ကလေးမြို့ ဗုဒ္ဒဘာသာဝင်များ အတွက် အလောင်း မီးသဂြိုလ် စရိတ် ကြီးမား

0

May 22, 2012 by khonumthungburmese

၂၀၁၂ ခု နှစ်ဆန်းပိုင်းကစပြီး စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ရှိ ဗမာ ဗုဒ္ဒဘာသာဝင်များ၏ အလောင်းမီး သဂြိင်္ုလ် စရိတ်မြင့်တက်သွားကြောင်း သိရသည်။

“ ကလေးမြို့ကနေ ဒိုးဝိုင်းချောင်းသုသာန်အထိ အလောင်းသယ်ဆောင်စရိတ် ကားတစီးစာ ကျပ်ငွေ ၅ သောင်း ပေးရတယ်။ အဲဒီ သုသာန်မှာ မီးသဂြိုလ် စရိတ်က ၄၅၀၀၀ ထပ်ပေးရတယ်” ဟု ကလေးမြို့ အောင်သစ္စာရပ် ကွက်တွင် နေထိုင်သူ အမျိုးသမီးတဦးကပြောသည်။

“ပြီးခဲ့တဲ့ ဧပြီလက ကျမတို့အောင်သစ္စာရပ်ကွက်မှာ အမျိုးသားတဦးသေဆုံးခဲ့တယ်၊ မိသားစုက အလောင်းကို မီးသဂြိုလ် ဖို့ ငွေမတတ်နိုင်တော့ ငွေချေးရတယ်” ဟု ဆက်ပြောတယ်။

ကလေးမြို့မှာ သုသာန်မရှိသောကြောင့် ဒိုးဝိုင်းချောင်းသုသာန်အထိ မသာ စရိတ် အပါအ၀င် ဧည့်ခံ စရိတ် များအတွက် အိမ်ထောင်တစုမှာ အနည်းဆုံး ကျပ်ငွေ ၃ သိန်းလောက်ရှိမှသာလျှင် အသုဘ အခမ်းအနား အဆင်ပြေနိုင်မှာဖြစ်ကြောင်း ထပ်မံသိရသည်။

အခုလို သုသာန်တည်ရှိနေသော ဒိုးဝိုင်းချောင်းအနီးအနားကျေးရွာများမှာ အများအားဖြင့် ခရစ္စယာန် ဘာသာ များ နေထိုင် ကြသည့် နေရာဖြစ်သည်။

တဆက်တည်း ဒိုးဝိုင်းချောင်းသုသာန်အရှေ့ဘက်တည့်တည့်တွင် ဗုဒ္ဓစေတီတဆူတည်ထားတဲ့အပေါ် အနီးအနားရှိ ကျေးရွာ များ မကျေမနပ်ဖြစ်နေကြသည်ဟုလည်း တာဟန်း ဒေသခံများက ပြောကြား ချက် အရ သိရသည်။

Share.

About Author

Comments are closed.