Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»“ကျနော်တို့ အချင်းချင်းကြားမှာဖြစ်တဲ့ကိစ္စကို စစ်ရေးနဲ့ တိုက်ရိုက်တုံ့ပြန်တာမျိုး မလုပ်ပဲနဲ့ ငြိမ်းချမ်းစွာ အဖြေရှာကြဖို့ ကျနော်တို့က လိုလားပါတယ်”
ပုံစာ - ချင်းလဲန်းကောင်စီ အထွေထွေအတွင်းရေးမှူး ဆလိုင်းပေါလ်

“ကျနော်တို့ အချင်းချင်းကြားမှာဖြစ်တဲ့ကိစ္စကို စစ်ရေးနဲ့ တိုက်ရိုက်တုံ့ပြန်တာမျိုး မလုပ်ပဲနဲ့ ငြိမ်းချမ်းစွာ အဖြေရှာကြဖို့ ကျနော်တို့က လိုလားပါတယ်”

0
By Editor on July 19, 2024 Featured

မြန်မာ့နွေဦးတော်လှန်ရေးမှာ တူမီးသေနတ်ကိုစွဲကိုင်ပြီး စစ်ကောင်စီကို အစောဆုံး ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ ချင်းပြည်မှာ တော်လှန်ရေးတပ်ဖွဲ့တွေအကြား နိုင်ငံရေးသဘောထားကွဲလွဲမှု ရှိလာတဲ့နောက်ပိုင်းမှာ ချင်းလဲန်းကောင်စီနဲ့ ချင်းညီနောင်ဆိုပြီး နှစ်ဖွဲ့ကွဲခဲ့ပါတယ်။

ဒီလို နှစ်ဖွဲ့ကွဲလာတဲ့နောက်ပိုင်းမှာ ချင်းကာကွယ်ရေးတပ်ဖွဲ့ထဲမှာလည်း နှစ်ခြမ်းကွဲသွားတဲ့ တပ်ဖွဲ့တွေရှိလာပြီး စစ်ရေးအရ ပွတ်တိုက်မှုတွေဖြစ်လာကာ အချင်းချင်းပစ်ခတ်မှု၊ သွေးထွက်သံယိုသေဆုံးမှုအထိ ရှိလာနေတာဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ ချင်းလဲန်းကောင်စီ ဦးဆောင်ကော်မတီဆဌမအကြိမ်ပုံမှန်အစည်းအဝေးကို ဇူလိုင် ၁၀ ရက်ကနေ ၁၃ ရက်နေ့အထိ ၄ ရက်တာပြုလုပ်ခဲ့ကြပြီး လတ်တလောဖြစ်ပေါ်နေတဲ့ စစ်ရေးတင်းမှုတွေကို အဖွဲ့အစည်းအချင်ချင်းကြား တွေ့ဆုံ နွေးနွေးညှိ နှိုင်းအဖြေရှာတဲ့ နည်းလမ်းဖြင့်အမြန်ဆုံးဖြေရှင်းနိုင်ရေးအပါအဝင် အချက် ၅ ချက်ဆွေးနွေးခဲ့ကြ တယ်လို့ ဇူလိုင် ၁၇ ရက်နေ့က ချင်းပြည်ကောင်စီက ထုတ်ပြန်လာပါတယ်။

အဲဒီအခြေအနေနဲ့ပတ်သက်ပြီး ချင်းလဲန်းကောင်စီ အထွေထွေအတွင်းရေးမှူး ဆလိုင်းပေါလ်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ချင်းပြည်အတွင်း လတ်တလောဖြစ်ပေါ်နေတဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်းကြား စစ်ရေးတင်းမှုတွေကို အဖွဲ့ အစည်းအချင်ချင်းကြား တွေ့ဆုံနွေးနွေးညှိ နှိုင်းအဖြေရှာတဲ့ နည်းလမ်းနဲ့ အမြန်ဆုံးဖြေရှင်းနိုင်ရေး ချင်းပြည် ကောင်စီကဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ အဲဒီဟာက ဘာကိုဆိုလိုတာလဲ ရှင်းပြလို့ရလား?

ဖြေ။ အခုလတ်တလောဖြစ်နေတဲ့ မတူပီမှာဖြစ်ပွားနေတဲ့ဖြစ်စဉ်တွေ၊ မတူပီတပ်မဟာ ၁ တပ်မဟာ ၂ ကိစ္စတွေပါမယ် ဥပမာအားဖြင့်ပြောမယ်ဆိုရင် လိုင်လင်းပီကိစ္စတို့ CDF-Mara နဲ့ CNF/CNA တို့ထိန်းချုပ်ထားတဲ့နေရာမှာ MDF က သူတို့မဟာမိတ် AA ကိုခေါ်ပြီးမှ ဝင်ရောက်ပြီးစစ်ရေးလှုပ်ရှား နေတဲ့ကိစ္စတွေ၊ ပြီးတော့ တခြား ချင်းပြည်တောင်ပိုင်း မင်းတပ် ကန်ပက်လက်ဘက်မှာကော အချင်းချင်းကြားထဲမှာ စစ်ရေးအရပွတ်တိုက်မှုလေးတွေကြားနေရတယ်ပေါ့နော် ကျနော်တို့အချင်းချင်းကြားမှာဖြစ်တဲ့ကိစ္စကို စစ်ရေးအရ စစ်ရေးနဲ့တိုက်ရိုက်တုံ့ပြန်တာမျိုးမလုပ်ပဲနဲ့ ငြိမ်းချမ်းစွာအဖြေ ရှာကြဖို့ကျနော်တို့ကလိုလားပါတယ်ဆိုတာကိုဖော်ပြ တာဖြစ်ပါတယ်။

မေး။ ချင်းလဲန်းကောင်စီအနေနဲ့ လတ်တလောဖြစ်နေတဲ့ အချင်းချင်းကြား ပွတ်တိုက်မှုတွေကို ကြားဝင်ဖြန်ဖြေသွားမယ်ဆိုတဲ့ သဘောလား?

ဖြေ။ ကျွန်တော်တို့က လိုအပ်တာတွေ ကူညီပံ့ပိုးဖို့ပဲ။ ဥပမာ မတူပီကိစ္စမှာ ချင်းလဲန်းကောင်စီမှာပါလို့ တပ်မဟာ (၂) နဲ့ပေါင်း ပြီးတော့မှ တပ်မဟာ (၁) ကို ဖိပြီးတွန်းအားပေးဖို့ မဟုတ်ဘူး။ အဲ့လိုပဲ ကျွန်တော်တို့ကတော့ သူတို့ရဲ့မြို့နယ်အတွင်း မှာရှိတဲ့ ဒေသခံလက်နက်ကိုင်တပ်ဖွဲ့ တွေကို သူတို့လိုချင်တဲ့အရာကို သူတို့အချင်းချင်းကြားထဲမှာ ညှိနှိုင်းစေလိုပါတယ်၊ ဥပမာ ကန်ပက်လက်မှာဆိုရင်လည်း နှစ်ခြမ်းဖြစ်တယ်၊ မင်းတပ်ဆိုရင်လည်း နှစ်ခြမ်းဖြစ်နေတဲ့ဟာတွေကို တွေ့နေရတယ်၊ အင်အားနည်းတယ် များတယ်ဆိုတာထက် သူ့ရဲ့မြို့နယ်တခုထဲမှာပဲ ကွဲလွဲနေတယ်ဆိုတဲ့ဟာတွေကို တွေ့မြင်နေရတယ်။ မရာဆိုရင်လည်း နှစ်ဖွဲ့ဖြစ်တယ်။ ဆိုတော့အဲ့လို နှစ်ဖွဲ့ဖြစ်တဲ့ကိစ္စမှာ ဥပမာ MDF ဆိုရင်လည်း သူ့မှာ ကြီးမားတဲ့ မဟာမိတ် ULA /AA ရှိတယ်။ CDF-Mara ဆိုရင်လည်း ချင်းလဲန်းကောင်စီရှိတယ်။ အဲ့လိုမျိုး အချင်းချင်း ဖြစ်လာတဲ့အခါမှာ ကျွန်တော်တို့အနေနဲ့ နိုင်ငံရေးအရ အဖြေရှာဖို့ အချိန်လိုနေတဲ့အချိန်မှာ စစ်ရေးမှာ ချက်ချင်းတုန့်ပြန်မှုတွေ မလုပ်ကြပဲနဲ့ သက်ဆိုင်ရာ မြို့နယ်ဒေသအတွင်းမှာရှိတဲ့ လက်နက်ကိုင်ကြားထဲမှာ ပြေလည်နိုင်ရေးကို ဦးတည်သွားဖို့ ဒါကိုလိုအပ်တဲ့ ငြိမ်းချမ်းရေးနည်းလမ်းနဲ့ ဆောင်ရွက်တဲ့အချိန်မှာ ချင်းလဲန်းကောင်စီ အနေနဲ့ကတော့ တတ်နိုင်သလောက် ပံ့ပိုးပေးသွားဖို့ ပါပဲ။ ဒါ CC မှာပါတဲ့အုပ်စုဖက်ကနေ ရပ်ပြီးတော့ တခြားတဖက်ကို တွန်းအားပေးဖို့၊ ဖိနှိပ်ဖို့အဲ့လိုမျိုးမဟုတ်ပါဘူး။

မေး။ ထုတ်ပြန်ချက်ထဲမှာ တွေ့ရတဲ့တခုက ချင်းလဲန်းကောင်စီမှာအဖွဲ့ဝင်မဟုတ်သေးတဲ့ အဖွဲ့တွေလည်း ပါဝင်နိုင်လာဖို့အတွက် ဆွေးနွေးတယ်လို့လည်းသိရတယ်၊ ဘယ်လိုမျိုးပါဝင်လာနိုင်အောင် လမ်းကြောင်းတွေဖွင့်မလဲ၊ ဘယ်လိုမျိုး ဆွေးနွေးကြတာလဲ။

ဖြေ။ ကျွန်တော်တို့က ချင်းလဲန်းကောင်စီဆိုတာ ပထမဆုံး တော်လှန်ရေးကာလမှာ ချင်းတွေစုစည်းမှု အားအကောင်းဆုံး လို့ပြောရင်မမှားဘူး။ အနာဂတ်မှာ ချင်းလဲန်း၊ချင်းပြည်ကို တည်ဆောက်သွားဖို့ အတွက်ကျွန်တော်တို့ အနေနဲ့ စုစည်းဖို့လို အပ်တယ်လို့ ကျွန်တော်တို့ မြင်တယ်။ ပထမ ခြေလှမ်းအနေနဲ့ ချင်းလဲန်းကောင်စီကနေပြီး ချင်းလဲန်းဥပဒေရေးဆွဲပြီး ချင်းလဲန်းကောင်စီမှာ စပြီးစုကြတယ် ဆိုတော့ ကျွန်တော်တို့ရဲ့ ပလက်ဖောင်းဟာ ၁၀၀ ရာခိုင်နှုန်း ပြီးပြည့်စုံမူရှိ သလား ဆိုတော့ ပြီးပြည့်စုံမူမရှိသေးပါဘူး ကျွန်တော်တို့ချင်းတွေအားလုံး တော်လှန်ရေးအဖွဲ့တွေအကုန်လုံးစုနိုင်ဖို့ အတွက်ကို ချင်းလဲန်းကောင်စီက ကြိုးပမ်းသွားမှာပါ။ ဒီလိုလုပ်ဆောင်တဲ့နေရာမှာ ကျွန်တော်တို့ လက်အောက် မှာ အကုန်လုံး ဝင်ပြီးတော့မှ ကျွန်တော်တို့ရဲ့အောက်မှာဝင်ပါဆိုတဲ့ အဲ့လိုသဘောမျိုးတော့မရှိပါဘူးပေါ့နော်။ ချင်းလဲန်း ကောင်စီအနေနဲ့ ပြည်သူလူထုစီမှာ ကျွန်တော်တို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချပြတယ်၊ ကျွန်တော်တို့ ကောင်စီရဲ့မူဝါဒ တွေ၊ မဏ္ဍိုင် (၃) ရပ်လုပ်ဆောင်ချက်တွေကိုကျွန်တော်တို့ ပြည်သူတွေနဲ့အတူ ဟန်ချက်ညီညီ ဆောင်ရွက်နေတယ်၊ ဒါပေမယ့် ဒီဟာတွေမှာ အားသာချက်တွေရှိမယ်၊အားနည်း ချက်တွေရှိမယ် တဖြည်း ဖြည်းတည်ဆောက်သွားကြမယ်၊ တဖြည်းဖြည်းနဲ့ချင်းတွေရဲ့ အနာဂတ်မှာစည်းလုံးတဲ့၊ အင်အားကောင်းတဲ့ တခုတည်းသော ကောင်စီဖြစ်လာရေးကိုလည်း ကျွန်တော်တို့ အားလုံးက ဝိုင်းပြီးတော့မှ ကြိုးပမ်းသွားဖို့အတွက် ချင်းလဲန်းကောင်စီကနေဆောင်ရွက်ပါတယ်။ အဲ့ လိုမျိုးဆောင်ရွက်တဲ့နေရာမှာ ပူးပေါင်းပါဝင်နိုင်တဲ့ပုဂ္ဂိုလ်တွေကို ပါဝင်လာနိုင်ရေးဆိုတဲ့ရည်ရွယ်ချက်နဲ့ ဖိတ်ခေါ်တာ ဖြစ်ပါတယ်။

မေး။ ချင်းလဲန်းကောင်စီရဲ့ ထုတ်ပြန်ချက်ထဲမှာ ချင်းပြည်မှာ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ချင်းပြည် အစိုးရတပ်အနေနဲ့ သိမ်းပိုက်ဖို့ ဆက်လက်လုပ်ဆောင်သွားမယ်ဆိုပြီးပြောထားပါတယ်။ ဒါပေမယ့် တဖက်မှာလည်း အချင်းချင်းကြားပွတ်တိုက်မှုတွေကရှိနေတော့လေ ရှေ့ဆက်စခန်းသိမ်းဖို့အတွက် ဘယ်လိုအဟန့် အတားတွေ ဖြစ်လာနိုင်လဲ?

ဖြေ။ ကျွန်တော်တို့ရဲ့ပထမရည်ရွယ်က အကြမ်းဖက်စစ်ကောင်စီတိုက်ဖျက်ရေးဖြစ်တဲ့အတွက်ကြောင့်မို့ ညှိညှိနှိုင်းနှိုင်းနဲ့ တိုက်ထုတ်ဖို့တော့လိုအပ်ပါလိမ့်မယ်၊ အဟန့်အတားဖြစ်သလားဆိုတော့ အဟန့်အတား ဖြစ်အောင် မလုပ်ဖို့တော့လိုပါ တယ်။ ဥပမာ မတူပီကိစ္စလိုမျိုးကို သင်ခန်းစာယူသင့်တယ်ပေါ့။ ဆက်ပြီး ချင်းပြည် ချင်းလဲန်းအတွင်းမှာကျန်ရှိတဲ့ စစ်ကောင်စီစခန်းတွေ သိမ်းပိုက်တဲ့အချိန်မှာ ကျွန်တော်တို့ အနေနဲ့ အဖွဲ့စည်းတခုနဲ့တခုကြားမှာ အပြန်အလှန်အသိ အမှတ်ပြုကြဖို့ ပြီးတော့ ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိကြဖို့၊ ချင်းလဲန်းလွတ်မြောက်တဲ့ နေရာမှာလည်း စစ်မှန်တဲ့ ချင်းပြည်လွတ်မြောက်တဲ့ အရာဖြစ်ဖို့လည်းလိုအပ်တာကိုး၊ ကျွန်တော်တို့ တော်လှန်ရတဲ့အနှစ်သာရကလည်း ဖိနှိပ်ချုပ်ခြယ်ခံရတဲ့ အာဏာရှင်မှန်သမျှကို တော်လှန်ရတာဖြစ်တဲ့အတွက်ကြောင့်မို့ ချင်းပြည်လွတ်မြောက်တာဟာ စစ်မှန်တဲ့ လွတ်မြောက်ခြင်းဖြစ်ဖို့အတွက်ကို ချင်းပြည်အတွင်းမှာ လက်နက်ကိုင်ပြီးတော့မှ စစ်အာဏာရှင်ကို တိုက်ထုတ်တဲ့ တော်လှန်ရေးအဖွဲ့အသီးသီးအနေနဲ့လည်း ဒါတွေကို သတိချပ်ပြီးတော့မှ ဆက်လက်ပြီးစစ်ကောင်စီကို တိုက်ထုတ်တဲ့နေရာမှာလည်း အပြန်အလှန် ပူးပေါင်း ဆောင်ရွက်ရေးကို အမြဲတမ်းတံခါးဖွင့်ထားပေးဖို့ ဒါလေးကိုတော့ နှစ်ဖက်စလုံးကနေပြီးတော့ လိုအပ်ပါလိမ့်မယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.