Author: Editor

စစ်တပ်က ဒေသခံ ၁၄ ဦးကို လူသားဒိုင်အဖြစ် ဖမ်းဆီးထားရာမှ အမျိုးသမီး ၁ ဦးကို အဓမ္မပြုကျင့် (006SV) တီးတိန်မြို့မှ သိုင်းငင်းဘက်သို့ အင်အားရာချီဖြင့် စစ်ကြောင်းထိုးလာသော စစ်ကော်မရှင်တပ်နှင့် ချင်းညီနောင် (CB) ပူးပေါင်းတပ်တို့ တိုက်ပွဲများ ဆက်တိုက်ပြင်းထန်နေရာ စစ်ကော်မရှင်တပ်မှ ၄၀ ထက်မနည်း သေဆုံးပြီး စစ်သုံ့ပန်းတချို့ကိုလည်း ဖမ်းဆီးရမိသည်ဟု ချင်းညီနောင်က ကြေညာသည်။ အောက်တိုဘာလ ၂၉ ရက်မှ စတင်၍ ချင်းပြည်နယ်၊ တီးတိန်မြို့မှ သိုင်းငယ်သို့ အင်အား ၄၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကော်မရှင်တပ်နှင့် ချင်းညီနောင်တပ်တို့သည် နေ့စဉ် ထိတွေ့တိုက်ပွဲများ ပြင်းထန်ခဲ့သည်ဟု ချင်းညီနောင်က နိုဝင်ဘာလ ၇ ရက်မှာ ထုတ်ပြန်သည်။ စစ်ကော်မရှင်တပ်သည် ဒေသခံပြည်သူ တချို့ကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြု၍ သိုင်းငင်းသို့ ဦးတည် စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံထားရသော ဒေသခံပြည်သူ ၁၄ ဦးကို လက်ရှိမှာ ကယ်တင်ထားနိုင်ခဲ့ပြီး ယင်းအထဲက အမျိုးသမီး ၁ ဦးမှာ အဓမ္မပြုကျင့်ခံထားရသည်ဟု ချင်းညီနောင်ထံမှ သိရသည်။ တိုက်ပွဲများအတွင် စစ်ကော်မရှင်တပ်က အနည်းဆုံး ၄၀ ခန့် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိသည့်အပြင် ထွက်ပြေးလွတ်မြောက်သူ တချို့ ရှိကြောင်း၊ လက်နက်ခဲယမ်း အများအပြားနှင့် ချောဆွဲထားသော ပြည်သူပိုင် မော်တော်ကား တစ်စီးကို ပြန်လည် သိမ်းဆည်းရမိပြီး ဖမ်းဆီးရမိသော စစ်သုံ့ပန်းတချို့ကို ထိန်းသိမ်းထားသည်ဟု သိရသည်။ စစ်ကော်မရှင်တပ်သည် အောက်တိုဘာလ ၂၆…

Read More

(006SV) ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်ထဲရှိ စစ်ရေးအရ အချက်အချာကျသည့် ကနေဒီတောင်စခန်းကို စစ်ကော်မရှင်တပ်က ပြန်လည်သိမ်းယူသွားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့မှ စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ “ကနေဒီတောင်စခန်းကို စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်တယ်ဆိုတာ မှန်ပါတယ်။ သူတို့က ၄ ရက်နေ့က အဲဒီစခန်းကုန်းကို ရောက်သွားပြီလို့ ကြားတယ်။ တိုက်ပွဲ မဖြစ်တော့ ဘယ်ချိန် ဘယ်နှစ်နာရီတော့ မသိဘူး။ ကနေဒီတောင်ဟာ စစ်ရေးအရ အရေးပါပါတယ်။ ကျနော်တို့ ပြန်ယူမှ ဖြစ်မယ့်နေရာ တစ်နေရာလို့ပဲ ဖြေပါရစေ” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ တီးတိန်မြို့ခလရ ၂၆၉ တပ်ရင်းမှ သိုင်းငင်းကျေးရွာဘက်ကို စစ်ကြောင်းထိုးလာနေသော စစ်ကောင်စီတပ်သည် နိုဝင်ဘာလ ၄ ရက်မှာ စစ်ရေးအရ အရေးပါသော ကနေဒီတောင်ကို ပြန်လည်ထိန်းချုပ်လိုက်ပြီး တပ်စွဲထားကြောင်း၊ ယင်းစစ်ကြောင်းသည် သိုင်းငင်းသို့ ဆက်လက်ဆင်းလာနိုင်ကြောင်း သိရသည်။ အောက်တိုဘာလကုန်ပိုင်းက တီးတိန်မြို့ရှိ ခလရ ၂၆၉ ကို လေကြောင်းမှ စစ်အင်အား ဖြည့်တင်းပြီးနောက် စစ်ကော်မရှင်တပ်သည် တီးတိန်မှ သိုင်းငင်းသို့ ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။ နိုဝင်ဘာလ ၃ ရက်ကလည်း အဆိုပါစစ်တပ်စစ်ကြောင်းသည် Suangpi ကျေးရွာကို ဝင်ရောက်၍ ဒေသခံရွာသား ၁၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။ ကနေဒီတောင်ပေါ်ရှိ စစ်စခန်းသည် စစ်ကိုင်းတိုင်း၊ ကလေးမြို့နှင့် ချင်းပြည်နယ်၊ တီးတိန်မြို့အကြားရှိ ပေ ၈၀၀၀ ကျော်တွင် တည်ရှိပြီး စစ်ရေးအရာ အချက်အချာ ကျသည့် နေရာတစ်ခုဖြစ်ကြောင်း သိရသည်။ ကလေး-တီးတန် လမ်းမပေါ်မှာ တည်ရှိသည့် သိုင်းငင်းသို့ မွှာလ်ပီးဘက်မှ…

Read More

စစ်ကော်မရှင်ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် ပူးနိုးထန်ကပ်နဲ့ ဆက်သွယ်မေးမြန်းချက် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲမှာ မဲမသမာမှုရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အာဏာသိမ်းခဲ့တဲ့ စစ်တပ်ဟာ လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ရွေးကောက်ပွဲအပိုင်း ၁ ကို မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ ကျင်းပမယ်လို့ ကြေညာ ထားပါတယ်။ အဲဒီထဲမှာ ချင်းပြည်နယ်က ဟားခါး နဲ့ တီးတိန်မြို့နယ်တို့မှာလည်း စစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပဖို့ စီစဉ် ထားပြီး နိုင်ငံရေးပါတီ ၅ ခုက ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ချင်းပြည်နယ်မှာ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီထဲမှာ ချင်းပြည်သစ်ကွန်ဂရက်ပါတီလည်း ပါဝင်ပါတယ်။ ချင်းပြည်သစ်ကွန်ဂရက်ပါတီဟာ ယခင် NLD အစိုးရလက်ထက် ချင်းပြည်ရဲ့ စက်မှု၊လက်မှု နဲ့ စည်ပင်ဝန်ကြီး ဟောင်း ဦးစိုးထက်က ဥက္ကဌအဖြစ်တာဝန်ယူထားပြီး ထင်ရှားတဲ့ချင်းနိုင်ငံရေးသမားတချို့လည်းပါဝင်ပါတယ်။ အဲဒီထဲမှာ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-CNLD အလှည့်ကျဥက္ကဌဟောင်း ပူးနိုထန်ကပ်လည်းပါဝင်တယ်။ ပူး နိုးထန်ကပ်ဟာ CNLD ပါတီကနေ နှုတ်ထွက်ပြီး ချင်းပြည်သစ်ကွန်ဂရက်ပါတီကိုယ်စားပြုအနေဖြင့် လာမယ့် ဒီဇင်ဘာ ရွေးကောက်ပွဲမှာ ချင်းပြည်နယ်အမျိုးသားလွှတ်တော် (အချိုးချကိုယ်စားပြုစနစ်) မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ချင်းလူထုအသိုင်းအဝန်းအကြား လူသိများထင်ရှားတဲ့ ပူးနိုးထန်ကပ်အနေနဲ့ ဘာကြောင့် စစ်ကော်မရှင်တပ် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရတာပါလဲ? ဒီရွေးကောက်ပွဲကနေ သူဘာတွေ မျှော်လင့်နေပါသလဲစတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပူးနိုးထန်ကပ်ကို ဆက်သွယ်မေးမြန်းထားပါတယ်။ မေး။ ။ ဒီမိုကရေစီစံနှုန်းတွေနဲ့ လုံးဝ ကိုက်ညီမှုမရှိဘူးလို့ နိုင်ငံတကာနဲ့ ပြည်တွင်း တော်လှန်ရေးအင်အားစုတွေက ဝေဖန်နေတဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို ဘာကြောင့် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ရတာလဲ? အဲဒီလို ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် ဘာကို…

Read More

ရွေးကောက်ပွဲဝင်ပြိုင်သည့် ချင်းလွှတ်တော်ကိုယ်စားလှယ်များ၏ ပိုင်ဆိုင်မှု အားလုံးကို ပြည်သူပိုင် သိမ်းဆည်းခွင့် ပြဌာန်း (006SV) အာဏာသိမ်းစစ်ကော်မရှင်က ဦးဆောင်ကျင်းပမည့် အတုအယောင်ရွေး ကောက်ပွဲကို ဆန့်ကျင်တားဆီးရေးအတွက် ပြည်သူ့ အခွင့်အရေး ကာကွယ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းကို ချင်းပြည်ကောင်စီက အတည်ပြုပြဌာန်းလိုက်ကြောင်း ယနေ့မှာ ကြေညာသည်။ ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၂၃) မှ ပေးအပ်သော လုပ်ပိုင်ခွင့်အရ ချင်းပြည်ကောင်စီသည် “အကြမ်းဖက် စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်တားဆီးရေးနှင့် ပြည်သူ့အခွင့်အရေး ကာကွယ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း”ကို နိုဝင်ဘာလ ၆ ရက်တွင် ပြဌာန်းအတည်ပြုလိုက်ခြင်းဖြစ်သည်။ စစ်တပ်သည် ၂၀၂၀ က ကျင်းပသော ရွေးကောက်ပွဲရလဒ်ကို ဖျက်ပြီး အကြမ်းဖက် အာဏာသိမ်းယူပြီးနောက် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတို့ကို ကျူးလွန်လျက်ရှိရာမှ လက်ရှိတွင် အတုအယောင် ရွေးကောက်ပွဲကို ကျင်းပရန် စီစဉ်နေ သောကြောင့် ချင်းလူထု၏ ဒီမိုကရေစီအခွင့်အရေး နှင့် ပြည်သူ့အခြေခံအခွင့်အရေးများကို ကာကွယ်ပေးရန် အထူးလိုအပ်လာ၍ ပြဌာန်းသည်ဟု သိရသည်။ အဆိုပါလုပ်ထုံလုပ်နည်းကို ပြဌာန်းရသည် ရည်ရွယ်ချက် ၄ ချက်တွင် စစ်တပ်ရွေးကောက်ပွဲတွင် ပါဝင်သော မည်သူ့ကို မဆို အရေးယူနိုင်ရေးနှင့် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်တားဆီးရေးအပြင် ယင်း၏ ရလဒ်နှင့် ယင်းရွေးကောက်ပွဲမှ ထွက်လာသော မည်သည့်အစိုးရယန္တရားကိုမဆို တရားဝင်မှု မရှိစေရေးအချက်တို့ ပါဝင်သည်ဟု သိရသည်။ ပြဌာန်းချက်တွင် ရွေးကောက်ပွဲအတွက် ချင်းနိုင်ငံရေးပါတီ တည်ထောင်၍ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း၊ ချင်းပြည်အတွင်း ပါတီရုံးဖွင့်လှစ်ခြင်းတို့ကို တားမြစ်ကြောင်း၊ ပါတီတစ်ခုမှာဖြစ်စေ သို့မဟုတ် တသီးပုဂ္ဂလဖြစ်စေ ရွေးကောက်ပွဲဝင် ဝင်ရောက်ယှဉ်…

Read More

(006SV) မကွေးတိုင်းအနောက်ခြမ်း၊ ငဖဲမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေသော ချင်းကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် CDF-Asho က အောက်တိုဘာလ အတွင်း အကျဉ်းသား ၁၀၀ ကျော်အပါအဝင် ကျေးရွာဒေသခံ လူနာစုစုပေါင်း ၂၇၀ ကျော်ကို ဆေးဝါးကုသမှု ပေးနိုင်ခဲ့သည်ဟု သိရသည်။ အောက်တိုဘာလ ၁ ရက်မှ ၃၁ ရက်အထိ တစ်လတာအတွင်း CDF – အရှိုရဲဘော် တပ်ဖွဲ့ဝင် ၄၆ ဦး၊ အကျဉ်းသား ၁၀၄ ဦး၊ အရပ်သား ၆၇ ဦး၊ ကျေးရွာများကို ရွေ့လျားကုသမှုဖြင့် ဆေးကုသမှု ပေးနိုင်သော လူနာ ၆၀ ဦး စသည့် CDF – အရှို စခန်းအားလုံးနှင့် ကျေးရွာဒေသခံလူနာ စုစုပေါင်း ၂၇၇ ဦးကို ဆေးဝါးကုသမှု ပေးနိုင်ခဲ့သည်ဟု CDF – အရှိုထံမှ သိရသည်။ ယခုလို အရပ်သားပြည်သူများကိုပါ ဆေးဝါးကုသမှုများပေးနိုင်ရန် ဆေးဝါးအလှူ သီးခြား ပံ့ပိုးပေးပါသော ပြည်တွင်းပြည်ပမှ ဝန်းရံထောက်ပံ့သူများအား မိဘပြည်သူများကိုယ်စား ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။ “ပြီးခဲ့တဲ့လ ကုသမှု ပေးခဲ့ရတဲ့ လူနာတွေထဲမှာ အများဆုံးက ရာသီတုပ်ကွေးတွေ အဖြစ်များကြပါတယ်။ အဓိကက လမ်းခရီးခက်ခဲမှုနဲ့ ဆေးဝါးမလုံလောက်မှုတွေတော့ အနည်းငယ်ရှိခဲ့ပါတယ်၊၊ သက်ကြီးရွယ်အိုနဲ့ ကလေးတွေကတော့ ၄၀ ရာခိုင်နှုန်းလောက်ရှိပါမယ်၊၊ အကျဉ်းသားတွေထဲမှာလည်း ရာသီတုပ်ကွေး၊ ငှက်ဖျား၊ ရိုးရိုးဖျားနာ၊ ထိခိုက်ရှနာ စတာတွေကြောင့် ကုသပေးခဲ့ရတာတွေလည်း ရှိပါတယ်” ဟု CDF – အရှို၊ ဆေးဌာနမှူး မိုင်းအိုင်ယူက ပြောသည်။…

Read More

(006SV) ချင်းပြည်နယ်၊ မရာဒေသရှိ IMC/ CDF – မရာ ထိန်းချုပ်နယ်မြေဖြစ်သည့် ငဖိုင်ပိ (ခ) ကျေးရွာကို MDF တပ်ဖွဲ့က ယမန်နေ့က ဒရုန်းဖြင့် ၃ ကြိမ် လာရောက်တိုက်ခိုက်သည်ဟု သိရသည်။ MTC/ MDF တပ်ဖွဲ့သည် ငဖိုင်ပိ (ခ) ကျေးရွာကို နိုဝင်ဘာလ ၃ ရက် မွန်းလွဲပိုင်း ၂ နာရီခွဲခန့်တွင် ဒရုန်းဖြင့် ဗုံး ၂ လုံ ကြဲချရာ Rev.Thalai (Sileipaw) Baptist Pastor နေအိမ် နှင့် ၅ ကိုက်ခန့်အကွာတွင် ကျရောက်ပေါက်ကွဲကြောင်း၊ ညနေ ၃ နာရီ ၂၀ မိနစ် ခန့်တွင် ဒရုန်းဗုံး ၂လုံးဖြင့် ထပ်မံကြဲချရာ နှစ်ခြင်းခရစ်ယာန်အသင်းတော်ရုံးနားကို ကျရောက် ပေါက်ကွဲသည်ဟု IMC/ CDF – မရာက ယနေ့ နိုဝင်ဘာလ ၄ ရက်မှာ ထုတ်ပြန်သည်။ ညနေ ၄ နာရီ ၁၀ မိနစ်ခန့်တွင် ငဖိုင်ပိ (ခ) ကျေးရွာ အဝင်လမ်း ပြည်သူ့နေအိမ်ကို ဒရုန်းဗုံး ၂ လုံးဖြင့် ထပ်မံကြဲချတိုက်ခိုက်သည်ဟု ထုတ်ပြန်ထားသည်။ ငဖိုင်ပီ (ခ) ရွာကို ဒရုန်းဖြင့် တိုက်ခိုက်မှုတွင် MDF တပ်ဖွဲ့အပြင် ချင်းညီနောင် (CB) နှင့် ULA/ AA ပူးပေါင်းတပ်တို့ ပါဝင်နေသည်ဟု IMC/ CDF – မရာက ထုတ်ပြန်ထားသော်လည်း…

Read More

(006SV) ချင်းပြည်နယ်၊ မရာဒေသတွင် MTC/ MDF ၏ စခန်းတိုက်ခိုက်ခံရဆိုသည့် သတင်းနှင့်ပတ်သက်၍ IMC/ CDF – မရာနှင့် MTC/ MDF တို့ကြား ထုတ်ပြန်ပြောဆိုမှုများ ကွဲလွဲနေပြီး အပြန်အလှန်စွပ်စွဲပြောဆိုနေကြသည်။ MDF စခန်းကို ချင်းအမျိုးသားတပ်ဦး (CNA) နှင့် CDF-မရာ ပူးပေါင်းတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းများအသုံးပြု၍ အောက်တိုဘာလ ၃၁ ရက်က အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်သည်ဟု MTC/ MDF ၏ သတင်းနှင့်ပြန်ကြားရေးဌာနက နိုဝင်ဘာလ ၁ ရက်မှာ ထုတ်ပြန်သည်။ “ဒီတိုက်ခိုက်မှုကကျနော်တို့ရဲ့ ရှေ့တန်းစခန်းတစ်ခုမှာ သူတို့က အင်အားအလုံးအရင်းနဲ့ ခြုံခိုတိုက်ခိုက်လာ တာဖြစ် တယ်၊၊ ဒီကာလမှာ ကျနော်တို့ စစ်ရေးလှုပ်ရှားမှု တစ်စုံတစ်ရာမျှ မရှိပါဘူး။ အဲလိုအချိန်မှာ သူတို့ဘက်ကနေ ဘာ အကြောင်းပြချက်လဲတော့ သူတို့ပဲ အသိဆုံးဖြစ်ပါလိမ့်မယ်၊၊ သူတို့ကပဲ လာတိုက်ပြီတော့ လက်နက်ကြီး၊ လက်နက် ငယ် ဒရုန်းဗုံးတွေကအစ၊ အသုံးပြုပြီး လာတိုက်တယ်၊၊ သူတို့ပဲ လာတိုက်တယ်၊၊ သူတို့ပဲ နောက်ဆုတ်သွားတဲ့ အနေ အထား ဖြစ်ပါတယ်” ဟု MTC/ MDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ မရာဒေသ၊ Sawhmei တိုက်နယ်အတွင်းရှိ MDF ၏ စခန်းနှင့် ဖြတ်သန်းသွားလာရာ လမ်းများကို ခြုံခိုတိုက်ခိုက်ခြင်း၊ မိုင်းထောင်ခြင်း၊ ဒရုန်းများဖြင့် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး တိုက်ခိုက်ခံရမှုကြောင့် စခန်းအနည်းငယ် ပျက်စီးကာ ထိခိုက်မှု မရှိကြောင်း MTC/ MDF က…

Read More

(006SV) စစ်ကော်မရှင်က ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင်ကြမည့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ပါတီထိပ်ပိုင်းခေါင်းဆောင် ၄ ဦးသည် CNLD ပါတီဝင်အဖြစ်မှ ရပ်စဲခံထားရသူနှင့် နှုတ်ထွက်ထားသူများဖြစ်ပြီး ပါတီနှင့် သက်ဆိုင်မှုမရှိတော့ကြောင်း ယင်းပါတီက ယနေ့မှာ ကြေညာသည်။ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အမျိုးသားတန်တူးရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးတွင် ပြည်သူလူထု၏ ဆန္ဒနှင့်အညိ ရပ်တည်လျက် တစိုက်မတ်မတ် ဆောင်ရွက်နေသည့် ပါတီဖြစ်သည်ဟု ယနေ့ အောက်တိုဘာလ ၃၀ ရက်မှာ ထုတ်ပြန်သည်။ Pu No Than Kap၊ Pu Zozam (ခေါ်) Zam Cin Pau၊ Salai Nhagepi (ခေါ် ) Thian Uk Thang နှင့် Pu Van Hmun Lian တို့သည် CNLD ပါတီနှင့် သက်ဆိုင်ခြင်း မရှိတော့ကြောင်း ပြည်သူလူထုကို အသိပေးထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ Pu No Than Kap နှင့် Pu Zozam တို့သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက ကျင်းပပြုလုပ်သည့် ပါတီညီလာခံတွင် ဒီမိုကရေ စီနည်းလမ်းဖြင့် ရွေးကောက်ဖွဲ့စည်းသည် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီတွင် ပါဝင်ခြင်း မရှိတော့ကြောင်း CNLD ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ Pu No Than Kap သည် ၂၀၂၁ ခုနှစ် မေလ ၂၁ ရက်တွင် CNLD ပါတီဝင်အဖြစ်မှ နှုတ်ထွက်စာ…

Read More

(002MG) စစ်ကိုင်းတိုင်း တမူးမြို့နယ်အတွင်း စစ်ဘေးတိမ်းရှောင်နေကြသည့် လူဦးရေ (၅၀၀) ကျော်ထံ စားနပ်ရိက္ခာအပါအဝင် ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် လိုအပ်သည့် အသုံး အဆောင်ပစ္စည်းများကို ကူကီးအမျိုးသမီးများ ဆိုင်ရာ လူ့အခွင့်အရေးအစည်းရုံး မှ ကူညီထောက်ပံ့ခဲ့သည်ဟု သိရသည်။အောက်တိုဘာလ ၁၀ ရက်နေ့မှ ၂၃ ရက်နေ့အတွင်း တမူးမြို့နယ် ကူကီး ဒေသက ကျေးရွာ (၈)ရွာတွင် နေထိုင် ကြသော ပြည်သူများအား အခြေခံစား နပ်ရိက္ခာများဖြစ်သည့် ဆန်၊ ဆီ၊ ပဲ၊ အားလူး များအား ထောက်ပံ့ ပေးသည့်အပြင် ကိုယ်ဝန် ဆောင်အမျိုးသမီးများ မီးဖွား ရာတွင်လိုအပ်သည့် အသုံးအဆောင်(Kits) ပစ္စည်း များအား အဓိကထား ထောက်ပံ့ပေးခဲ့ ခြင်းဖြစ် ကြောင်း သိရသည်။ “အခုလက်ရှိကတော့ စစ်ရှောင်တဲ့ကာလကြာလာပြီဆိုတော့ စားဝတ်နေရေးခက်ခဲမူ၊ ကျန်းမာရေး စောင့်ရှောက်ခံယူခွင့် ခက်ခဲမူ၊ စစ်ရှောင်နေရတဲ့ ကျေးရွာတွေရဲ့ နေရပ်အတင်းအကျပ် ပြန်စေမူတို့ ကြုံတွေ့နေရတယ်၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေက (၃၀၀) ဝန်းကျင်ဆိုတော့ အဓိက လိုအပ် ချက်ကတော့ ကာကွယ်ဆေး အကြိမ်ပြည့်ရေး ထိုးနှံနိုင်ရန်အတွက် လိုအပ်ချက်အဓိကဖြစ်တယ်” ဟု ကူကီး အမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းရုံးမှာ တာဝန်ရှိသူက ပြောသည်။ အဆိုပါ စစ်ဘေးတိမ်းရှောင်များသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလက တမူးခရိုင်၊ မြို့သစ်မြို့နယ် မြို့သိမ်းတိုက်ပွဲဖော်ဆောင်ချိန်တွင် စစ်ဘေးတိမ်းရှောင်ခဲ့သူများဖြစ် ပြီး စစ်ရှောင်ကာလ ကြာမြင့် လာသောကြောင့် စားနပ်ရိက္ခာများ လိုအပ်မှုကြုံတွေ့နေကြရသည်ဟု ကူကီးအမျိုးသမီးများ ဆိုင်ရာလူ့အခွင့်အရေးမှ တာဝန်ရှိသူက ပြောသည်။ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံးသည် သက္ကရာဇ်…

Read More

(006SV) မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်အနီးရှိ နတ်ရေကန်တောင်ခြေ ကာကင်းစခန်းကို ထိုးစစ်ဆင်တိုက်ပွဲတွင် ချင်းကာကွယ်ရေးတပ် – အရှိုက ရဲဘော်တစ်ဦး ကျဆုံးသွားသည်ဟု သိရသည်။ အောက်တိုဘာလ ၂၈ ရက်က နတ်ရေကန်တောင်ခြေ ကာကင်းစခန်းကို ထိုးစစ်ဆင်စဉ် ရှေ့တန်းတစ်နေရာတိုက်ပွဲတွင် CDF – အရှို ရဲဘော် ဆလိုင်းအာရှယ်ပါသည် ကျဆုံးရခြင်းဖြစ်သည်ဟု CDF – အရှိုမှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ပြောသည်။ “နတ်ရေကန်အနီး နတ်ရေကန်တောင်ခြေ ကာကင်းစခန်း ထိုးစစ်ဆင် တိုက်ပွဲမှာ ကျတာပါ” ဟု ဆလိုင်းရိုးချင်းက ပြောသည်။ ရဲဘော် ဆလိုင်းအာရှယ်ပါသည် တော်လှန်ရေး ရဲဘော်ကောင်း တစ်ဦးဖြစ်သောကြောင့် ယခုလို ဆုံးရှုံးမှုသည် အစားထိုးမရသော ဆုံးရှုံးမှု ဖြစ်သကဲ့သို့ ပေးအပ်လာသော အမိန့်နှင့် တာဝန်ကို အသက်နှင့် ခန္ဓာစွန့်၍ တာဝန်ထမ်းဆောင်ခဲ့သောကြောင့် ချင်းကာကွယ်ရေးတပ် – အရှိုက များစွာ ဂုဏ်ယူမိပါသည်ဟု ထုတ်ပြန်သည်။ ဆက်လက်ပြီး အပြီးပြတ်သေးသော တော်လှန်ရေးတာဝန်များကို CDF – အရှိုက ဆက်လက်ထမ်းဆောင် သွားမည်ဖြစ်ကြောင်း ကျဆုံးရဲဘော်၏ ဝိညဉ်ရှေ့မှောက်တွင် ကတိစ္စာပြုသည်ဟု ထုတ်ပြန်ထားသည်။ နတ်ရေကန်ဗျူဟာကုန်းရှိ စစ်ကော်မရှင်တပ်များ၏ အနည်းငယ် ကျန်ရှိနေရာတချို့ကို အာရက္ခတပ်တော် ULA/ AA နှင့် ပူးပေါင်းတပ်များက ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိနေသကဲ့သို့ ကစဉ့်ကလျား ထွက်ပြေးနေသော စစ်ကော်မရှင်တပ်ဖွဲ့ဝင်တချို့နှင့် တော်လှန်ရေးတပ်တို့သည် နေရာတချို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု အောက်တိုဘာလ ၁၇ ရက်မှာ ULA/ AA က ထုတ်ပြန်ထားသည်။…

Read More