ရေး – (00RB)
ငှက်ဖျားဆိုတာ သူ့အတွက် သိပ်မစိမ်းလှပေမယ့် စစ်ဘေးရှောင်ဘ၀မရောက်ခင်မှာ ဒီရောဂါနာမည်ကို သူတို့ မိသားစု ထဲပြန်မကြားရတာအတော်လေးကြာနေပြီလို့ ဒေါ်ပါရ်းသဲ (နာမည်လွဲ) က ပြောပါတယ်။
ကလေး ၂ ယောက်ရဲ့ မိခင် ဒေါ်ပါရ်သဲတို့ မိသားစုဟာ ချင်းပြည်နယ် ဟားခါးမြို့ပေါ်ကဖြစ်ကြပြီး စစ်ကောင်စီတပ်ဖွဲ့နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ မြို့ပေါ်မှာ ခပ်စိတ်စိတ်တိုက်ပွဲဖြစ်လာတဲ့နောက်ပိုင်းမှာ အမျိုးသားဖြစ်သူရဲ့ ဇာတိရွာ ထန်တလန်မြို့နယ် Bungtlang ကျေးရွာဘက်ကို လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက စစ်ဘေးတိမ်းရှောင်ခဲ့ကြ တာဖြစ် ပါတယ်။
Bungtlang ကျေးရွာဟာ ထန်တလန်မြို့ကနေ မိုင် ၆၀ လောက်ကွာေ၀းပြီး အိန္ဒိယ-မြန်မာနယ်စပ်မှာတည်ရှိတဲ့ရွာငယ် လေးတစ်ရွာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လက စပြီး Bungtlang ကျေးရွာမှာ ရာသီတုပ်ကွေးပုံစံဖြင့် တစ်ယောက်ပြီး တစ်ယောက်ဖျားနှာလာကြပြီး ဒေါ်ပါရ်သဲတို့မိသားစုလည်း ကူးစက်လာခဲ့ပါတယ်။
နေပူမိုးရွာမရှောင် မိသားစု၀◌မ်းရေးအတွက် တောင်ယာသွားနေရတဲ့ ဒေါ်ပါရ်သဲရဲ့အမျိုးသားဖြစ်သူဟာ အရင်ဆုံးဖျား နှာရာကနေ ကလေးငယ် ၂ ယောက်ကူးစက်လာခဲ့ပြီး သူတို့မိသားစုတစ်ခုလုံးဖျားနာခဲ့ရတာလို့ သူမက ဆိုပါတယ်။
“ပြီးခဲ့တဲ့အပတ်တုန်းက ကျွန်မယောကျားဖျားတယ်။ ပြီးမှ သားနဲ့ သမီးဖျားတယ်။ ပြီးမှ ကျမဖျားတယ်။ အများကြီးပဲ။ တစ်ရွာလုံးဖြစ်နေတယ်။ တစ်မိသားစုမှာ လူ ၅ ယောက် ၆ ယောက်ရှိတဲ့လူက အကုန်လုံးဖျား တဲ့သူတွေလည်းရှိတယ်။ အနည်းဆုံး ၃ ယောက် ၄ ယောက်ဖျားတယ်။ တစ်ရွာလုံးပဲဖျားနေတယ်’’
Bungtlang ကျေးရွာဟာ အိမ်ခြေ ၁၂၀ လူဦးရေ ၇၀၀ လောက်နေထိုင်ကြပြီး ဆေးရုံ ဆေးခန်းမရှိပေမယ့် ဆေးရောင်းတဲ့ ဆိုင်တော့ရှိတယ်လို့သိရပါတယ်။ ဖျားနှာသူအများစုဟာ ဆေးဆိုင်က ဆေးတွေ၀◌ယ်သောက်ပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကုသနေကြရပါတယ်။
“ချောင်းဆိုးတယ်။ နာစေးတယ် ပြီးရင် ခေါင်းနာတယ်။ ချွေးထွက်တယ် အဲ့လိုမျိုး။ ခန္ဒာကိုယ်လည်းနာတယ်၊ ဒီတိုင်း ဆေးသောက်ပြီးနေပါတယ်။ ဘာမှ ကုသစရာလည်းမရှိလို့”
ဆေးရုံ ဆေးခန်းပြဖို့ဆိုရင်တော့ သူတို့ရွာကနေ ၅ မိုင်ကျော်ကျော်လောက်ေ၀◌းတဲ့ ထာအိုရွာမှာ ကျန်းမာရေး၀◌န်ထမ်း တစ်ယောက်ဆီသွားပြကြရသလို ပိုကောင်းတဲ့နေရာကိုသွားချင်ရင်တော့ တဖက်အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်ကို သွားရောက်ကုသလေ့ရှိကြပြီး ငွေမရှိသူ တွေကတော့ ဒီတိုင်မကုပဲ သောက်ဆေးတွေနဲ့ပဲ ကျေနပ်ရတာလို့ဆိုပါတယ်။
ဇွန်လကစတင်ပြီး အခုအချိန်ထိ ချင်းပြည်နယ်အနှံ့မှာ ဒေါ်ပါရ်သဲရဲ့ မိသားစုလို ငှက်ဖျားရောဂါ ကူးစက်ခံရသူ အရေအတွက် အမြောက်အမြားရှိခဲ့ပေမယ့် စစ်ပွဲတွေကြောင့် အချက်အလက်အတိအကျ ရရှိဖို့ ခက်ခဲနေဆဲပါ။ ဘာကြောင့် ချင်းပြည်နယ် မှာ ငှက်ဖျားရောဂါတွေ တကျော့ပြန်လည်ဖြစ်ပွားရတာပါလဲ။
(၁) ငှက်ဖျားအမြစ်ဖြတ်စီမံချက် ဆက်လက်မလုပ်ဆောင်နိုင်ခြင်း
ချင်းပြည်နယ် ထန်တလန်၊ ဟားခါး၊ ပလက်ဝ၊ ကန်ပက်လက်၊ မတူပီ နဲ့ မင်းတပ်မြို့နယ်တို့ဟာ ယခင်က ငှက်ဖျားအဖြစ် များတဲ့ ဒေသတွေဖြစ်ကြပြီး အဲဒီဒေသတွေမှာ စစ်အာဏာသိမ်းမှုမဖြစ်ပွားခင်က ကလေးနဲ့လူကြီး တွေမှာ တောင် ငှက်ဖျားရောဂါတွေ့ရှိမှုသိပ်မရှိတော့သလို အရပ်သားအစိုးရလက်ထက်တုန်းက ငှက်ဖျား အမြစ်ဖြတ် စီမံချက် လုပ်ဆောင်ခဲ့ကြပါတယ်။
ဒီလိုဆောင်ရွက်နေတဲ့အချိန်မှာပဲ စစ်အာဏာသိမ်းမှုဖြစ်လာတော့ အဲဒီစီမံချက်တွေဟာ ရပ်တန့်သွားခဲ့ရပြီး ဆက်မလုပ်နိုင် တော့ပဲ အခုတော့ ဒီမြို့နယ် တွေမှာ ငှက်ဖျား ဖြစ်ပွားမှုနှုန်း စိုးရိမ်စရာကောင်းလောက်အောင် အဆမတန် မြင့်တက်လာနေ လာနေတာလို့ ချင်းပြည်နယ်မှာ ကျန်းမာရေးလုပ်ငန်းတွေဆောင်ရွက်နေကြတဲ့အဖွဲ့အစည်းတွေကပြောပါတယ်။
ယခုနှစ် မေလ ၁၂ ရက်က ချင်းပြည်နယ်၊ လွတ်မြောက်နယ်မြေ တနေရာမှာ ဖွင့်လှစ်ထားတဲ့ Lailun ကုတင် ၂၀ ဆံ့ဆေးရုံက ချင်းပြည်သူ ၅၀၀ ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ရာမှာ လူနာ ၃၀ ရာခိုင်နှုန်းလောက် မှာ ငှက်ဖျားရောဂါ ဖြစ်ပွားနေတာတွေ့ရှိရတယ်လို့ ချင်းရေးရာအဖွဲ့ချုပ် ICA လက်ထောက်ညွှန်ကြားရေးမှူး၊ ဆလိုင်းဗန်ဆွီးစံက ပြောပါ တယ်။
“အခုအများဆုံးဖြစ်နေတာက ရာသီတုတ်ကွေးပေါ့နော်။ ရာသီတုတ်ကွေးက အဖြစ်အများဆုံးဖြစ်နေတယ်။ အရင်တုန်းက မရှိတော့တဲ့ဟာ ငှက်ဖျားပြန်ဖြစ်တဲ့ သူကလည်းတော်တော်လေး ရာခိုင်နှုန်း တိုးလာတယ်။ ဘာလို့လည်းဆိုတော့ ဆေးဝါးကု သဖို့ လုံလုံလောက်လောက် မရှိတာ၊ နောက်တချက်က ကြိုတင်ကာကွယ်မှုတွေ မလုပ်ပေးနိုင်တာ၊ အဲဒါကြောင့် ငှက်ဖျားက အတော်လေး အဖြစ်များနေပါတယ်”
Lailun ဆေးရုံးကို လာရောက်ကုသသူ ၅၀ ရာခိုင်နှုန်းမှာ ရာသီတုတ်ကွေ ဖြစ်ပွားနေပြီး၊ ၃၀ ရာခိုင်နှုန်းမှာ ငှက်ဖျားရောဂါ များ တကျော့ပြန် အဖြစ်များလာပြီးတော့ ကျန် ၂၀ ရာခိုင်နှုန်းမှာ ပုံမှန်ဖြစ်နေကြ နှာစေးချောင်းဆိုး၊ နာတာရှည် ရောဂါတွေဖြစ်တယ်လို့ ဆိုပါတယ်။
တကျော့ပြန် အဖြစ်များလာတဲ့ ငှက်ဖျားရောဂါဟာ ချင်းပြည်နယ်ရဲ့ နေရာတော်တော် များများမှာ ဖြစ်ပွားနေပြီး ယမန်နှစ်က ငှက်ဖျားရောဂါဖြစ်ပွားခြင်းမရှိတဲ့ ဖလမ်း၊ တီးတိန်နဲ့ တွန်းဇံ မြို့နယ်တို့မှာလည်း ငှက်ဖျားဖြစ်နေတဲ့ လူနာတွေကို တွေ့နေရ သလိုအဓိကအားဖြင့် မြို့တွေနဲ့ အလှမ်းဝေးတဲ့ ကျေးလက်ဒေသတွေ ပိုအဖြစ်များလာတာတွေ့ရတယ်လို့ ဆိုပါတယ်။
မတူပီမြို့နယ်အတွင်းမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့လက်အောက် ကျန်းမာရေး ဌာနရဲ့ စာရင်းအရ မတူပီမြို့နယ်မှာ ပြီးခဲ့တဲ့ မေလကနေ ယခုချိန်ထိ ငှက်ဖျားဖြစ်ပွားမှု ၃၀၀ ကျော်ရှိခဲ့ပြီး ခုလို ငှက်ဖျား တကျော့ပြန်ဖြစ်လာတာနဲ့ပတ်သက်လို့ ကျန်းမာရေးတာ၀န်ခံကခုလိုပြောပါတယ်။
“ငှက်ဖျားဒေတာအရ ဒီနှစ်အတွင်းမှာ မတူပီမြို့နယ်မှာ ငှက်ဖျားဖြစ်ပွားမှု က ၃၀၀ ကျော် ရှိခဲ့ပါတယ်။ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းက ပိုအဖြစ်များတယ်။ ဘာလို့လည်းဆိုတော့ အာဏာမသိမ်းခင် တုန်းကဆိုရင် ကျနော်တို့ ကာကွယ်နှိမ်းနင်း ရေး တွေ ကျနော်တို့ လုပ်တယ်။ အမျိုးသားရေးအဆင့်အနေနဲ့ ကာကွယ်နှိမ်နှင်း ရေးတွေ လုပ်နိုင်တာတွေရှိတယ်။ အခုက ကာကွယ်နှိမ်နှင်းရေးကလည်း မလုပ်နိုင်တော့ဘူး။ ကာကွယ်နှိမ်းနှင်းရေးက ထားပါဦး။ အခုက ဆေးတွေကအစ လုံးဝကို မရနိုင်တဲ့ အခြေအနေမျိုးရှိတယ်လေ’’
ချင်းပြည်နယ်အတွင်း ငှက်ဖျားဖြစ်ပွားသူတွေဟာ အသက် ၁၅ နှစ်အထက်လူငယ်နဲ့ လူကြီးပိုင်းတွေမှာ အများဆုံး ဖြစ်ပွား နေပြီး အသက် ၁၀ နှစ်အောက်ကလေးငယ်နဲ့ ကိုယ်၀န်သည်မိခင်တွေမှာတောင် ငှက်ဖျားရောဂါြဖစ်ပွားမှုမြင့်တက်လာနေ တယ်လို့သိရပါတယ်။
(၂) ဒေသခံပြည်သူများ စစ်ဘေးရှောင်ရခြင်း
မြန်မာ့နွေဦးတော်လှန်ရေးမှာ တူမီးသေနတ်စွဲကိုင်ပြီး စစ်ကောင်စီတပ်ဖွဲ့ကို အစောဆုံး တော်လှန်ခဲ့ကြသော ချင်းပြည်နယ် မှာ ၂၀၂၁ ခုနှစ်အောက်တိုဘာလကုန်ပိုင်းကစလို့ စစ်ကောင်စီက အနော်ရထာစစ်ဆင်းရေးအမည်တတ်ပြီး ချင်းပြည် ကို အကြီးအကျယ် စစ်ဆင်မှုတွေဆောင်ရွက်ခဲ့ပါတယ်။ ဒီလိုထိုးစစ်ဆင်တိုက်ခိုက်လာမှုကြောင့် ချင်းပြည်နယ်တ၀န်းလုံးမှာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားလာခဲ့ပြီး ချင်းအမျိုးသားတပ်မတော် CNA အပါအ၀◌င် ချင်းကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ခုခံ တွန်းလှန်မှုကြောင့် စစ်ကောင်စီတပ်ဟာ အထိနာခဲ့ရပြီး လေကြောင်း နဲ့ လက်နက်ကြီးတွေ အလွန်အကျွံအသုံးပြုခဲ့ပါတယ်။
ဒီလိုအခြေအနေတွေကြောင့် ချင်းပြည်နယ်တ၀န်းလုံးမှာ စစ်ဘေးရှောင်အရေအတွက်လည်း ပိုမိုများလာခဲ့ပြီး ပြည်တွင်းစစ် ဘေးရှောင်ဦးရေဟာလည်း သောင်းနဲ့ချီရှိလာခဲ့တာြဖစ်ပါတယ်။
ခုလို ချင်းပြည်နယ်မှာ ငှက်ဖျားဖြစ်ပွားမှု မြှင့်တက်လာရတာဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပွားတဲ့နောက်ပိုင်း ချင်းပြည်နယ်မှာ စစ်ရေးအရှိန်ပြင်းထန်လာပြီး တောတောင်တွေထဲ စစ်ဘေးရှောင်ရမှုတွေများလာတာ၊ ဒေသတခုကနေ တခြားဒေသကို လူဦးရေ ရွှေ့ပြောင်းနေထိုင်ရမှုတွေများလာပြီး ငှက်ဖျားကာကွယ်ရေးအတွက် ဆေးစိမ်ခြင်ထောင်တွေ ဖြန့်ဝေခြင်း မပြုနိုင်တော့တာ၊ ငှက်ဖျားရောဂါဖြစ်ပွားသူတွေကို စောလျင်စွာ ဆေးဝါးကုသမှု မပေးနိုင်ခြင်းတို့ကြောင့်ဖြစ် တယ်လို့ ၂၀၂၁ ခုနှစ်ကစလို့ ချင်းပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုပေးနေ တဲ့ အဖွဲ့ အစည်းကြီးတခုက လုံခြုံရေးအရ အမည်မဖော်လိုသူ အတွင်းရေးမှူးတစ်ဦးက ပြောပါတယ်။
“အဓိကတော့ ပြည်သူလူထုက စစ်ဘေးရှောင်ရတဲ့အခါကျတော့လေ စစ်ကြောင်းထိုးတဲ့အခါမှာ တောထဲတောင်ထဲတွေ မှာ ၂ ည ၃ ညအိပ်ရတာတွေရှိတယ် Population Movement ပေါ့လေ အဲဒါတွေကအရမ်းများနေတယ် ပလက်၀က အရင်က တည်း ငှက်ဖျားဖြစ်ခဲ့တဲ့မြို့နယ်ပေါ့နော် ပလက်၀ကပြည်သူလူထုတွေလည်း စစ်ဘေးရှောင်ရင်းနဲ့ တခြားမြို့ နယ်တွေကို ရောက်သွားတယ် အလားတူပဲ ငှက်ဖျားရောဂါအဖြစ်များတဲ့ဒေသကလူတွေက တခြားရွာကိုရောက် သွား တယ်ပေါ့လေ စစ်ဘေးရှောင်ရင်း တောထဲတောင်ထဲရောက်သွားတဲ့အခါမှာ ငှက်ဖျားရောဂါကူးစက်ခံရတယ် သူတို့ဆီ ကနေ တခြား တနေရာကိုရောက်သွားတဲ့အချိန်မှာ ငှက်ဖျားရောဂါမရှိဘူးတဲ့ အသိုင်းအ၀န်းမှာလည်း ငှက်ဖျားရောဂါတွေ တွေ့ရှိ လာရတယ်”
(၃) ကုသဆေးနဲ့ အခြားဆေးဝါးများ အချိန်မှီ မရရှိခြင်း
ဒီလိုအခြေအနေတွေကြောင့် ချင်းပြည်နယ်မှာ ငှက်ဖျားဆေးဝါးနဲ့ ငှက်ဖျားကာကွယ်ရေးလုပ်ငန်းတွေကို ထိရောက်လျင်မြန် စွာ စတင်ဆောင်ရွက်သင့်နေ ပြီဖြစ်ပေမယ့် စစ်ကောင်စီဟာ လက်နက်တစ်ခုကဲ့သို့ အသုံးချပြီး ငှက်ဖျားဆေးဝါးနဲ့ ဆေးစိမ် ခြင်ထောင်တွေ ပြည်သူလူထု ထံ မရောက်ရှိနိုင်ရေးအတွက် ဒေသတွင်း အဖွဲ့အစည်းတွေကို နည်းမျိုးစုံနဲ့ ကန့်သတ်ဖိအား ပေးထိန်းချုပ်နေ တယ်လို့လည်း သိရပါတယ်။
ယခုလက်ရှိအနေအထားမှာ အရည်အသွေး ပြည့်မီတဲ့ ငှက်ဖျား ဆေးဝါးတွေ ဝယ်ယူတာ၊ ပို့ဆောင်တာတွေ ပြုလုပ်ရာမှာ စစ်ကောင်စီရဲ့ ဟန့်တားပိတ်စို့မှုအပြင် ငွေကြေး အခက်အခဲတွေရှိနေတယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) မှ လက်ထောက် ညွှန်ကြားရေးမှူး ဆလိုင်းဗန်ဆွီးစံကပြောပါတယ်။
“လက်ရှိအခြေအနေကကြတော့ ဒီလိုပဲ ကြုံရာကျပန်းနဲ့ ဖြေရှင်းနေရတဲ့ အနေအထားပေါ့နော်။ လုံလောက်တဲ့၊ ထိရောက် တဲ့ ကုသမှုက ခုချိန်ထိ မရှိသေးပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အဓိကက ဆေးဝါးလုံလောက်မှု မရှိတဲ့ အပိုင်းပေါ့နော်။ ဘာလို့လုံလောက်မှု မရှိလဲဆိုတော့ ဘဏ္ဍာရေးပိုင်းမှာ demand က အရမ်းကြီးတဲ့ အခါကြတော့ funding မနိုင်တဲ့အပိုင်း၊ လူအင်အား မနိုင်တဲ့အပိုင်းတွေ တွေ့နေရတာပါ”
ဆေးရုံ ဆေးခန်း တိုက်ခိုက်ခံရခြင်းနှင့် ဆရာဝန်ဆရာမ နည်းပါးခြင်း
စစ်အာဏာသိမ်းထားတဲ့ ၂၀၂၁ ခုနှစ် ဖော်ဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ နှစ်နှစ်ကျော် အတွင်း ဆေးရုံ၊ ဆေးခန်းတွေကို သိမ်းယူတာနဲ့ တိုက်ခိုက်ဖျက်ဆီးမှုပေါင်း ၁၈၈ ကြိမ်၊ ဒီတိုက်ခိုက်မှုတွေအတွင်း ထိခိုက် ပျက်စီးခဲ့တဲ့ လူနာတင်ယာဉ် ၅၉ စီးနဲ့ အဓမ္မသိမ်းယူခံရတဲ့ လူနာတင်ယာဉ် ၄၉ စီး ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကျန်းမာရေးဝန်ကြီးဌာနက ဧပြီလ ၂၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ဒီနှစ်နှစ်ကျော်အတွင်းမှာပဲ ကျန်းမာရေးဝန်ထမ်း ၇၁ ဦး အသတ်ခံရပြီး၊ ၈၃၆ ဦး ဖမ်းဆီးခံရကြောင်းလည်း NUG ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ချင်းပြည်နယ်ဟာ မြန်မာတနိုင်ငံလုံးမှာ အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှု အားအကောင်းဆုံး ပြည်နယ်ဖြစ်သလို ကျန်းမာရေး၀◌န်ထမ်းအများစုဟာလည်း CDM ပြုလုပ်သွားကြတာကြောင့် စစ်ကောင်စီအနေနဲ့ ကျန်း မာရေးပိုင်းမှာ ထိထိရောက်ရောက်ဆောင်ရွက်နိုင်တာမရှိတော့တာလည်းဖြစ်ပါတယ်။
(၄) ဘာတွေပြင်ဆင်သွားသင့်သလဲ?
ကာကွယ်ခြင်းဟာ ကုသခြင်းထက်ကောင်းတယ်ဆိုတဲ့အတိုင်း ငှက်ဖျားရောဂါအဖြစ်များတဲ့ ယခုလို မိုးတွင်းကာလတွေမှာ ခြင်ကိုက်မခံရအောင်ဂရုစိုက်ကြဖို့၊ အိပ်တဲ့အခါ ခြင်ထောင်ထောင်ကြဖို့ အထူးသဖြင့် ဆေးစိမ်ခြင်ထောင်တွေအသုံးပြုဖို့၊ ဖျားရင် နီးစပ်ရာကျန်းမာရေးဌာနကို ငှက်ဖျားဟုတ်မဟုတ်သွေးစစ်ခိုင်းဖို့၊ အရည်အသွေးပြည့်မှီတဲ့ ငှက်ဖျားဆေး၀◌ါးတွေ အချိန်မှီရရှိနိုင်ဖို့စတဲ့ အသိပညာပေးမှုတွေလည်း ထိထိရောက်ရောက်ဆောင်ရွက်နိုင်မယ်ဆိုရင် ငှက်ဖျားရောဂါကနေ ကာကွယ်နိုင်မှာဖြစ်တယ်လို့ ကျန်းမာရေးအဖွဲ့အစည်းတွေက ပြောဆိုကြပါတယ်။
ငှက်ဖျားရောဂါဆိုတာ ငှက်ဖျားရောဂါပိုးသယ်ဆောင်တဲ့ ခြင်ကိုက်ခံရတာကနေ ဖြစ်ပေါ်လာတဲ့ ရောဂါ ဖြစ်ပါတယ်။ ငှက်ဖျားရောဂါကူးစက်ခံရပြီဆိုရင်တော့ ချမ်းတုန်တာ၊ ကိုယ်ပူတာ၊ ချွေးအလွန်မင်းထွက်တာ၊ ကြွက်သား အရိုးဆစ်တွေ ကိုက်ခဲတာတွေဖြစ်လေ့ရှိပါတယ်။
စစ်ကောင်စီရဲ့ ကျန်းမာရေး၀◌န်ကြီးဌာနကတော့ အမျိုးသားငှက်ဖျားရောဂါတိုက်ဖျက်ရေး စီမံချက်အနေဖြင့် ၂၀၂၅ ခုနှစ်မှာ မြန်မာနိုင်ငံအတွင်း ကူးစက်ခံရသော ဖယ်စီပါရမ် ငှက်ဖျားပိုးတွေ့သူလုံးဝမရှိစေဖို့နဲ့ ၂၀၃၀ ပြည့်နှစ်မှာ ခြင်ကိုက်ခံရခြင်းမှ တစ်ဆင့် လူအချင်းချင်းကူးစက်သော ငှက်ဖျားပိုးတွေ့လူနာ လုံးဝမရှိစေဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ငှက်ဖျားရောဂါ ကာကွယ် ထိန်းချုပ်ရေးမဟာဗျူဟာပါ လုပ်ငန်းစဉ်များအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတယ်လို့ ၂၀၂၃ ခုနှစ်ကဖေဖော်၀◌ါရီမှာထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် ယခုလက်ရှိနိုင်ငံအနေအထားမှာတော့ လက်တွေ့ဖြစ်လာဖို့ဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။
စစ်အာဏာသိမ်းမှုမဖြစ်ပွားခင် ချင်းပြည်နယ်မှာ အမြစ်ပြတ်ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီဖြစ်တဲ့ ငှက်ဖျား ရောဂါဟာ စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ ရိုက်ခတ်လာတဲ့အခြေအနေတွေကြောင့် တကျော့ပြန်ပေါ်လာခဲ့ပါပြီ။ ဒီအခြေအနေကို အချိန်မီ ထိန်းချုပ်ကာကွယ်မှုပိုင်းတွေကို အစောတလျင် ဆောင်ရွက်နိုင်ခြင်းမရှိဘူးဆိုရင် ချင်းပြည်သူတွေရဲ့ အနာဂတ် ကျန်းမာရေးအတွက် ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုဖြစ်လာဉီးမှာ ဖြစ်ပါတယ်။
(ဒီသတင်းဆောင်ပါးအတွက် အချက်အလက်များ ၀◌ိုင်း၀◌န်းရှာဖွေအားဖြည့်ပါ၀င်ပေးကြသောအဖွဲ့သားများအပေါ် ကျေးဇူးတင်ပါသည်။)