Author: Editor

(006SV) ရခိုင်ပြည်၊ ကျောက်တော်မြို့ပေါ်ရှိ လူစည်ကား နေရာများမှ အရပ်သားပြည်သူများအပေါ် စစ်တပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကို ပြင်းထန်စွာ ရှုတ်ချပြီး အသက်ဆုံးရှုံးရသော ရခိုင်ပြည်သူများနှင့် ထပ်တူ ဝမ်းနည်ကြေကွဲ ရသည်ဟု ချင်းအမျိုးသားတပ်ဦး (CNF) က ထုတ်ပြန်သည်။ စစ်တပ်၏ ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်ပြည်သူများ အစုအပြုံလိုက် သေဆုံးမှုနှင့် ပတ်သက်၍ အောက်တိုဘာလ ၁ ရက်မှာ ယင်းသို့ ချင်းအမျိုးသားတပ်ဦး (CNF) က ထုတ်ပြန်လာခြင်းဖြစ်သည်။ “ယခုကဲ့သို့ အကြမ်းဖက်စစ်အုပ်စု၏ အပြစ်မဲ့ အရပ်သားများအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုသည် သူရဲဘော်ကြောင်သော လုပ်ရပ်ဖြစ်သည့်အပြင် ရက်စက်ကြမ်းကြုတ်သော စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် အကြမ်းဖက်မှု လုပ်ရပ်ဖြစ်သောကြောင့် ပြင်းထန်စွာ ရှုတ်ချသည်” ဟု ချင်းအမျိုးသားတပ်ဦးက ဆိုသည်။ စက်တင်ဘာလ ၂၈ ရက်က အာဏာသိမ်းစစ်တပ်သည် ကျောက်တော်မြို့ရှိ အရပ်သား ပြည်သူများ အသက်မွေးဝမ်းကျောင်း ရေးအတွက် သွားလာလှုပ်ရှားရာ လူစည်းကားရာ နေရာဖြစ်သော အိန္ဒိယဈေးနှင့် ကစ္ဆပနဒီတံတာ အနီးတဝိုက်ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်သည်ဟု သိရသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၅၀ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရပြီး ၆၀ ဦးခန့် ထိခိုက်ဒဏ်ရများ ရရှိခဲ့ကာ ၂၀ ဦးခန့်သည် ထိခိုက်ဒဏ်ရာ ပြင်းထန်ကြောင်း၊ အသက်ဆုံးရှုံးရသူများထဲတွင် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များ လည်း ပါဝင်ကြောင်း သိရသည်။ အသက်ဆုံးရှုံးခဲ့ကြသော ပြည်သူများ၏ မိသားစုဝင်များနှင့် ထပ်တူ ဝမ်းနည်းကြေကွဲရပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ပြည်သူများလည်း…

Read More

ကားအစီး ၂၀ ထက်မနည်း လမ်းခုလတ်တွင် သောင်တင်နေ (004SS) ချင်းပြည်နယ်အတွင်း တစ်ပတ်နီးပါး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တီးတိန်မြို့နယ်၊ တီးတိန်-ရိဒ်အကြားရှိ Khualmual ကျေးရွာအနီး မြေနီလမ်းပိုင်းများ ဆိုးရွားစွာ ပျက်စီးနေပြီး ခရီးသည်ကားနှင့် ကုန်တင်ကား အနည်းဆုံး အစီး ၂၀ ထက်မနည်း ရှေ့ဆက်မရ၊ နောက်ပြန်မဆုတ်နိုင်ဘဲ တစ်ပတ်နီးပါး ပိတ်မိနေကြောင်း သိရသည်။ အဆိုပါလမ်းပိုင်းသည် ကျောက်ခင်းထားခြင်းမရှိဘဲ မြေနီလမ်းသာဖြစ်သည့်အတွက် တစ်ပတ်လုံးလုံး မိုးရွာသွန်းပြီး ကုန်တင်ကားကြီးများ မကြာခဏဖြတ်သန်းမှုကြောင့် လမ်းပိုင်းတစ်လျှောက် ရွှံ့နွံများထူထပ်ကာ ကားငယ်များ နစ်မြုပ်၍ ရုန်းထွက်မရတော့ဘဲ သွားလာရခက်ခဲနေခြင်း ဖြစ်သည်။ “ကျွန်မတို့ တောင်ပေါ်လမ်းကတော့ သိတဲ့အတိုင်း ကျောက်ခင်းတာလည်း မဟုတ်၊ မြေနီလမ်းဆိုတော့ မိုးရာသီရောက်တိုင်း ဒီလို လမ်းပျက်စီးမှုအခက်အခဲကတော့ ကြုံရစမြဲပါပဲ။ ဒါပေမဲ့ ဒီတစ်ခေါက်က တစ်ပတ်လုံးလုံး မိုးရွာလို့ ကားကြီးတွေ တက်လာတော့ လမ်းတွေ ပိုပျက်ပြီး ကားလေးတွေဆို နွံနစ်ပြီး သွားလို့မရတော့တာပေါ့နော်။ ကားတွေကတော့ အများ ကြီးပဲ အနည်းဆုံး ၂၀၊ ၃၀ လောက်ရှိမယ် အချို့ကားတွေဆို သောင်တင်နေတာ တစ်ပါတ်လောက်ရှိတော့မယ်။ ” ဟု တီးတိန်-တီအိုချောင်းကြားမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ လက်ရှိတွင် တီးတိန်- ရိဒ်လမ်း ပုံမှန်အသုံးပြုသော တီးတိန်- လိုင်တွီလမ်းပိုင်းလည်း မံဆောင်းတံတားအနီး တစ်နေရာ မြေပြိုသည့်အပြင် တီးတိန်မြို့မှ စစ်ကောင်စီတပ်များက ပိတ်ပင်ထားမှုကြောင့် တီးတိန်- လိုင်တွီး- ရိဒ် လမ်းပိုင်းသွားလာ၍ မရဘဲ တီးတိန်- ဟေလေး- ရိဒ် လမ်းကြောင်းကို မော်တော်ယာဉ်များ…

Read More

ပြန်လည်ထူထောင်ရေး ဆောင်ရွက်နိုင်ရန် အကူအညီများ အရေးပေါ်လိုအပ်ဟု ဆို (006SV) မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ချင်းပြည်တဝန်းမှာ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပေါ်နေသည့်အတွက် ချင်းပြည်သည် သဘာဝန်ဘေးဒဏ်နှင့် ရင်ဆိုင်နေရပြီး ပြန်လည်ထူထောင်ရေးအတွက် အကူအညီများ လိုအပ်နေကြောင်း ချင်းပြည်အစိုးရ၊ လူမှုဖွံ့ဖြိုးရေးဝန်ကြီးဌာနထံမှ သိရသည်။ ချင်းပြည်၏ နေရာအနှံ့အပြားမှာ ရေကြီးရေလျှံမှု၊ မြေပြိုမှုများကြောင့် ဆေးရုံဆေးခန်းများ၊ လူနေအိမ်များ၊ စာသင်ကျောင်းများ၊ ကိုယ်ထူကိုယ်ထ လျှပ်စစ်ဓါတ်အားပေးရုံများ၊ လမ်းနှင့် တံတားများ စသည့်တို့မှာ ထိခိုက်ပျက်စီးမှု များပြားကြောင်း ချင်းပြည် အစိုးရ၊ လူမှုဖွံ့ဖြိုးရေးဝန်ကြီး Pu Za Thawng က ပြောသည်။ “ရေကြီးတာက ချင်းတောင်မှာ သိတဲ့အတိုင်း မိုးနည်းနည်း များရင်တောင် မြေပြိုတယ်၊ အခု ရေကြီးမှုလည်း ကြုံနေရတယ်။ တချို့ဒေသမှာဆိုရင် လမ်းတွေ အင်မတန်မှ ပြိုတယ်၊၊ သွားရေးလာရေး တော်တော် ခက်ခဲနေတယ်။ လမ်းသားတွေ ပဲ့ကျတာတို့၊ လမ်းတွေအကုန် ပါသွားတာတို့၊ ဒီလမ်းတွေက တကယ့် ပြည်သူတွေ အသုံးပြုတဲ့၊ တချို့နေရာမှာဆိုရင် ပြည်ထောင်စုလမ်းမတွေ၊ မြို့ချင်းဆက် လမ်းမတွေ ဖြစ်နေတယ်။ အခုက ရေက တအားကြီးနေတဲ့ အခါကြတော့ တော်တော်များများ ကျနော်တို့ ဌာနဆီကို သတင်းပို့လာတဲ့အရ တံတားတွေ ပါသွားတယ်။ တော်တော်လေး ပါသွားတာ တွေ့ရပါတယ်။ ဒါတောင်မှ ကျနော်တို့ မြို့နယ်ဒေသအားလုံးရဲ့ သတင်းကို မစုစည်းနိုင်သေးဘူး။ ကျနော်တို့ စုစည်းနိုင်သလာက်ကတော့ လမ်းပန်းဆက်သွယ်ရေးက ပျက်စီးမှု တော်တော်လေး ကြုံတွေ့နေရပါတယ်” ဟု လူမှုဖွံ့ဖြိုးရေးဝန်ကြီး Pu Za…

Read More

တီးတိန်-မံဆောင်း လမ်းပိုင်း ဆက်လက်ပိတ်ထား၊ ကုန်တင်ကားအစီး ၂၀ ကျော် ဖမ်းဆီးထားဟုဆို (004SS) ချင်းပြည်နယ်၊ တီးတိန်မြို့နယ်နှင့် ရိဒ်ခေါဒါရ်မြို့ကို ဆက်သွယ်ထားသည့် မဏိပူရမြစ်ကူး မံဆောင်းတံတားတွင် လုံခြုံရေးအခြေ အနေများကြောင့် သုံးပတ်နီးပါး တပ်စွဲနေရာယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယခုအခါ တီးတိန်မြို့ပေါ်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၃၀) မှ (၄၀) ဝန်းကျင်သည် လွန်ခဲ့သည့် သုံးပတ်ခန့်က PDF-Zoland ထံမှ ထွက်ပြေးလွတ်မြောက်လာသည့် စစ်သုံ့ပန်းများကို လာရောက်ကြိုဆိုစဉ်ကတည်းက မံဆောင်းတံတားတွင် နေရာယူ တပ်စွဲထားခဲ့ခြင်းဟု သိရသည်။ လက်ရှိတွင် တံတားရှိ စစ်သားများ ရုပ်သိမ်းသွားပြီဖြစ်သော်လည်း စစ်ကောင်စီဘက်က တီးတိန်မှ မံဆောင်းတံတားအထိ သွားရောက်သည့် လမ်းပိုင်းကို ပိတ်ဆို့ထားဆဲဖြစ်သဖြင့် ပုံမှန်လမ်းကြောင်းအတိုင်း သွားလာ၍ မရသေးကြောင်း သိရသည်။ “သူတို့က မံဆောင်းတံတားမှာ မရှိကြတော့ဘူး။ တီးတိန်ပြန်သွားကြပြီ။ အခု တီးတိန်ကနေ မံဆောင်းတံတားအထိ သွားလို့မရဘူး စစ်သားတွေက လမ်းပိတ်ထားတယ်။ တီအိုဘက်ကို ပိတ်ထားတာမဟုတ်ဘူး” ဟု မြေပြင်အခြေအနေ သိရှိသူ ဒေသခံအမျိုးသားတစ်ဦးက ခိုနူမ်းသုန်းကိုပြောသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မံဆောင်းတံတားမှာတပ်စွဲထားသည့်အချိန်မှာ ၁၂ ဘီးကား ၁၀ စီး၊ Forland ကား ၇ စီး နှင့် ကုန်များတင်ထားသည့်ကား ၉ စီးကို ဖမ်းဆီးကာ တီးတိန်မြို့မှာ ထိန်းသိမ်းထားကြောင်း ဒေသခံတစ်ဦးကပြောသည်။ “ကားသမားတွေကိုတော့ မဖမ်းဘူး၊ ကားတွေကိုဖမ်းထားတာ၊ တရားမဝင်ကုန်သွယ်လို့ဆိုပြီး ဖမ်းတာလို့သိရတယ်၊ ကုန်ပစ္စည်းတွေကိုတော့ လေလံတင်မလားမပြောတတ်ဘူး” ဟု တီးတိန်မြို့ခံတစ်ဦးကပြောသည်။…

Read More

မတူပီမြို့အနီးမှ ဖြတ်ကျော်နေသည့်အတွက် အညိုရောင်အဆင့် သတ်မှတ်ထား (006SV) အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် လက်ရှိမှာ ချင်းပြည်နယ်ကို ဖြတ်ကျော်နေပြီး နောက် ၂၄ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နှင့် ဘင်္ဂလားဒေ့်ရှ်နိုင်ငံ အရှေ့တောင်ပိုင်းကို ဆက်လက်ဖြတ်ကျော်သွားမည်ဖြစ်ပြီး ချင်း၊ ရခိုင်အပါအဝင် တိုင်းနှင့် ပြည်နယ်အချို့မှာ မိုးကြီးနိုင်ကြောင်း သိရသည်။ ချင်းပြည်နယ်၊ မတူပီမြို့အနီးမှ ဖြတ်ကျော်ခဲ့သော အားကောင်းသော လေဖိအားနည်း ရပ်ဝန်းသည် ချင်းပြည်နယ်၊ ဘင်္ဂလာဒေ့ရှ် နိုင်ငံ အရှေ့တောင်ပိုင်းနှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တို့ကို ဆက်လက် ဖြတ်ကျော်လျက်ရှိသည်ဟု စစ်တပ်အစိုးရ၊ လက်အောက်ခံ မိုးဇလဌာနမှ ယနေ့ စက်တင်ဘာလ ၃၀ ရက်၊ နေ့လယ် ၁၁ နာရီခွဲ တိုင်းထွာချက်များအရ ထုတ်ပြန်သည်။ လက်ရှိမှာ အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် မတူပီမြို့အနီးမှ ဖြတ်ကျော်နေပါသဖြင့် အညိုရောင်အဆင့် သတ်မှတ်ထားကြောင်း သိရသည်။ အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် ချင်းပြည်နယ်မှတဆင့် မြောက်- အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း မီဇိုးရမ်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလာဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းတို့တွင် လေဖိအားနည်း ရပ်ဝန်းအဖြစ်သို့ တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းထားသည်။ အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ယနေ့နေ့လယ်မှ အောက်တိုဘာလ ၁ ရက်အထိ ချင်း၊ ရခိုင်၊ ကချင်၊ နေပြည်တော်၊ မကွေး၊ စစ်ကိုင်း၊ တနင်္သာရီ စသည့် တိုင်းနှင့် ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံအပြားနှင့် ကရင်နီ၊ ကရင်၊…

Read More

(004SS) ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိ မြစ်ချောင်းများနှင့် ရေထုသယံဇာတများကို ကာကွယ်စောင့်ရှောက်ရန်အတွက် လာမည့် နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ငါးဖမ်းခြင်းတားမြစ်ထားကြောင်း ထန်တလန်မြို့နယ်ကောင်စီက ထုတ်ပြန်သည်။ ယခုကာလသည် ငါးဉချိန်ကာလဖြစ်သည့်အတွက် ရေထုနှင့် ငါးသယံဇာတ ကာကွယ်ရေးအတွက် ပြည်သူများ လိုက်နာရ မည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ယခု စက်တင်ဘာလ ၂၆ ရက်မှ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ငါးဖမ်းဆီးခွင့် ပိတ်ပင်ထားခြင်း ဖြစ်သည်။ အဓိက တားမြစ်ချက်များတွင် ငါးဆေးခတ်ခြင်း၊ ဒိုင်နမို လျှပ်စစ် ဖြင့် ငါးဖမ်းခြင်း၊ ကြိုးတန်းနှင့် ကြိုးကွင်းများထောင်ခြင်း၊ ဓာတုဆေး သို့မဟုတ် အဆိပ်ခတ်ခြင်း၊ ပိုက်ကွန်ကြီးများဖြင့် ဖမ်းဆီးခြင်း၊ ဗုံးခွဲခြင်းနှင့် ယမ်း သို့မဟုတ် မိုင်း ဖောက်ခွဲ၍ ငါးဖမ်းဆီးခြင်းတို့ လုံးဝမပြုလုပ်ရန် ပါဝင်သည်။ ယင်းတားမြစ်ချက်များကို လိုက်နာမှုမရှိဘဲ မြစ်ချောင်းများတွင် သွားရောက်ငါးဖမ်းဆီးသူများအား တည်ဆဲဥပဒေများနှင့် အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဟု ထန်တလန်မြို့နယ်ကောင်စီက သတိပေးထုတ်ပြန်ထားသည်။

Read More

သွေးချင်းမဟာမိတ် ULA/ AA နှင့် တလုံးတဝတည်း ပူးပေါင်းပြီး စစ်တပ်ကို အင်တိုက်အားတိုက် ခုခံတွန်းလှန်မည် (006SV) ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက် သေဆုံးမှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA) က ယနေ့ စက်တင်ဘာလ ၃၀ ရက်မှာ ထုတ်ပြန်သည်။ ကျောက်တော်မြို့ပေါ်ရှိ လူစည်းကားသော အိန္ဒိယဈေးအနီးဝန်းကျင်နှင့် ကစ္ဆပနဒီတံတားဝန်းကျင်တို့ကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် စက်တင်ဘာလ ၂၈ ရက်နေ့လယ်ပိုင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကိုယ်ဝန်ဆောင် အမျိုးသမီးများ အပါအဝင် ပြည်သူ ၅၀ ဦးအထိ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပြီ ၆၀ ဦးခန့် ထိခိုက်ဒဏ်ရာများ ရရှိသည်။ “ဤကဲ့သို့ ရင့်နင့်ဖွယ်ရာ ကြီးမားသည့် ဆုံးရှုံးမှုများ ကြုံတွေ့ရသည့် ကျန်ရစ်သူမိသားစုဝင်များ၊ အာရက္ခပြည်သူတစ်ရပ်လုံးနှင့်အတူ ထပ်တူထပ်မျှ စိတ်နှလုံးထိခိုက် ကြေကွဲဝမ်းနည်းရပြီး အကြမ်းဖက် စစ်ကော်မရှင်၏ ယခုကဲ့သို့ အပြစ်မဲ့ အရပ်သားပြည်သူများအား အငြိုးတကြီး အောက်တန်းကျ ရက်စက်ယုတ်မာစွာ ပစ်မှတ်ထား တိုက်ခိုက်မှုအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါသည်” ဟု CPU/ CPA က ဆိုသည်။ ကျောက်တော်လေကြောင်းတိုက်ခိုက်မှုသည် စစ်ရေးပစ်မှတ်များနှင့် လုံးဝသက်ဆိုင်ခြင်း မရှိဘဲ လူမျိုးဘာသာပေါင်းစုံ အရပ်သားပြည်သူများကို တမင်တကာ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်သည်ဟု CPU/ CPA က ထုတ်ပြန်သည်။ စစ်တပ်သည် ULA/AA နှင့် ထိတွေ့ရင်ဆိုင်သည့် စစ်မျက်နှာပြင်များတွင် အထိအခိုက်များစွာဖြင့် တပ်လန်ရှုံးနိမ့်နေသည့်အတွက် ပြည်သူဘက်သို့ ရှုံးမဲမဲကာ…

Read More

ချင်းတောင်ပိုင်းမှာ တိုက်ပွဲများ ပြင်းထန်နေဟုဆို (006SV) ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နှင့် ကန်ပက်လက်မြို့ကို ၅ လနီးပါ ထိုးစစ်ဆင်နေသော အာဏာသိမ်း စစ်တပ်၏ ထပ်မံဖြည့်တင်းလာသော တပ်မ ၇၇ စစ်ကြောင်းတစ်ခုသည် လောင်းရှည်- ကျင်ဒွေးလမ်းပိုင်းရှိ မဆာတွီရွာကို ဝင်ရောက်နေရာယူထားပြီး ဆွဲလွဲကျင်းရွာနှင့် အင်ဘူးရွာတို့တွင်လည်း စခန်းချနေကြောင်း သိရသည်။ မကွေးတိုင်း၊ ယောဒေသ၊ လောင်းရှည်မြို့မှတဆင့် ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဦးတည်ပြီး စက်တင်ဘာလ ၂၆ ရက်မှ စတင်၍ တပ်မ ၇၇ မှ အင်အားအလုံးအရင်းသည် လေကြောင်းပစ်ကူများ ရယူလျက် ထိုးစစ်ဆင်လာခြင်း ဖြစ်သည်ဟု ဒေသတွင်း သတင်းရင်းမြစ်များနှင့် စစ်ရေးစောင့်ကြည့်သူများထံမှ သိရသည်။ ကျင်ဒွေးမြို့ကို စစ်ကြောင်းထိုးလာသော စစ်တပ်နှင့် ချင်းတော်လှန်ရေး ပူးပေါင်းတပ်များအကြား တိုက်ပွဲများ ပြင်းထန်နေကြောင်း၊ အသေးစိတ်ကို မသိရှိသေးကြောင်း ချင်းတောင်ပိုင်းမှ သတင်းရင်းမြစ်တချို့က ပြောသည်။ စက်တင်ဘာလ ၂၆ ရက် ဆွဲလွဲကျင်းရွာဖက်ကို စစ်ကြောင်းထိုးလာသော တပ်မ ၇၇ ဗျူဟာမှူး ဦးစီး စစ်ကြောင်းသည် ယမန်နေ့ စက်တင်ဘာလ ၂၉ ရက်က မဆာတွီရွာကို အင်အား ၂၀၀ ကျော်ဖြင့် ဝင်ရောက်လာပြီး ဆွဲလွဲကျင်းနှင့် အင်ဘူးရွာတို့တွင်လည်း နောက်ချန်တပ်များ နေရာယူထားကြောင်း ချင်း- မကွေးအခြေအနေများကို ဖော်ပြနေသော ယောအလင်းတန်ကလည်း ရေးသားသည်။ စစ်ရေးလေ့လာစောင့်ကြည့်သူ CDM ဗိုလ်ကြီး ဇင်ယော်ကလည်း စစ်တပ်မှ တပ်မ ၇၇ ၏ နည်းဗျူးဟာတစ်ခုသည် လောင်းရှည်- ကျင်ဒွေးလမ်းပိုင်းရှိ မဆာတွီ၊ ဆွဲလွဲကျင်း၊ အင်ဘူးရွာတို့တွင်…

Read More

လေကြောင်းဗုံးကြဲမှုမှာ ပါဝင်ပတ်သက်သူ အားလုံးကို မကြာမီ လက်တုံ့ပြန်မည်ဟု ULA/ AA ဆို (006SV) ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ပေါ်ရှိ အိန္ဒိယဈေးဝန်းနှင့် ကစ္ဆပနီတံတားဝန်းကျင်ကို ယမန်နေ့က စစ်တပ်၏ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုတွင် အစုအပြုံလိုက် သေဆုံးသူ ၅၀ ဦးအထိ ရှိလာကြောင်း ULA/ AA နှင့် ရခိုင်အင်အားစုများထံမှ သိရသည်။ ထိခိုက်ဒဏ်ရာ ရရှိသူ ၅၈ ဦးအထိ ရှိလာပြီး ၎င်းတို့ထဲက ၂၂ ဦးထက်မနည်းက ပြင်းထန်စွာ ဒဏ်ရာ ရရှိထားသည်ဟု ULA/ AA က စက်တင်ဘာလ ၂၈ ရက် ညပိုင်းမှာ ထုတ်ပြန်သည်။ ယမန်နေ့ စက်တင်ဘာလ ၂၈ ရက် နေ့လယ် ၁၂ နာရီ ၁၀ မိနစ်ခန့်က ကျောက်တော်မြို့ပေါ်တွင် လူစည်ကားသော အိန္ဒိယဈေး အနီးဝန်းကျင်နှင့် ကစ္ဆပနဒီတံတားတို့ကို အာဏာသိမ်းစစ်တပ်သည် ဂျက်ဖိုက်တာ ၁ စီးဖြင့် ရည်ရွယ်ချက် ရှိရှိ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အိန္ဒိယဈေးဝန်းအနီးကို ဗုံးကြဲတိုက်ခိုက်ခံမှုဖြစ်စဉ်တွင် လမ်းသွား၊ လမ်းလာ၊ ဈေးရောင်းဈေးဝယ်၊ ကုန်တင်ကုန်ချ လုပ်သားများ အပါအဝင် အရပ်သားပြည်သူ ၄၉ ဦးအထိ သေဆုံးခဲ့သည်ဟု ULA/ AA က ယမန်နေ့ ညက ထုတ်ပြန်ပြီး ယနေ့မှာ ဆေးရုံတွင် ကျား ၁ ဦး ထပ်မံ သေဆုံးသွားသည့်အတွက် သေဆုံးသူ ၅၀ ဦး ဖြစ်သွားပြီဟု ရခိုင်စာရေးဆရာ‌ ဝေဟင်အောင်ထံမှ သိရသည်။…

Read More

(005MK) မီဇိုရမ်ပြည်နယ် Zokhawthar ကျေးရွာသင်္ချိုင်းတွင် မီဇိုးဘာသာစကားဖြင့် ရေးထိုးထားခြင်းမရှိသော အုတ်ဂူများကို တစ်ပတ်အတွင်းပြန်လည်ပြင်ဆင်ရန် Zokhawthar Branch YMA ၏ အမိန့်ထုတ်ပြန်ချက်ကို ပြန်ရုပ်သိမ်းပေးရန် ဗဟိုလိုင်လူငယ်များအသင်း(Central Young Lai Association) က တောင်းဆိုလိုက်သည်။ Zokhawthar သင်္ချိုင်းရှိ ဂူဗိမာန်များပေါ်တွင် မီဇိုဘာသာစကား မဟုတ်သည့် ရေးထိုးထားသော စာများကို တစ်ပတ် အတွင်း မီဇိုဘာသာစကားဖြင့် ပြန်လည်ရေးသားကြရန် Zokhawthar Branch YMA ၏ စာထုတ်ပြန် ကြေညာချက်ကို လူမှုကွန်ရက်ပေါ်တွင် တွေ့ရှိခဲ့ရပြီး ဤကိစ္စနှင့် ပတ်သက်၍ ဗဟိုလိုင်လူငယ်အသင်းမှ လေးလေးနက်နက်သဘောထားပြီး အကြောင်းရင်းမှာ Zokhawthar သင်္ချိုင်းရှိ မီဇိုဘာသာ မဟုတ်ဟု ဖော်ပြထားသော စာများမှာ ‘လိုင်ဘာသာစကား (Lai tawng)’ ဖြစ်သောကြောင့် ဖြစ်သည်ဟု CYLA က ယနေ့စက်တင်ဘာ ၂၉ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်သည်။ မီဇိုရမ်ပြည်နယ်တွင် လူမျိုးစုပေါင်းစုံ စုပေါင်းနေထိုင်ကာ Lusei, Lai, Mara, Hmar, Paihte အစရှိသဖြင့် ရှိကြပြီး မိမိတို့၏ ကိုယ်ပိုင်ဘာသာစကားများ ရှိကြသော်လည်း အချို့သော ဘာသာစကားများမှာ တဖြည်းဖြည်း အသုံးပြုမှု နည်းပါးလာပြီး ပျောက်ကွယ်လုနီးပါး ဖြစ်နေပါပြီဟု CYLA ကပြောသည်။ Zohnathlak ဟုခေါ်သော မျိုးနွယ်စုအသီးသီးတို့သည် မီဇိုရမ်ပြည်နယ်ကို မိမိတို့ပြည်နယ်အဖြစ်ခံယူကာ အတူတကွ နေထိုင်ကြပြီး ငြိမ်းချမ်းစွာဖြင့် လူမှုဘဝများကို တည်ဆောက်နေထိုင်လျက် ရှိကြသည်ဟု ဆိုသည်။ ထိုကဲ့သို့ စည်းလုံးညီညွတ်စွာ ပူးပေါင်းနေထိုင်ခြင်းသည် ဗဟို လိုင်လူငယ်အသင်း၏…

Read More