရပ်ကျင်းပပြီး ပြည်ထောင်စု သဘောတူစာချုပ်တရပ်ကို ပြည်ထောင်စု အစိုးရနှင့် တိုင်းရင်းသား လူမျိုး ပေါင်းစုံ ညီညွတ် စွာ လက်မှတ်ရေးထိုးခြင်း ဖြစ်စဉ်အောက် တွင် ဆွေးနွေး ခဲ့ကြသည်။

သဘောတူညီချက်ထဲတွင် အဓိက အားဖြင့် စီအဲန်အက်ဖ်ဖက်မှ တင်ပြသည့် ချင်းအမျိုးသားရေးဆိုင်ရာ၊ လူ့အခွင့် အရေး ဆိုင်ရာ၊ တပ်နေရာချ ထားရေး၊ ပြည်နယ် ဖွံ့ဖြိုးရေး၊ ယဉ်ကျေးမှုကိစ္စရပ်များ ပါဝင်သည်ဟု သိရသည်။

သဘောတူညီချက်တချို့မှာ – ချင်းအမျိုးသားရေးဆိုင်ရာ သဘောတူညီချက်ထဲတွင် ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ်၎င်း၊ ဇန္န၀ါ ရီလ (၃) ရက်နေ့ကို ချင်းပြည်နယ်နေ့အဖြစ် သတ်မှတ်ရေး ကိစ္စ ပြည်နယ် အစိုးရ မှ ဆောင်ရွက်ရေး၊ လူ့အခွင့်အရေးဆိုင်ရာနှင့် ပါတ်သက်ပြီး ချင်းပြည်နယ်တွင် လူ့အခွင့်အရေးချိုးဖောက်မှု ပပျောက်ရေး အတွက် ချင်းလူ့ အခွင့်အရေးကော်မီတီဖွဲ့စည်း ပြီး မြန်မာနိုင်ငံလူ့အခွင့် အရေးကော် မရှင် နဲ့ လက်တွဲအကောင်အ ထည်ဖော်ရေး၊ စစ်ဖက်ဆိုင်ရာနှင့် ပါတ်သက်ပြီး ချင်းပြည်နယ်တွင် အစိုးရတပ်မတော်နှင့် ချင်းအမျိုးသားတပ်မတော်က လွဲပြီး မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းများ အခြေချခွင့် မပြုရေး၊ ယဉ်ကျေးမှု ဆိုင်ရာနှင့် ပါတ်သက်ပြီး ချင်းအမျိုးသားတို့၏ ယဉ်ကျေးမှု၊ ရိုးရာဓလေ့များကို ထိန်းသိမ်းမြှင့်တင်နိုင် ရေးအ တွက် ချင်းယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး သင်တန်းကျောင်းများကို ချင်းပြည်နယ်တွင် ဖွင့်လှစ်ခွင့်ပြုရေး တို့ ဖြစ်သည်။

ချင်းအမျိုးသားတပ်ဦး ငြိမ်းချမ်းရေးကိုယ်စားလှယ်များသည် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ ရန်ကုန်မြို့ရှိ ချင်းမိဘပြည်သူ များ၊ နိုင်ငံရေး ပါတီများ၊ လူမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးကြမည်ဟု ပြောကြသည်။

ချင်းအမျိုးသားတပ်ဦး နှင့် ပြည်ထောင်စု အစိုးရ တို့သည် ယခုနှစ် ဇန္န၀ါရီ တွင် ပြည်နယ်အဆင့်၊ မေလတွင် ပြည်ထောင်စု အဆင့် ၊ ယခုလ ဒီဇင်ဘာ ၇ -၈ ရက်နေ့ တွင်ပြည်ထောင်စု အဆင့် ဆိုပြီး သုံးကြိမ်တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။

Share.

About Author

Comments are closed.