မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်ဖေဖော်၀ါရီလ ၁ ရက်နေ့က စစ်အာဏာသိမ်းမှုဖြစ်ပွားတဲ့နောက်မှာ တနိုင်ငံလုံးကပြည်သူတွေဟာ စစ်အာဏာရှင်စနစ်ကို နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီထဲမှာ အစိုးရ၀န်ထမ်းတွေဟာလည်း “ရုံးမ တက်နဲ့ရုန်းထွက်” ဆိုတဲ့ကြွေးကျော်သံနဲ့အတူ အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာပါ၀င်လာခဲ့ကြပါတယ်။
ချင်းပြည်နယ်ဟာ မြန်မာတစ်နိုင်ငံလုံးမှာ CDM လှုပ်ရှားမှုအားအကောင်းဆုံးပြည်နယ်တစ်ခုဖြစ်ပြီး အရပ်ဖက်အဖွဲ့အစည်း တွေရဲ့ အဆိုအရ ချင်းပြည်နယ်က အစိုးရ၀န်ထမ်း ၇၀ ရာခိုင်နှုန်းကျော်ဟာ CDM ပြုလုပ်ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်မှုမှာပါခဲ့ကြပါတယ်။
အစိုးရ၀◌န်ထမ်းတွေဟာ ရုံးမတက်နဲ့ရုန်းထွက် ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ တော်လှန်ရေးတပ်ဦးအဖြစ် ရှေ့တန်းက ထွက် ပြီး ရဲရဲ၀◌ံ့၀◌ံ့ချီတက်ခဲ့ကြပြီး အဓိကနေရာမှာ ပါ၀င်ခဲ့ကြပေမယ့် အိမ်နီးချင်းအိန္ဒိယ နိုင်ငံကိုထွက်ပြေးခဲ့နေ ထိုင်ခဲ့ကြတဲ့ CDM ၀◌န်ထမ်းတွေဟာ တော်လှန်ရေးကာလ ကြာမြင့်လာတာနဲ့အမျှ အလုပ်အကိုင်မရှိတာ၊ အထောက်ပံ့တွေလည်း မရရှိကြတာကြောင့် အတော်လေးအခက်အခဲနဲ့ရင်ဆိုင်ခဲ့ကြရတယ်လို့သိရပါတယ်။
အိန္ဒိယနိုင်ငံမှာ မြန်မာနိုင်ငံကနေ ထွက်ပြေးခိုလုံလာကြတဲ့ CDM ၀န်ထမ်း အယောက် ၁၅၀၀ ကျော်လောက်ရှိတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတချို့က ခန့်မှန်းထားကြပါတယ်။ အဲဒီထဲက ၃ ပုံတစ်ပုံလောက်ကတော့ စား၀◌တ်နေရေးအခက် တွေ ကြောင့် နေရပြန်သွားကြတယ်လို့သိရပါတယ်။
အိန္ဒိယဘက်မှာ ရောက်ရှိနေကြတဲ့ CDM ၀◌န်ထမ်းတွေရဲ့ ဘ၀ရပ်တည်ရေး အခြေအနေက ဘယ်လိုရှိပါသလဲ၊ ဘယ်လို အခက်အခဲစိန်ခေါ်မှုတွေကြုံနေကြရတာပါလဲ ဒီကိစ္စနဲ့ပတ်သက်ပြီး ကိုယ်တိုင် CDM ဆရာမတစ်ဦးလည်းဖြစ် CDM တွေအကြောင်းကို သုတေသနပြုလေ့လာနေတဲ့ တက္ကသိုလ် ကထိက ဒေါက်တာ မေရီကို ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။
မေး- အိန္ဒိယနိုင်ငံကိုရောက်လာတဲ့ CDM ဝန်းထမ်းဘယ်လောက်လောက်ရှိလဲ။
ဖြေ- မဏိပူရ်ရော၊ နာဂလဲန်းတွေရော၊ ဒေလီရော၊ မိဇိုရမ် အထိ CDM တွေရှိနိုင်မယ့်နေရာတွေကို ဆက်သွယ်ပြီးတော့ စာရင်းတွေတော့ ပြုစုခဲ့တာမျိုးတွေတော့ရှိခဲ့တယ်။ ပြည့်စုံမှုတော့ မရှိလောက်ဘူး။ ၊ ကျမရထားတဲ့ ဒေတာအရကတော့ ၁၂၀၀ ကနေ ၁၅၀၀ အကြားတော့ ရှိလိမ့်မယ်။ ဒီမှာကျတော့ လူတွေကလည်း ရွေ့ပြောင်းသွားလာ နေကျတော့ စာရင်း ကတော့တိတိကျကျဘယ်လောက်ရှိပါတယ်ဆိုပြီးမှ ပြောလို့မရပါဘူး။
မေး-CDM ၀န်ထမ်းတွေက ဘယ်ဒေသကများလဲ။
ဆရာမ- ချင်းပြည်နယ်ကပိုများတယ်၊ စစ်ကိုင်းတို့ ၊မကွေးတို့ကအနည်းစုရှိပါတယ်။
မေး- အိန္ဒိယ ဘက်ကိုရောက်ရှိနေကြတဲ့ CDM ၀န်ထမ်းတွေဟာ ဘယ်လိုရပ်တည်နေကြရတာပါလဲ။ သူတို့တွေ ဘယ်လိုနေထိုင်ပြီး ဘာတွေလုပ်ကိုင်နေကြရပါလဲ။
ဖြေ – ပုံမှန်အားဖြင့် ကျမတို့ ဒီဖက်က CDM ဖြစ်ဖြစ် စစ်ဘေးရှောင်ကြားထဲမှာရောနေတာပေါ့နော်၊ ကျမတို့ရဲ့ နေထိုင် တဲ့ပုံစံက တချို့ကျတော့ မိသားစုရှိတော့ အိမ်ဌားနေတယ်၊ စစ်ရှောင်ထဲမှာနေတာမျိုးရှိတယ်၊အမျိုးအိမ်တွေမှာ နေတာ မျိုးရှိတယ်၊ အလုပ်အကိုင်အခွင့်အလမ်းနေရာမျိုးတွေမှာကျတော့ ကွာခြားမှုရှိနိုင်တာပေါ့နော၊ အိမ်ဌားနေတဲ့သူက ပိုပြီးလွတ်လပ်မယ်၊ စစ်ရှောင်ထဲနေတဲ့သူတွေကတော့ စခန်းစည်းကမ်းလိုက်နာရတဲ့အတွက်ကြောင့်သူ့မှာ ဖိအားရှိတာ မျိုးတွေရှိမယ်၊မတူတဲ့ဟာမျိုးပေါ့၊ အိုင်းဇောလ်မှာရှိတဲ့သူအတွက်ကတော့ အတားအဆီးတမျိုးဖြစ်သွားမယ်၊ အများ အားဖြင့် အိုင်းဇောလ်ဖက်က တွေ့ရတဲ့ CDM တွေကျတော့ ဒီသက်ဆိုင်ရာအာဏာပိုင်၊ ဒေသအစိုးရတွေက အလုပ် လုပ်ခွင့်မပေးတာမျိုးတွေကြုံရတယ်၊ ကျမတို့မှာ အလုပ်အကိုင်အခွင့်အလှမ်းမရှိကြဘူး၊ တဖက်ကလည်း ပုံမှန် ထောက်ပံ့ပေးကြေးရတာမျိုးလည်းမရှိဘူး၊ ကျမကိုယ်တိုင်လည်း ထောက်ပံ့ကြေးတခါမှ မရဖူးဘူး၊ အဲ့လိုဟာမျိုး တွေအများကြီးရှိနေမှာပဲပေါ့နော်။ ကိုယ်တိုင်အဆက်အသွယ်မလုပ်တာလည်းဖြစ်ကောင်းဖြစ်မယ်၊ ပြီးတော့မှ စာရင်းထဲ မှာလည်း ကိုယ့်လှည့်မရောက်လာသေးတဲ့အရာတွေရှိကောင်းရှိမယ်၊ အကြောင်းအရာတွေတော့အများကြီးပေါ့၊ ဒီဖက်မှာက အများစုက အလုပ်ကြမ်းလုပ်ရတယ်၊ အလုပ်ကြမ်းလုပ်ရတယ်ဆိုတော့ တရားဝင်စာရွက်စာတမ်းရှိတာမဟုတ်တော့ တချို့နေရာတွေမှာ လုပ်အားခခေါင်းပုံဖြတ်တာ မျိုးတွေကြုံနေရတယ်၊ ချက်ချင်းလုပ်အားခ မရှင်းပေးတာမျိုးရှိ တယ်၊ သူတို့မှာ ဘယ်လိုဖြေရှင်းရမလဲမသိဘူးခက်ခဲတာမျိုးရှိတယ်၊ ပြီးတော့မှ တချို့CDM တွေကျတော့ စျေးရောင်းတယ်၊ တနိုင်တပိုင်နဲ့ တချို့ကျတော့ အမျိုးအိမ်မှာ စီးပွားရေးလုပ်ငန်းတွေမှာ ဝင်ကူတာမျိုးတွေ့ရမယ်၊ ဒီမှာဆိုရင် တချို့ဆရာ၊ ဆရာမတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကတော့ သူတို့ရဲ့ လုပ်ငန်းကို လက်တွေ့ကျင့်သုံးနိုင်တယ်၊ ဆရာ၊ဆရာမတွေဆိုရင် စခန်းတွေမှာ စာပြန်သင်ပေး တာမျိုးလုပ်တယ်။ ကျန်းမာရေးဝန်ထမ်းတွေဆိုရင် ကျန်းမာရေးနဲ့ပက်သက်တဲ့နေရာတွေမှာ ပြန်ပြီးတော့ လုပ်အားထမ်းဆောင်နိုင်တာတွေ့ရတယ်။
မေး-CDM ၀န်ထမ်းတွေထဲမှာ ဘယ်လိုဝန်ထမ်းမျိုးကပိုများလဲ။
ဖြေ – စုံတယ်၊ ကျန်းမာရေးဝန်ထမ်း၊ ပညာရေးဝန်ထမ်း၊ ပညာရေးမှာက ကျမထင်တာကတော့ အခြေခံပိုများတယ်၊ အဆင် မြင့် တက္ကသိုလ် ဆရာ၊ ဆရာမကျတော့ လူနည်းစုပေါ့။ အခြေခံဆရာ၊ဆရာမတွေကတော့များတယ်။ တခြားမီးရထား ဝန်ထမ်း၊ဝန်ကြီးဌာနပေါင်းစုံက CDM အကုန်းလုံးက ဒီမှာရှိကြတယ်။ နည်းတာများတာကပဲ ကွာသွားမှာပါ။
မေး- ဒီဘက်ကိုရောက်လာတဲ့ CDM ၀န်ထမ်းတချို့ဟာ နေရပ်ပြန်သွားတဲ့သူတွေလည်း များတယ်လို့သိရပါတယ်။ ဘယ်လိုတွေကြောင့် သူတို့တွေက ပြန်သွားကြတာပါလဲ။ အဲဒီအခြေအနေကိုရှင်းပြလို့ရမလား။
ဖြေ – ကျမကြုံတွေ့နေရတဲ့ ပတ်ဝန်းကျင်အခြေအနေအရပြောမယ်ဆိုရင် တော်တော်များများကတော့ ပြန်သွားကြ တာမျိုးရှိတယ်၊ အကြောင်းအရင်းကိုပြန်စစ်ကြည့်မယ်ဆိုရင် တချို့က မိသားစုကျန်းမာရေး၊ ဥပမာ မိဘတွေထားခဲ့ပြီး ဒီဖက်ကိုလာခဲ့တာဆိုရင် ကိုယ့်မိဘကျန်းမာရေးကြောင့်သာမဖြစ်မနေပြန်သွားရတာပေ့ါ လေ။ တကယ်ဆိုရင်လုံခြုံရေးအရ အန္တရာယ်အရမ်းရှိတဲ့မြင့်မားနေတဲ့အရာထဲတောင်မှ မဖြစ်မနေပြန်သွားကြရတာမျိုး၊ တချို့ကျတော့ မြေပြင်မှာပြန်ပြီး တာဝန်ထားတာမျိုး၊ ဥပမာ ဆရာဝန်မျိုး၊သူနာပြု၊အခြေခံဆရာ၊ဆရာမတို့ဆိုရင် ကလေးတွေရဲ့ ပညာရေးကိုရှေးရှုပြီးမှ အန္တရာယ်ကြားကနေပြီးမှ ပြန်သွားရတာမျိုး၊ တချို့ကျတော့ ငွေကြေးထောက်ပံ့မှုမရနိုင်တာ၊ ဒီမှာက လည်း အလုပ်အကိုင် အခွင့်အလှမ်းကမရနိုင်ဘူး၊ ပြီးတော့ UNHCR တတိယနိုင်ငံသွားဖို့မျော်လင့်ချက်တွေကလည်း မဖြစ်နိုင်တာမျိုး၊ ကြန့်ကြာ နေတာမျိုး၊နှောင့်နှေးနေတာမျိုးဖြစ်နေတဲ့အခါကျတော့ ဒီမှာနေတော့လည်း မထူးတော့တဲ့ အခါကျတော့ မြန်မာပြည်ကို ပြန်သွားမယ်ဆိုတဲ့လူတွေလည်းရှိတယ်၊ နောက်တချို့ကျတော့ မိသားစုပေါင်းစည်းရေးအတွက် ပြန်သွားတာမျိုးတွေ့ရ ပါတယ်။
မေး- CDM ၀◌န်ထမ်းတွေဆိုတာ မြန်မာ့နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကဦးဆောင်ခဲ့သူတွေလို့ပြောလို့ရတယ်ပေါ့လေ။ ရုံးမတက်နဲ့ ရုန်းထွက်ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့ကြပြီး အလုပ် ရာထူးတွေစွန့်လွှတ်ပြီး တော်လှန်ရေးထဲပါ၀င်ခဲ့ကြတယ်၊ ခုအခါမှာတော့ တော်လှန်ရေးအချိန်ကြာလာတာနှင့်အမျှ အမေ့လျှော့ခံ နေကြရတယ်ဆိုပြီး CDM တွေကိုယ်တိုင်က ပြောတာတွေရှိလာပါတယ်။ ဒီအပေါ်မှာကော် ကိုယ်ကိုတိုင်က CDM ကျောင်း ဆရာတစ်ယောက်အနေနဲ့ ဘာများပြောချင်လဲ။
ဖြေ -အကြမ်းမဖက်အာဏာဖီဆန်ရေးက ပြည်သူတွေနဲ့အတူကျမတို့ဝန်ထမ်းတွေက ပြည်သူတွေနဲ့စခဲ့တာပေါ့၊ ကျမတို့ ဝန်ထမ်းတွေပဲလားမဟုတ်ဘူး ကျောင်းသူကျောင်းသားတွေက အခုထိ CDM လုပ်ပြီးမှ တော်လှန်ခဲ့ကြတယ်။ ပြောရမယ်ဆိုရင် ကျမတို့ရဲ့ CDM သပိတ်ကတော့ တော်လှန်ရေးသက်တမ်းတလျှောက် ခိုင်မာနေတုန်းပဲ တော်လှန်ရေးနဲ့ အတူလက်တွဲနေတုန်း ၊သွားနေတုန်း ပဲ၊ဆက်ပြီးတော့မှလည်း ဒီတော်လှန်ရေးနဲ့အတူသွားနေအုံးမှာပဲ၊ ဒါပေမယ့် တခါ တလေကျရင် တလရ မှာ ဦးစားပေးရမယ့်အပိုင်းလေးတွေ၊ ခေါင်းထဲမှာရှိတယ်ဆိုပေမယ့်တချို့သော အရာလေးတွေကို ဦးစားပေးရတဲ့အရာတွေကြောင့် CDM ကိစ္စမှေးမိန်သွားတဲ့ဟာမျိုးရှိတယ်။ ပြောရမယ်ဆိုရင် ကျမတို့က အမေ့လျော့ခံရ တယ်ဆိုတာလည်းမှန်ပါတယ်။ ကျမတို့ကိုယ်တိုင်ကလည်းမေ့လျှော့ခံနေရတယ်ဆိုတဲ့ဟာမျိုး။
နောက်တခုက ၂၀၂၁ အစပိုင်း မှာ CDM ကိစ္စပေါ်လစီတွေရေးဆွဲကြတယ်။ ဒါဆိုရင် CDM တွေက တော်တော်လေး မျှော်လင့် ခဲ့ကြတယ်။ ဒီထဲမှာဘာပါမလဲ၊ပြီးတော့ CDM ပေါ်လစီရေးဆွဲတယ်ဆိုတော့ CDM တွေရဲ့ အသံကိုတော့ နားထောင်မှာပဲ ဆိုတာမျိုးပေါ့၊ ဒါပေမယ့် ပြောရမယ်ဆိုရင်တော့ CDM တွေဘာလိုနေလဲဆိုတာကို ပဏမပဲဖြစ်ဖြစ်၊ စစ်တမ်းပဲဖြစ်ဖြစ် ကောက်ခဲ့လားမကောက်ခဲ့လားဆိုတာ ကျမတော့မသိတော့ မဖြည့်ခဲ့ရဘူး။ တချို့ကိစ္စတွေမှာကျတော့ ကျမက အဆက် သွယ်ပြတ်သွားတာမျိုးရှိတော့ အဲ့ကျတော့ ဒီပေါ်လစီတွေပြန်ဖတ်ကြည့်တဲ့အခါကျတော့ ဒီတော်လှန်ရေး ပြီးသွားရင် ကျမတို့က ဒီ CDM တွေကို ဘယ်လိုမျိုး၊ဘယ်လိုရာထူးပေးမယ် ပြောရမယ်ဆိုရင်တော့ ဆုချတာပေါ့ ဘယ်လိုနေရာ မှာထားမှာဆိုတာမျိုး၊ ပြီးတော့မှ Non CDM တွေကိုကျတော့ ဝန်ထမ်းရေးရာအရ၊ စီမံခန့်ခွဲရေးဆိုင်ရာအရ အရေးယူမှာ၊ စကစနဲ့ ပေါင်းတဲ့ထင်ရှားတဲ့ဟာတွေကို ပြစ်မှုကြောင်းအရ အရေးယူမယ်ဆိုတဲ့ဟာတွေပဲ ပါတာပေါ့နော်။
ကျမတို့မျှော်လင့်ထားတာက တော်လှန်ရေးက ဘယ်လောက်ကြာမလဲမသိဘူး ဒီဝန်ထမ်း၊ ဒီ CDM ပေါ်လစီထဲမှာ ဒီတော် လှန်ရေးကာလမှာ CDM တွေရဲ့ အခွင့်အရေးကို ဘယ်လိုပံ့ပိုးမလဲ၊ ဘယ်လိုကာကွယ်မလဲ၊ ကျမတို့ရဲ့အပိုင်းကို ဘယ်လို မြင့်တင်ပေးမလဲဆိုတဲ့ဟာမျိုး၊ တော်လှန်ရေးနဲ့အတူ ကျမတို့ရဲ့အပိုင်းကို ဘယ်လိုမြင့်တင်ပေးမလဲဆိုတာကို မျှော်လင့် ထားခဲ့တာ ဒါပေမယ့်လည်း ဒီဟာတွေကိုမတွေ့ရဘူး။ ဒီထဲမှာကိုမှ ကျမတို့က အမေ့လျော့ခံတယ်လို့ပြောရပြန်ရင် မဟုတ်ပြန်ဘူး၊ ပြောရမယ်ဆိုရင် တချို့ဝန်ကြီးဌာနရှိတဲ့သူတွေဆိုရင် သူ့ဝန်ကြီးဌာနအလိုက်ကို ထောက်ပံ့ကြေးတွေပေး နိုင်တဲ့သူတွေလည်းရှိတယ်။ ဥပမာ-ကာကွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ မီဒီယာတွေဆိုရင် သူ့လူကိုသူချိတ်ဆက်နိုင် တယ်၊ ကောင်းကောင်းလေ ဆက်သွယ်ရေး တည်ဆောက်နိုင်တယ်၊ ဒါပေမယ့် ဒီ NUG မှာ ဌာနမရှိတဲ့ ဝန်ကြီးဌာနက ဝန်ထမ်းတွေ ဥပမာ-မီးရထားဝန်ထမ်းတွေဆိုရင် မရှိတော့ဘူး၊ ဒါတွေကျတော့ ကျမတို့က လွတ်နေတာ၊ ဘယ်ကိုသွားပြီးမှ ဘယ်နေရာမှာကိုသွားရမလဲ ဒါလေးတွေကြောင့်ပဲတချို့က မေ့လျှော့ခံရတယ်လို့ပြောထွက်ရခြင်းဖြစ်ပါတယ်။
မေး- အိန္ဒိယဘက်ကို ရောက်ရှိလာကြတဲ့ CDM ၀◌န်ထမ်တချို့ကို မေးမြန်းကြည့်တဲ့အခါမှာ NUG အစိုးရထံကနေ ဖြစ်ဖြစ်ပေါ့လေ တခါမှထောက်ပံ့ကြေးမရတဲ့သူတွေလည်းရှိတယ်လို့သိရတယ်။ ဆိုတော့အဲဒါက ဘယ်လိုကြောင့်ပါလဲ။ ဒီအပေါ်မှာကော်ဘာများပြောချင်လဲ။
ဖြေ -အဆက်သွယ်ပြတ်တာလား၊ သတင်းအချက်အလက်ပြတ်တာဖြစ်မလား ပြောရမယ်ဆိုရင် ကျမလည်း မိခင်ဝန်ကြီး ဌာနနဲ့ မချိတ်မိပါဘူး၊ ဒီတိုင်းပဲရှိနေတယ်ပေါ့၊ ကြားထဲမှာကျမတို့ CDM ဖောင်ဖြည့်ရတဲ့ဟာမျိုးရှိတယ်၊ CDM ဖောင်ဖြည့်မှ CDM ဖြစ်ကြောင်းအသိအမှတ် ကုတ်နံပါတ်လေးရထားတာမျိုးရှိတယ်၊ ဒါပေမယ့် အဲ့ကာလတုန်းက အင်တာနက်လိုင်းတွေ ဖြတ်ထားတော့ ဖြည့်မရတာမျိုးရှိတယ်။ ကျမတို့ဆိုရင် ဖြည့်မရဘူး၊ အခုနောက်ပိုင်းလည်း CDM ကုတ်ရချင်တယ် ဖြည့်ချင် တယ်ဆိုရင် ကူညီပေးတယ်၊ ဖြည့်လို့ရသေးတယ်။ ကျမထင်တာကြားထဲမှာ အချက်အလက်မရတာလား၊တခြား စစ်ကိုင်း၊ မကွေးတို့ကိုမပြောဘူး၊ ကျမနဲ့ ထိတွေ့များတဲ့ ချင်းပြည်နယ်ကိုပြောရမယ်ဆိုရင် သူ့မြို့နယ် အလိုက် CDM စာရင်းလေး တွေရှိလိမ့်မယ်။ အဲ့မှာများ စာရင်းဝင်ဖို့၊ ပျက်ကွက်တာမျိုးလား၊ ဒါမှမဟုတ်ခိုင်မာတဲ့ CDM အဖွဲ့အစည်းတွေ လိုမျိုုးမရှိတဲ့ အခါကျတော့ ဘယ်နေရာကို သတင်းပေးရမယ်မျိုးမသိတာလားပေါ့၊ ကြားထဲမှာ သတင်းအချက်အလက်တွေက ပြတ်နေ တယ်။
မေး- CDM ၀န်ထမ်းတွေအတွက် သက်ဆိုင်ရာတာ၀◌န်ရှိသူတွေက ဘာတွေစီစဉ်ပေးသင့်လဲ။
ဖြေ – နွေးဦးထီရှိတယ်၊ အဓိက CDM တွေအတွက် ပံ့ပိုးဖို့ဆိုပြီးလုပ်ထားတဲ့ဟာပေါ့၊ ဒါပေမယ့် နွေဦးထီတခါဖွင့်တိုင်း CDM ဘယ်လောက်ရာခိုင်နှုန်းကို ပံ့ပိုးပေးထားတယ်ဆိုတာမသိရဘူး၊ ကျမ မသိတာလည်းဖြစ်နိုင်တယ်၊ တနိုင်ငံလုံးအတိုင်းအတာ နဲ့ CDM ရဲ့ ဘယ်နှစ်ရာခိုင်နှုန်းပံ့ပိုးပေးနိုင်တယ်ဆိုတာဖော်ပြပေးရင် ကျမတို့လည်း သတင်းအချက်အလက်မပြတ်တော့ဘူး NUG က ထောက်ပ့ံမှုတွေတော့ လုပ်နေတာပဲ CDM တွေကလည်းအများကြီးဆိုတော့ ကိုယ့်အလှည့်မရောက်နိုင်ရင် တောင် မှ ကိုယ့်လုပ်ဖော်ဆောင်ဖက်တွေက ရနေတယ်ဆိုတာကျမတို့မြင်ရင်တော့ စိတ်ချမ်းသာတယ်။ ဒီဖက်ရောက်လာတဲ့ CDM တွေရဲ့ ဘဝမှတ်တမ်း၊ တချို့သူတွေဆိုရင်ခက်ခက်ခဲခဲရုန်းကန်ရတာ ဒါတာမျိုးတွေဆိုရင် သုသေတနလုပ်တာ၊ မှတ်တမ်းတင် တာမျိုးလုပ်စေချင်တယ်။ ဒီမှာဆိုရင် သုသေတနလုပ်တဲ့သူတွေရှိရင် CDM တွေရဲ့ အကြောင်းတွေကိုပြန်ဖော် ထုတ်ပေးဖို့ ပြောချင်တယ်။ ပြီးတော့မီဒီတွေကလည်း မေးပြီးတော့မှ မေ့လျော့သွားတာမျိုးမဟုတ်ပဲနဲ့ ကျမတို့ ပြည်သူတွေကြားထဲမှာ CDM တွေရှိနေတယ်၊ မေ့လျော့ခံမဟုတ်ဘူး၊ တော်လှန်ရေးနဲ့ဆက်သွားနေတယ်ဆိုတာမျိုး ဖြစ်အောင် အလင်းသင့်ရင် သင့်သလိုမျိုးဖော်ပြပေးတာမျိုးဖြစ်စေချင်တယ်။
ကျမတို့ CDM က လူတန်းစားစုံတယ်၊ ဝန်ကြီးဌာနပေါင်းစုံဖြစ်တော့ တခါတလေ တချို့အခွင့်အလှမ်းတွေမတူဘူး၊ဥပမာ လုပ်သက်၊ ပညာအရည်အချင်း၊ အတွေ့အကြုံတူတာမျိုးစုပြီးမှ ကျမတို့ရဲ့ စွမ်းရည်မြင့်သင်တန်း(Capacity Building) လေးတွေကို လုပ်ပေးသင့်ပေါ့၊ NUG ကိုတိုက်ရိုက်ပြောမယ်ဆိုရင်ပိုမှန်မှာလိမ့်မယ်။ ကျမတို့ ဒီဖက်ကိုလာတယ် တော်လှန် ရေးကဘယ်လောက်ကြာမလဲမသိဘူး ကျမတို့ကတော့တောင့်ခံနေအုံးမှာပဲ။ ကျမတို့မှာ အခက်အခဲတွေကြုံရတယ် မိသားစုအတွက် ရုန်းကန်ရတယ်၊ ကျမတို့ရဲ့ စွမ်းရည်ပြန်လည်တည်ဆောက်ရေးကို မမြင့်တင်ပေးနိုင်တော့ဘူး၊ တော်လှန်ရေးက နိုင်သွားရင်တော့ NUG က ပြန်သုံးမှာပဲ၊ ကြားထဲမှာ ကျမတို့ရဲ့အရည်အချင်းက ယိုယွင်းသွားပြီ၊ ကျမတို့မှာတိုးတက်မှု တွေမရတော့ဘူး၊ ကျမတို့က ပြန်လည်တည်ဆောက်ရေးကာလက ၅ နှစ်လောက်နဲ့ ပြီးသွားမယ့် ဟာက ကျမတို့လူဟောင်း ဒုက္ခသည်ဘဝနဲ့နေနေတဲ့လူတွေနဲ့ ပြန်တည်ဆောက်မယ်ဆိုရင် ကျမတို့ ၁၀ နှစ်လောက်ကြာရင် ကြာသွား နိုင်တယ်။ ဒီကြား ထဲမှာ ကျမတို့ကို မမေ့လျော့ပဲစွမ်းရည် ပြန်လည်တည်ဆောက်ရေးကို တခါတည်းမြင့်တင်ပေး စေချင်တာ။ ကျမတို့ကစွမ်း ရည် ပြန်လည်တည်ဆောက်ရေးပိုင်းမှာ တခါတည်းမြင့်တင်ပေးပြီးသားဆိုရင် တည်ဆောက်ရေး ကာလမှာ ၅ နှစ်နဲ့ ပြီးမယ့်ဟာက ၂ နှစ်နဲ့ ပြန်ပြီးမှ မြန်မြန်ဆန်ဆန် ပြန်လည်တည်ဆောက်နိုင်မယ်။
မေး- ကျနော်တို့လေ့လာသလောက်ဆိုရင် CDM ၀န်ထမ်းတွေဟာ ကိုယ့်၀မ်းကိုယ်ကျောင်းပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရပ်တည်နေရတယ်။ အကူအညီအထောက်ပံ့တွေ ရတဲ့သူ တချို့ရှိသလို တချို့ကလည်းမရနိုင်ကြဘူး ဆိုတော့ ဒီတိုင်းပဲ ဆက်သွားရင် ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိလာနိုင်လဲ။ ဘာတွေလုပ်ပေးသင့်လဲ။
ဖြေ -NUG အပေါ်မှာ ယုံကြည်မှုလျော့နည်းလာတာမျိုးဖြစ်နိုင်တယ်၊ ဒါကတော့ တော်လှန်ရေးအပေါ်မှာရော တော်လှန်ရေး ကိုစိတ်မဝင်မစားတော့ပဲနဲ့ ကျမတို့ရဲ့ ဝန်ထမ်းဖြစ်တည်မှုကိုလည်း လုံးဝမသိချင်တော့ တာမျိုး၊ မေ့ပစ်ချင်တာမျိုးအထိ ဖြစ်လာနိုင်တယ်၊ ပြီးတော့မိဘ၊ ဆွေမျိုး ၊အသိုင်းအဝန်း တွေရဲ့ ပြောခံနေရတာမျိုးလည်းရှိမယ်။ နင်တို့တော်လှန်ရေးက ပြောတော့ ခနလေးပြီးသွားမှာဆို အလုပ်လည်းမရှိဘူး၊ထောက်ပံ့ကြေးလည်းမရဘူးဆိုတဲ့ဟာမျိုး စိတ်ပိုင်းဆိုင်ရာဖိအား တွေခံစားရတာမျိုးရှိတယ်။ ကျမတို့ရဲ့ကျွမ်းကျင်တဲ့အလုပ်တွေကို လေ့ကျင့်မူမလုပ်နိုင်တဲ့အခါကျတော့ စွမ်းဆောင်ရည် တွေကျဆင်းလာတယ်၊ ကိုယ့်ကိုကိုယ်ယုံကြည်မူတွေကျဆင်းလာတယ်၊ ကိုယ်ကဘာမှမဟုတ်တော့ဘူးလို့ခံစားရတယ်။ ကျမဆိုရင် CDM လုပ်တာနဲ့ပဲ တာဝန်ကျေသလား၊ တလရ အတွက်ဘာလုပ်ပေးရအုံးမလဲ အမျိုးစုံဝင်လာတယ်။ တဖက်မှာ ကျမတို့မြင်နေရတာ မီဒီယာတွေမှာက ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာပဲတော်လှန်ရေးကဖြစ်နေသလား လို့တောင်ထင်ရတယ်။ တခြားနေရာတွေမှာကတော့ ပုံမှန်လိုလည်ပတ်နေတယ်၊ ကိုယ့်အသိုင်းအဝန်ထဲက၊ ကိုယ်နဲ့သိတဲ့အသိုင်းအဝန်းထဲက လူတွေ ကလည်း စကစအသိုင်းအဝန်းမှာ ပြန်ပြီးအလုပ်လုပ်နေတာတွေမြင်ရတော့ ကိုယ်ပဲအရူးလားလို့ထင်ရတယ်၊ ဟိုဖက်က Non CDM တွေဖက်ကပြောလာမယ်ဆိုရင်လည်း သူတို့လုပ်ရပ်ကမှန်တယ်၊ ကျမတို့လုပ်ရပ်ကမှားတယ်ဆိုတဲ့ Concept အမှားကြီးကို သားစဉ်မြေးဆက်ပေးလာနိုင်တာပေါ့နော။ ဒီ CDM က တော်လှန်ရေးနဲ့အတူ သွားနေတာပဲ အဆုံးထိလည်း သွားနေမှာပဲ၊ ဒါပေမယ့် ဒီလိုပုံစံအတိုင်းသာဆက်ပြီးမှ သွားနေမယ်ဆိုရင်တော့ ပိုပိုပြီးမှမစုစည်းနိုင်တော့ပဲနဲ့ အကွဲပြဲကပို ပိုပြီးမှဖြစ်လာနိုင်တယ်။
မေး- နောက်ဆုံးအနေနဲ့ ဘာများဖြည့်စွပ်ပြောချင်တာရှိလဲ။
ဖြေ -CDM အဖွဲ့အစည်းကို NUG ကပဲ ဖြစ်ဖြစ်၊ သက်ဆိုင်ရာတာဝန်ရှိသူတွေက ပြန်ပြီးတော့မှ အားစိုက်စေချင်တယ်။ လက်နက်ကိုင်တော်လှန်ရေးကလည်းတော်လှန်ရေးအတိုင်းသွား ၊ကျမတို့ရဲ့အကြမ်းမဖက်တော်လှန်ရေးကလည်း အကြမ်းမဖက်တော်လှန်ရေးအတိုင်း ပိုပြီးမှ အားကောင်းသထက်အားကောင်းဖို့ ကျမတို့လိုအပ်တယ် အပြိုင်သွားဖို့လို အပ်တယ်လို့ ကျမမြင်တယ်။