Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»အကွဲအပြဲနွံထဲ နစ်လာကြတဲ့ တောင်တန်းသခင်တွေ

အကွဲအပြဲနွံထဲ နစ်လာကြတဲ့ တောင်တန်းသခင်တွေ

0
By Editor on December 16, 2022 Featured

ရေး- ဆလိုင်းထွန်းလှကျော်

တောင်တန်းတွေနဲ့ စုစည်းထားတဲ့မြေ၊ မိုးတိမ်တွေနဲ့ နီးစပ်တဲ့ မြေ၊ မြူခိုးတွေ လွှမ်းခြုံထားတဲ့ တိုင်းပြည်ငယ်။ လူဦးရေနည်းပြီး မျိုးနွယ်စုတွေများတဲ့ မြေ၊ လက်နက်ကိုင်တပ်တွေ အလျှံပယ်ပေါလာတဲ့ မြေ၊ အကွဲအပြဲဆီပဲ တိုက်ရိုက်ဦးတည်လာတဲ့ တိုင်းပြည်ငယ်။ ဒီတိုင်းပြည်ငယ်ဟာ ချင်းတွေစုပေါင်းပိုင်ဆိုင်တဲ့ ဘိုးဘွားပိုင်မြေ။

တောင်တန်းသခင်တွေရဲ့ အာဏာရှင်စနစ် ဆန့်ကျင်ရေး

အာဏာသိမ်းစစ်တပ်ရဲ့ စစ်အုပ်ချုပ်ရေးကာလဟာ ၁ နှစ်နဲ့ ၈ လ အကုန်ပိုင်းကို ရောက်လာခဲ့ပါပြီ။ ဒီအတောအတွင်း မြန်မာတစ်နိုင်ငံလုံးမှ ပြည်သူတစ်ရပ်လုံးကနေ အာဏာရှင်စနစ် အမြစ်ဖြတ်ရေးကို ကြိုးပမ်းလာခဲ့ကြတာဟာ အခုဆိုရင် လက်နက်ကိုင်တော်လှန်ရေးအထိပါ အပြန့်ကျယ်သွားခဲ့ရပါပြီ။ အာဏာရှင်ရဲ့ ယန္တရားတွေ ဟာလည်း စက်သွားတွေ မစုံတော့ဘဲ လည်ပတ်နေရတဲ့ ဂီယာအုံတွေလို – လည်ပတ်မှုတွေ မမှန်တော့တာ (ဗရမ်းဗတာ ဖြစ်တာ) လည်ပတ်လို့ မရေတာ့တာ (ရပ်တန့် နေရတာ) တွေ ဖြစ်လာခဲ့ပါတယ်။

အာဏာသိမ်း နောက်ပိုင်းကနေ ဒီနေ့အချိန်ထိ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေဖြစ်တဲ့ အကြမ်းမဖက်တဲ့ အာဏာဖီဆန်မှုတွေနဲ့ ဆန္ဒပြမှုတွေမှာ မိုးတိမ်တွေ၊ မြူခိုးတွေနဲ့အတူ တောင်တန်းတွေပေါ်မှာ မွေ့လျော် စံနေကြတဲ့ ချင်းလူမျိုတွေလည်း အာဏာရှင်စနစ် ကျဆုံးရေး၊ ဒီမိုကေရစီ ပြန်လည်ရရှိရေးနဲ့ ဖက်ဒရယ်တည်ဆောက်ရေး ကြွေးကြော်သံတွေကို တောင်တန်းတွေ တခွင်လုံးမှာ ဟိန်းနေအောင် ကြွေးကြော်ခဲ့ကြကာ ရှေ့တန်းကနေပါဝင်ခဲ့ကြပါတယ်။ ချင်းလူမျိုးတွေရဲ့ အာဏာရှင်ဆန့်ကျင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရစီ ကြွေးကြော်သံတွေဟာ တောင်တန်း တွေသာမက မြေပြန့်တွေမှာပါ ဖုံးလွှမ်းခဲ့ပြီး ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ဘီလူးဆိုင်းကြောင့် တူမီးနဲ့ဝင်ကလာကြတဲ့ တောင်တန်းသခင်တွေ

အာဏာသိမ်းစစ်တပ်က အကြမ်းမဖက်ဘဲ အာဏာဖီဆန်ကြတဲ့ ပြည်သူတွေအပေါ် ဘီလူးဆိုင်းတီးပြီး အာဏာ ဆုပ်ကိုင်ဖို့ ဆက်ကြိုးစားတဲ့ နောက်ပိုင်းမှာတော့ တောင်တန်းတွေရဲ့ သခင်နဲ့ တူမီးတွေရဲ့ ဖခင်တွေဖြစ်တဲ့ ချင်းလူမျိုးတွေဟာ အပြစ်မဲ့ ပြည်သူတွေကို ကာကွယ်နိုင်ဖို့ ရရာတူမီး လက်နက်တွေနဲ့ စစ်အာဏာရှင် လက်ပါးစေ တွေကို ကနဦး ခုခံတွန်းလှန်ခဲ့ ကြသူတွေ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်၊ ဧပြီလ (၄) ရက်နေ့မှာ Chinland Defense Force ကို စတင်ဖွဲ့စည်းခဲ့ကြပြီးတော့ ရည်မှန်းချက်တွေ က စစ်ကောင်စီရဲ့ရန်ကနေ အရပ်သားတွေကို ကာကွယ်ရေး၊ စစ်အာဏာရှင်စနစ် ကျရှုံးရေး၊ ၂၀၀၈ အခြေခံဥပေဒ ဖျက်သိမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး တို့ပဲ ဖြစ်ပါတယ်။ ဧပြီလ (၂၄) ရက်နေ့မှာ စတင်ခဲ့တဲ့ မင်းတပ်မြို့ရဲ့ တူမီးခုခံတွန်းလှန်ရေးကနေအစပြုပြီး ချင်းပြည်အတွင်း အာဏာသိမ်းစစ်တပ်ရဲ့ ထိုး စစ်ဆင်မှုတွေနဲ့ တူမီးဖခင်တွေရဲ့ ခုခံတော်လှန်မှုတွေဟာ ဆကတိုက်ဆိုသလို ရှိလာခဲ့ပါတော့တယ်။

အာဏာသိမ်းစစ်တပ်ရဲ့ လက်ပါးစေတွေဟာ ပထဝီအနေအထားအရ မြင့်မား၊ မက်စောက်တဲ့ တောင်တန်းတွေ၊ ချိုင့်ဝှမ်းတွေအပြင် ပြည်မနဲ့မတူတဲ့ ရာသီဥတုအခြေအနေတွေကြောင့် တူမီးကိုင်ပြီး ခုခံနေကြတဲ့ တောင်တန်း တွေရဲ့ သခင်ဖြစ်တဲ့ ချင်းလူမျိုးတွေကို မချေမှုန်းနိုင်ခဲ့တဲ့အပြင် အကျအဆုံးများစွာနဲ့ အတုံးအရုန်း အထိနာပြို လဲ ခဲ့ရတာတွေချည်း ဖြစ်ပါတယ်။ ဒီလို တောင်တန်းသခင်၊ တူမီးဖခင်တွေရဲ့ ခုခံတွန်းလှန် အောင်မြင်နိုင်မှုတွေ ဟာ ပြည်မနဲ့ တစ်နိုင်ငံလုံးက ဒီမိုကေရစီလိုလားသူတွေကို လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ဖို့ အချိန်တန်ပြီ ဖြစ်ကြောင်း တပ်လှန့် လှုပ်နှိုးလိုက်သလို လည်း ဖြစ်ခဲ့ပါတယ်။

အာဏာသိမ်းနောက်ပိုင်း ချင်းပြည်အတွင်း ချင်းလက်နက်ကိုင်တပ်ဖွဲ့ ၂၆ ဖွဲ့အထိတိုးလာခဲ့ပြီး ဒေသနဲ့မျိုးနွယ်စု တွေကို အခြေပြုကာ သီးခြားစီ ရပ်တည်နေကြတာဖြစ်ပါတယ်။ အဲဒီလို ချင်းလက်နက်ကိုင်တပ်တွေ တိုးလာ ကြတဲ့အထဲမှာ CDF တပ်တွေက အရေအတွက် ၁၄ ခုဖြစ် ပြီးတော့ အခြား ZDF-Tonzang, Zomi Defense Force, Zogam Army, PDF Zoland, PDF Cimnuai, PDA Tedim, CNO/CNDF နဲ့ MATC/MDF တို့လည်း ရှိကြပါတယ်။ အလားတူ ၁၉၈၈ နဲ့ ၁၉၉၇ ခုနှစ် တို့ကေန အသီးသီး ပေါ်ထွက်ခဲ့ကြတဲ့ CNF/CNA နဲ့ ZRA တို့ဟာလည်း ချင်း ပြည်အတွင်း လက်နက် ကိုင်တပ်တွေ ဖြစ် နဂိုကတည်းကပင် ယနေ့အချိန်ထိ ရှိနေကြတာပါ။

၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်နေ့မှာတော့ CNF/CNA, CNO/CNDF, ZFU/PDF-Zoland တို့ အပါအဝင် CDF ချင်းလက်နက်ကိုင် တပ်ဖွဲ့ ၁၄ ဖွဲ့ တို့ဟာ Chinland Joint Defense Committee (CJDC) အနေနဲ့ တပ်ပေါင်းစု အသွင်မျိုး စုစည်းလာခဲ့ကြပါတယ်။ ချင်းတောင်တန်းကို ကျူးကျော်ဝင်ရောက်လာကြတဲ့ အာဏာသိမ်းစစ်တပ် ကို ဒီတပ်ပေါင်းစုကနေ စစ်ရေးဗျူဟာ သာလွန်မှုနဲ့အတူ အချက်ကျကျ တိုက်ထုတ်နေကြတာပါ။

တောင်တန်းသခင်တွေရဲ့ အကွဲအပြဲ ရေခံမြေခံ

ချင်းပြည်မှာ ချင်းတပ်တွေ တိုးများလာတာဟာ အာဏာသိမ်း အကြမ်းဖက်စစ်တပ်ကို ခုခံတွန်းလှန်၊ တိုက်ထုတ် ရေးကဏ္ဍမှာ အများကြီးထိရောက်ခဲ့ပါတယ်။ သို့ပေမယ့် တစ်ဖက်မှာလည်း နဂိုကတည်းကနေ မျိုးနွယ်စုအကွဲနဲ့ ဘာသာရေးအကွဲတို့လို ရေခံမြေခံရှိနေတဲ့၊ နယ်မြေအရ သေးငယ်တဲ့ချင်းပြည်မှာ ချင်းလက်နက်ကိုင်အုပ်စုတွေ အလျှိုလျှိုပေါ်ပေါက်ပြီး သီးခြားစီရပ်တည် လာကြတာဟာ တော်လှန်ရေးနှင့်အတူ ချင်းအမျိုးသား စည်းလုံးညီ ညွတ်ရေးနဲ့ အနာဂတ် ချင်းပြည်ထောင် တည်ဆောက်ရေး ကြိုးပမ်းမှုရဲ့ လမ်းကြောင်းပေါ်မှာ အခန့်မသင့်ရင် အတားအဆီး ဖြစ်လာနိုင်ပြီး အဲ့ဒီအတားအဆီးအတွက်လည်းပဲ လက်နက်ကိုင်တပ်တွေ ဖောင်းပွလာခြင်းဟာ ရေခံမြေခံတစ်ခုလို ဖြစ်နေပါတယ်။

တစ်ဖက်မှာလည်း ချင်းလက်နက်ကိုင်တပ်ဖွဲ့တွေ အများစု စုစည်းထားတဲ့ CJDC ရှိတယ်လို့ ဆိုကြပေမယ့် CJDC မှာ CNF/CNA ရဲ့ လွှမ်းမိုးမှု အတိုင်းအတာ တစ်စုံတစ်ရာအထိ ရှိတယ်လို့ ပြောဆိုမှုတွေ ရှိလာတာ၊ တစ်ဖက်မှာ CJDC ဟာ တပ်ပေါင်းစု ဖြစ်တာကြောင့် စစ်ရေးအရ အဖွဲ့ဝင် လက်နက်ကိုင် တပ်တွေအပေါ် အမိန့်ပေးပိုင်ခွင့်၊ ထိန်းချုပ်ပိုင်ခွင့်နဲ့ ဝင်ရောက် စွပ်ဖက်ပိုင်ခွင့်မရှိတာ စတဲ့ အားနည်းချက်တွေ ရှိပါတယ်။ ဒီလိုနဲ့ တောင်တန်း သခင်တွေအချင်းချင်း မျိုးနွယ်စုနဲ့ နိုင်ငံရေး အကျိုးစီးပွား၊ တပ်နေရာ ချထားရေးနဲ့ စစ်ရေးလှုပ်ရှားမှုနယ်မြေ၊ ကိုယ်စားပြုနိုင်မှု အခန်းကဏ္ဍ စတာတွေကို အခြေခံပြီး အကျိုးစီးပွားချင်း ထိုက်တိုက်တိုးရာကေန ပဋိပက္ခမီး တွေတောက်လောင်ပြီး အာဏာရှင် အကြိုက် တွေ့စေမယ့် အကွဲအပြဲ ဇာတ်တွေကို လက်နက်တွေ ကိုယ်စီနဲ့ ကပြ နေကြမှာလည်း အနာဂတ် ချင်းပြည်ထောင်အတွက် စိုးရွံ့စရာတစ်ခုဖြစ်လာပါတယ်။

အကွဲအပြဲ နွံအိုင်ထဲ စဆင်းကာ၊ ကူးခတ်လာကြပြီ

ချင်းပြည်အတွင်း ချင်းလက်နက်ကိုင်အချင်းချင်း ထိတွေ့တိုက်ခိုက်မှုဟာ ၂၀၂၁ ခုနှစ်၊ မေလ (၂၂) ရက်နေ့က တည်းက စရှိလာခဲ့တယ်လို့ ဆိုရမှာပါ။ တီးတိန်မြို့မှာ People Defense Army (Teddim) ကို ဖွဲ့စည်းဖို့ စုစည်းနေ ကြတဲ့ လူငယ်တွေကို ဇိုမီးတော်လှန်ရေးတပ်မတော် (ZRA) က ရုတ်တရက် လာရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါ တယ်။ ဇွန် (၁၆)ရက်နေ့မှာလည်း ZRA ဟာ ZFU (Zoland) တပ်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်း ရှိစားနပ်ရိက္ခာတွေ၊ ဆေးဝါးတွေနဲ့ အသုံးအဆောင် ပစ္စည်းတွေအပြင် တူမီးသေနတ် ၅ လက်ကိုပါ ဖျက်ဆီးခဲ့ ကြပါတယ်။

ZFU တပ်စခန်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နောက်တစ်နေ့ ဇွန် (၁၇) ရက်နေ့မှာတော့ ZRA (အရှေ့ပိုင်းတိုင်း) ဟာ မိမိတို့ လှုပ်ရှားနယ်မြေအတွင်း သီးခြား လက်နက်ကိုင်တပ် ထူထောင်ခြင်းကို လုံးဝ လက်ခံမည်မဟုတ် ကြောင်း ထုတ်ပြန်ခဲ့ပါ တယ်။ အဲ့ဒီနောက် စက်တင်ဘာလ အတွင်းမှာလည်း CDF (Hualnog) တပ်စခန်းကို ZRA ကနေ ဆက်ပြီး တိုက်ခိုက်ခဲ့ပါ တယ်။ ဒီဇင်ဘာ ၁၁ ရက်နေ့မှာတော့ ZRA က PDF-Zoland ရဲ့ ခေါင်းဆောင်တစ် ဦးဖြစ်တဲ့ Pu Cin Sum ကို ဒီဇင်ဘာ ၅ ရက်နေ့မှာ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း CJDC ကနေ ထုတ်ပြန် လာခဲ့ပါ တယ်။ အလားတူ ထိုကဲ့သော ဖြစ်ရပ်တွေကို CJDC ကနေ ပြင်းပြင်းထန်ထန် ရှုံ့ချခဲ့ပြီး သတိပေးမှုတွေလည်း ဆက်တိုက်ဆိုသလို လုပ်လာခဲ့ပါတယ်။

ဒီဇင်ဘာလ (၁၇) ရက်နေ့မှာတော့ CNA အပါအဝင် CJDC ပူးပေါင်းတပ်တွေကနေ ZRA ကို တန်ပြန် တိုက်ခဲ့ကြ ပါတယ်။ ထိတွေ့တိုက်ခိုက်မှုတွေဟာ ၂၀၂၂ ခုနှစ်အထိ ဆက်ရှိလာခဲ့ပြီး ဧပြီလ ၁၂ ရက်နေ့မှာတော့ CJDC ကနေ ZRA ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ် ကြေညာခဲ့ကာ ဧပြီလကုန်ပိုင်းအထိ နှစ်ဖက် တိုက်ပွဲဖြစ်ပွားမှုတွေ ရှိခဲ့ပါတယ်။ ထိုနောက်ပိုင်းတွေမှာတော့ ZRA နဲ့ CJDC ပူးပေါင်းတပ်တွေအကြား စစ်ရေး တင်းမာမှုတွေ လျှော့သွားခဲ့တာကို ပြန်တွေ့ရပါတယ်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့မှ စပြီး Chinland Defense Force Mara ကို Maraland Defense Force (MDF) အဖြစ် အမည်ပြောင်းလဲခဲ့ပြီးနောက် မတ်လ ၂၅ ရက်နေ့မှာ MDF နဲ့ CDF-Mara တို့ စစ်ရေးအရ နယ်မြေ လှုပ်ရှားမှုတွေမှာ တင်းမာမှုတွေ စရှိလာခဲ့ပါတယ်။ အလားတူ မတ်လအတွင်း CDF-Mara နှင့် CDF-Lautu တို့ လည်း နယ်မြေအရ တင်းမာမှုတွရှိခဲ့ပြီး နောက်ပိုင်း ညှိနှိုင်းမှုတွေကြောင့် သဘောတူညီမှု ပြန်ရရှိသွားခဲ့ကြပါ တယ်။ CDF-Mara ဟာ CDF-Lautu နဲ့ တင်းမာမှု လျော့ကျသွားခဲ့ပေမယ့် MDF နဲ့တော့ တင်းမာမှုတွေ ဆက်ရှိခဲ့ပါတယ်။

ထိုသို့ MDF နဲ့ CDF-Mara တို့ နယ်မြေစိုးမိုးမှုအရ စစ်တင်းမာမှုများ ရှိနေချိန် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့မှာ CJDC ကနေ MATC/MDF ကိုယ်စားလှယ်တွေကို ပုံမှန်အစည်းအဝေးသို့ တက်ရောက်ခွင့် ပိတ်ပင်ခဲ့ကြောင်း MATC ကနေ ထုတ်ပြန်လာခဲ့ပါတယ်။ MDF နဲ့ CDF-Mara တို့ဟာ စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေခဲ့ပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့မှာတော့ ပစ်ခတ်မှုတွေ စရှိခဲ့ပါတယ်။ အဆိုပါနေ့မှာပဲ CDF-Mara ပါဝင်တဲ့ ZZMLS ညီနောင်မဟာမိတ်လို့ ဖွဲ့လာတဲ့ အဖွဲ့ကနေ MDF ကို သတိပေးထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ကြပါတယ်။ အဲ့ဒီနောက် အောက်တိုဘာလ ၈ ရက်နေ့ မှာ ငဖိုင်ပီးကျေးရွာအတွင်းမှာ နှစ်ဖက်ထိတွေ့တိုက်ခိုက်မှုတွေ ဆက်ရှိခဲ့ပါတယ်။

ထိုနောက်ပိုင်းမှာတော့ မရာလူမျိုးစုကြား ပဋိပက္ခဖြေရှင်းဖို့ CJDC က မရာဒေသ အခြေအနေကို လေ့လာပြီး ကြားခံဆောင်ရွက်ပေးမယ်ဆိုရင် လက်ခံတယ်လို့ MDF ကနေ ပြောလာခဲ့တာကို တွေ့ရပါတယ်။ CNF/CNA ပြောခွင့်ရ ပုဂ္ဂိုလ် ဆလိုင်းထက်နီကတော့ CDF-Mara နဲ့ MDF အကြား တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပစ်ခတ်ကြတဲ့ ပြဿနာ မျိုးတော့ ဒီတစ်ခါ ပထမဆုံးပေါ့။ ကာကွယ်ရေးအဖွဲ့တွေကြား အငြင်းပွားမှု ပြဿနာတွေ ကြုံလာရင် CJDC ကနေ သော်လည်းကောင်း၊ တိုက်ရိုက်သော်လည်းကောင်း ညှိနှိုင်းပေးတာတွေ ရှိပါတယ်။ အခုပြဿနာကိုလည်း အတတ်နိုင်ဆုံး ဆောင်ရွက်သွားမှာ ပါလို့ ပြောသွားခဲ့ပါတယ်။ နောက်ပိုင်းတွေမှာ စစ်ရေးတင်းမာမှုတွေ မတွေ့ရတော့ပါဘူး။

နိဂုံး

ချင်းပြည်အတွင်း ချင်းလက်နက်ကိုင်တပ်တွေ တိုးပွားလာပြီးနောက်ပိုင်း အဲ့ဒီလက်နက်ကိုင်တွေကို တစ်ပေါင်း တစည်းတည်း ဖြစ်နိုင်ဖို့၊ စစ်ရေးလှုပ်ရှားမှု နယ်မြေဆိုင်ရာ ပြဿနာတွေ မဖြစ်ပွားစေဖို့နဲ့ စစ်ရေးဆိုင်ရာ ကိစ္စ ရပ်တွေကို ပူးဆောင်ရွက်နိုင်စေဖို့တို့အတွက် CJDC ကို ဖွဲ့စည်းခဲ့ကြပါတယ်။ တစ်ဖက်မှာလည်း CJDC အဖွဲ့ ဝင်အချင်းချင်း ညီနောင် မဟာမိတ်တပ်တွေအဖြစ် ထပ်မံဖွဲ့ကြတာမျိုးတွေ ရှိလာပါခဲ့တယ်။

ချင်းပြည်မှာ CJDC တပ်ပေါင်းစု ရှိပြီးသား ဖြစ်နေတာကြောင့် CJDC အဖွဲ့ဝင်တပ်တွေ အချင်းချင်း နောက်ထပ် ညီနောင်မဟာမိတ် တပ်တွေကို ထပ်မံဖွဲ့စည်းလာကြဟာ CJDC ရဲ့ အခန်းကဏ္ဍကို မှေးမှိန်သွားစေနိုင်ပါတယ်။

နိဂုံးအနေနဲ့ တောင်တန်း သခင်တွေရဲ့ နယ်မြေဖြစ်တဲ့ ချင်းပြည်မှာ တောင်တန်းသခင်တွေဖြစ်တဲ့ ချင်းလက် နက်ကိုင်တပ်တွေ ပေါ်ပေါက်လာတာဟာ အာဏာသိမ်း အကြမ်းဖက် စစ်တပ်ကို ချေမှုန်းရာမှာ များစွာထိရောက် ခဲ့ပေမယ့်လို့ တစ်ဘက်မှာလည်း ဒေသနဲ့ မျိုးနွယ်စုအခြေပြု ချင်းလက်နက်ကိုင်တပ်တွေ ပေါ်ပေါက်လာကြပြီး သီးခြားရပ်စီ တည်နေကြတာကြောင့် မျိုးနွယ်စု အကျိုးစီးပွား၊ နိုင်ငံရေး အကျိုးစီးပွားနဲ့ နယ်မြေဆိုင်ရာ ကိစ္စ ရပ်တွေမှာ ပွတ်တိုက်မှုတွေ ရှိလာပြီး ချင်းအမျိုးသား စည်းလုံးညီညွတ်ရေးစိတ်ဓာတ် ပြိုကျသွားကာ အကွဲအပြဲနွံထဲ နစ်သွားနိုင်ကြောင်း တို့ထိလိုက်ရပါတယ်။

Zawgyi

အကြဲအျပဲႏြံထဲ နစ္လာၾကတဲ့ ေတာင္တန္းသခင္ေတြ

ေရး- ဆလိုင္းထြန္းလွေက်ာ္

ေတာင္တန္းေတြနဲ႔ စုစည္းထားတဲ့ေျမ၊ မိုးတိမ္ေတြနဲ႔ နီးစပ္တဲ့ ေျမ၊ ျမဴခိုးေတြ လႊမ္းျခဳံထားတဲ့ တိုင္းျပည္ငယ္။ လူဦးေရ နည္းၿပီး မ်ိဳးႏြယ္စုေတြမ်ားတဲ့ ေျမ၊ လက္နက္ ကိုင္တပ္ေတြ အလၽွံပယ္ေပါလာတဲ့ ေျမ၊ အကြဲအျပဲဆီပဲ တိုက္ရိုက္ ဦးတည္လာတဲ့ တိုင္းျပည္ငယ္။ ဒီတိုင္းျပည္ငယ္ဟာ ခ်င္းေတြစုေပါင္းပိုင္ဆိုင္တဲ့ ဘိုးဘြားပိုင္ေျမ။

ေတာင္တန္းသခင္ေတြရဲ့ အာဏာရွင္စနစ္ ဆန႔္က်င္ေရး

အာဏာသိမ္း စစ္တပ္ရဲ့ စစ္အုပ္ခ်ဳပ္ေရးကာလဟာ ၁ ႏွစ္နဲ႔ ၈ လ အကုန္ပိုင္းကို ေရာက္လာခဲ့ပါၿပီ။ ဒီအေတာ အတြင္း ျမန္မာတစ္နိုင္ငံလုံးမွ ျပည္သူတစ္ရပ္လုံးကေန အာဏာရွင္စနစ္ အျမစ္ျဖတ္ေရးကို ႀကိဳးပမ္းလာခဲ့ၾက တာဟာ အခုဆိုရင္ လက္နက္ကိုင္ ေတာ္လွန္ေရးအထိပါ အျပန႔္က်ယ္သြားခဲ့ရပါၿပီ။ အာဏာရွင္ရဲ့ ယႏၲရားေတြ ဟာလည္း စက္သြားေတြ မစုံေတာ့ဘဲ လည္ပတ္ေနရတဲ့ ဂီယာအုံေတြလို – လည္ပတ္မွုေတြ မမွန္ေတာ့တာ (ဗရမ္းဗတာ ျဖစ္တာ)
လည္ပတ္လို့ မေရတာ့တာ (ရပ္တန႔္ ေနရတာ)ေတြ ျဖစ္လာခဲ့ပါတယ္။

အာဏာသိမ္း ေနာက္ပိုင္းကေန ဒီေန႔အခ်ိန္ထိ အာဏာရွင္ဆန႔္က်င္ေရး လွုပ္ရွားမွုေတြျဖစ္တဲ့ အၾကမ္းမဖက္တဲ့ အာဏာဖီဆန္မွုေတြနဲ႔ ဆႏၵျပမွုေတြမွာ မိုးတိမ္ေတြ၊ ျမဴခိုးေတြနဲ႔အတူ ေတာင္တန္းေတြေပၚမွာ ေမြ႕ေလ်ာ္ စံေနၾကတဲ့ ခ်င္းလူမ်ိဳေတြလည္း အာဏာရွင္စနစ္ က်ဆုံးေရး၊ ဒီမိုေကရစီ ျပန္လည္ရရွိေရးနဲ႔ ဖက္ဒရယ္တည္ေဆာက္ေရး ေႂကြးေၾကာ္သံေတြကို ေတာင္တန္းေတြ တခြင္လုံးမွာ ဟိန္းေနေအာင္ ေႂကြးေၾကာ္ခဲ့ၾကကာ ေရွ႕တန္းကေနပါဝင္ ခဲ့ၾကပါတယ္။ ခ်င္းလူမ်ိဳးေတြရဲ့ အာဏာရွင္ ဆန႔္က်င္ေရးနဲ႔ ဖက္ဒရယ္ဒီမိုကရစီ ေႂကြးေၾကာ္သံေတြဟာ ေတာင္တန္း ေတြသာမက ေျမျပန႔္ေတြမွာပါ ဖုံးလႊမ္းခဲ့ၿပီး ျဖစ္ပါတယ္။

အာဏာသိမ္းစစ္တပ္ရဲ့ ဘီလူးဆိုင္းေၾကာင့္ တူမီးနဲ႔ဝင္ကလာၾကတဲ့ ေတာင္တန္းသခင္ေတြ

အာဏာသိမ္းစစ္တပ္က အၾကမ္းမဖက္ဘဲ အာဏာဖီဆန္ၾကတဲ့ ျပည္သူေတြအေပၚ ဘီလူးဆိုင္းတီးၿပီး အာဏာ ဆုပ္ကိုင္ဖို့ ဆက္ႀကိဳးစားတဲ့ ေနာက္ပိုင္းမွာေတာ့ ေတာင္တန္းေတြရဲ့ သခင္နဲ႔ တူမီးေတြရဲ့ ဖခင္ေတြျဖစ္တဲ့ ခ်င္းလူမ်ိဳးေတြဟာ အျပစ္မဲ့ ျပည္သူေတြကို ကာကြယ္နိုင္ဖို့ ရရာတူမီး လက္နက္ေတြနဲ႔ စစ္အာဏာရွင္ လက္ပါးေစ ေတြကို ကနဦး ခုခံတြန္းလွန္ခဲ့ ၾကသူေတြ ျဖစ္ပါတယ္။

၂၀၂၁ ခုႏွစ္၊ ဧၿပီလ (၄) ရက္ေန႔မွာ Chinland Defense Force ကို စတင္ဖြဲ႕စည္းခဲ့ၾကၿပီးေတာ့ ရည္မွန္းခ်က္ေတြ က စစ္ေကာင္စီရဲ့ရန္ကေန အရပ္သားေတြကို ကာကြယ္ေရး၊ စစ္အာဏာရွင္စနစ္ က်ရွုံးေရး၊ ၂၀၀၈ အေျခခံဥ ေပဒ ဖ်က္သိမ္းေရးနဲ႔ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရး တို႔ပဲ ျဖစ္ပါတယ္။ ဧၿပီလ (၂၄) ရက္ေန႔မွာ စတင္ခဲ့တဲ့ မင္းတပ္ၿမိဳ့ရဲ့ တူမီးခုခံတြန္းလွန္ေရးကေနအစျပဳၿပီး ခ်င္းျပည္အတြင္း အာဏာသိမ္းစစ္တပ္ရဲ့ ထိုး စစ္ဆင္မွုေတြနဲ႔ တူမီးဖခင္ေတြရဲ့ ခုခံေတာ္လွန္မွုေတြဟာ ဆကတိုက္ဆိုသလို ႐ိွလာခဲ့ပါေတာ့တယ္။

အာဏာသိမ္းစစ္တပ္ရဲ့ လက္ပါးေစေတြဟာ ပထဝီအေနအထားအရ ျမင့္မား၊ မက္ေစာက္တဲ့ ေတာင္တန္းေတြ၊ ခ်ိဳင့္ဝွမ္းေတြအျပင္ ျပည္မနဲ႔မတူတဲ့ ရာသီဥတုအေျခအေနေတြေၾကာင့္ တူမီးကိုင္ၿပီး ခုခံေနၾကတဲ့ ေတာင္တန္း ေတြရဲ့ သခင္ျဖစ္တဲ့ ခ်င္းလူမ်ိဳးေတြကို မေခ်မွုန္းနိုင္ခဲ့တဲ့အျပင္ အက်အဆုံးမ်ားစြာနဲ႔ အတုံးအ႐ုန္း အထိနာၿပိဳ လဲ ခဲ့ရတာေတြခ်ည္း ျဖစ္ပါတယ္။ ဒီလို ေတာင္တန္းသခင္၊ တူမီးဖခင္ေတြရဲ့ ခုခံတြန္းလွန္ ေအာင္ျမင္နိုင္မွုေတြ ဟာ ျပည္မနဲ႔ တစ္နိုင္ငံလုံးက ဒီမိုေကရစီလိုလားသူေတြကို လက္နက္ကိုင္လမ္းစဥ္ကို ေရြးခ်ယ္ဖို့ အခ်ိန္တန္ၿပီ ျဖစ္ေၾကာင္း တပ္လွန႔္ လွုပ္ႏွိုးလိုက္သလို လည္း ျဖစ္ခဲ့ပါတယ္။

အာဏာသိမ္းေနာက္ပိုင္း ခ်င္းျပည္အတြင္း ခ်င္းလက္နက္ကိုင္တပ္ဖြဲ႕ ၂၆ ဖြဲ႕အထိတိုးလာခဲ့ၿပီး ေဒသနဲ႔မ်ိဳးႏြယ္စု ေတြကို အေျချပဳကာ သီးျခားစီ ရပ္တည္ေနၾကတာျဖစ္ပါတယ္။ အဲဒီလို ခ်င္းလက္နက္ကိုင္တပ္ေတြ တိုးလာ ၾကတဲ့အထဲမွာ CDF တပ္ေတြက အေရအတြက္ ၁၄ ခုျဖစ္ ၿပီးေတာ့ အျခား ZDF-Tonzang, Zomi Defense Force, Zogam Army, PDF Zoland, PDF Cimnuai, PDA Tedim, CNO/CNDF နဲ႔ MATC/MDF တို့လည္း ရွိၾကပါတယ္။ အလားတူ ၁၉၈၈ နဲ႔ ၁၉၉၇ ခုႏွစ္ တို႔ေကန အသီးသီး ေပၚထြက္ခဲ့ၾကတဲ့ CNF/CNA နဲ႔ ZRA တို့ဟာလည္း ခ်င္း ျပည္အတြင္း လက္နက္ ကိုင္တပ္ေတြ ျဖစ္ နဂိုကတည္းကပင္ ယေန႔အခ်ိန္ထိ ရွိေနၾကတာပါ။

၂၀၂၁ ခုႏွစ္၊ စက္တင္ဘာ ၃၀ ရက္ေန႔မွာေတာ့ CNF/CNA, CNO/CNDF, ZFU/PDF-Zoland တို႔ အပါအဝင္ CDF ခ်င္းလက္နက္ကိုင္ တပ္ဖြဲ႕ ၁၄ ဖြဲ႕ တို႔ဟာ Chinland Joint Defense Committee (CJDC) အေနနဲ႔ တပ္ေပါင္းစု အသြင္မ်ိဳး စုစည္းလာခဲ့ၾကပါတယ္။ ခ်င္းေတာင္တန္းကို က်ဴးေက်ာ္ဝင္ေရာက္လာၾကတဲ့ အာဏာသိမ္းစစ္တပ္ ကို ဒီတပ္ေပါင္းစုကေန စစ္ေရးဗ်ဴဟာ သာလြန္မွုနဲ႔အတူ အခ်က္က်က် တိုက္ထုတ္ေနၾကတာပါ။

ေတာင္တန္းသခင္ေတြရဲ့ အကြဲအျပဲ ေရခံေျမခံ

ခ်င္းျပည္မွာ ခ်င္းတပ္ေတြ တိုးမ်ားလာတာဟာ အာဏာသိမ္း အၾကမ္းဖက္စစ္တပ္ကို ခုခံတြန္းလွန္၊ တိုက္ထုတ္ ေရးက႑မွာ အမ်ားႀကီးထိေရာက္ခဲ့ပါတယ္။ သို့ေပမယ့္ တစ္ဖက္မွာလည္း နဂိုကတည္းကေန မ်ိဳးႏြယ္စုအကြဲနဲ႔ ဘာသာေရးအကြဲတို့လို ေရခံေျမခံရွိေနတဲ့၊ နယ္ေျမအရ ေသးငယ္တဲ့ခ်င္းျပည္မွာ ခ်င္းလက္နက္ကိုင္အုပ္စုေတြ အလၽွိုလၽွိုေပၚေပါက္ၿပီး သီးျခားစီရပ္တည္ လာၾကတာဟာ ေတာ္လွန္ေရးႏွင့္အတူ ခ်င္းအမ်ိဳးသား စည္းလုံးညီ ညြတ္ေရးနဲ႔ အနာဂတ္ ခ်င္းျပည္ေထာင္ တည္ေဆာက္ေရး ႀကိဳးပမ္းမွုရဲ့ လမ္းေၾကာင္းေပၚမွာ အခန္႔မသင့္ရင္ အတားအဆီး ျဖစ္လာနိုင္ၿပီး အဲ့ဒီအတားအဆီးအတြက္လည္းပဲ လက္နက္ကိုင္တပ္ေတြ ေဖာင္းပြလာျခင္းဟာ ေရခံေျမခံတစ္ခုလို ျဖစ္ေနပါတယ္။

တစ္ဖက္မွာလည္း ခ်င္းလက္နက္ကိုင္တပ္ဖြဲ႕ေတြ အမ်ားစု စုစည္းထားတဲ့ CJDC ႐ွိတယ္လို႔ ဆိုၾကေပမယ့္ CJDC မွာ CNF/CNA ရဲ႕ လႊမ္းမိုးမွု အတိုင္းအတာ တစ္စုံတစ္ရာအထိ ႐ွိတယ္လို႔ ေျပာဆိုမွုေတြ ႐ွိလာတာ၊ တစ္ဖက္မွာ CJDC ဟာ တပ္ေပါင္းစု ျဖစ္တာေၾကာင့္ စစ္ေရးအရ အဖြဲ႕ဝင္ လက္နက္ကိုင္ တပ္ေတြအေပၚ အမိန႔္ေပးပိုင္ခြင့္၊ ထိန္းခ်ဳပ္ပိုင္ခြင့္နဲ႔ ဝင္ေရာက္ စြပ္ဖက္ပိုင္ခြင့္မရွိတာ စတဲ့ အားနည္းခ်က္ေတြ ရွိပါတယ္။ ဒီလိုနဲ႔ ေတာင္တန္း သခင္ေတြအခ်င္းခ်င္း မ်ိဳးႏြယ္စုနဲ႔ နိုင္ငံေရး အက်ိဳးစီးပြား၊ တပ္ေနရာ ခ်ထားေရးနဲ႔ စစ္ေရးလွုပ္ရွားမွုနယ္ေျမ၊ ကိုယ္စားျပဳနိုင္မွု အခန္းက႑ စတာေတြကို အေျခခံၿပီး အက်ိဳးစီးပြားခ်င္း ထိုက္တိုက္တိုးရာေကန ပဋိပကၡမီး ေတြေတာက္ေလာင္ၿပီး အာဏာရွင္ အႀကိဳက္ ေတြ႕ေစမယ့္ အကြဲအျပဲ ဇာတ္ေတြကို လက္နက္ေတြ ကိုယ္စီနဲ႔ ကျပ ေနၾကမွာလည္း အနာဂတ္ ခ်င္းျပည္ေထာင္အတြက္ စိုးရြံ႕စရာတစ္ခုျဖစ္လာပါတယ္။

အကြဲအျပဲ ႏြံအိုင္ထဲ စဆင္းကာ၊ ကူးခတ္လာၾကၿပီ

ခ်င္းျပည္အတြင္း ခ်င္းလက္နက္ကိုင္အခ်င္းခ်င္း ထိေတြ႕တိုက္ခိုက္မွုဟာ ၂၀၂၁ ခုႏွစ္၊ ေမလ (၂၂) ရက္ေန႔က တည္းက စ႐ွိလာခဲ့တယ္လို႔ ဆိုရမွာပါ။ တီးတိန္ၿမိဳ့မွာ People Defense Army (Teddim) ကို ဖြဲ႕စည္းဖို့ စုစည္းေန ၾကတဲ့ လူငယ္ေတြကို ဇိုမီးေတာ္လွန္ေရးတပ္မေတာ္ (ZRA) က ႐ုတ္တရက္ လာေရာက္တိုက္ခိုက္ခဲ့တာ ျဖစ္ပါ တယ္။ ဇြန္ (၁၆)ရက္ေန႔မွာလည္း ZRA ဟာ ZFU (Zoland) တပ္စခန္းတစ္ခုကို ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီး စခန္း ႐ွိစားနပ္ရိကၡာေတြ၊ ေဆးဝါးေတြနဲ႔ အသုံးအေဆာင္ ပစၥည္းေတြအျပင္ တူမီးေသနတ္ ၅ လက္ကိုပါ ဖ်က္ဆီးခဲ့ ၾကပါတယ္။

ZFU တပ္စခန္း ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီး ေနာက္တစ္ေန႔ ဇြန္ (၁၇) ရက္ေန႔မွာေတာ့ ZRA (အေရွ႕ပိုင္းတိုင္း) ဟာ မိမိတို႔ လွုပ္ရွားနယ္ေျမအတြင္း သီးျခား လက္နက္ကိုင္တပ္ ထူေထာင္ျခင္းကို လုံးဝ လက္ခံမည္မဟုတ္ ေၾကာင္း ထုတ္ျပန္ခဲ့ပါ တယ္။ အဲ့ဒီေနာက္ စက္တင္ဘာလ အတြင္းမွာလည္း CDF (Hualnog) တပ္စခန္းကို ZRA ကေန ဆက္ၿပီး တိုက္ခိုက္ခဲ့ပါ တယ္။ ဒီဇင္ဘာ ၁၁ ရက္ေန႔မွာေတာ့ ZRA က PDF-Zoland ရဲ႕ ေခါင္းေဆာင္တစ္ ဦးျဖစ္တဲ့ Pu Cin Sum ကို ဒီဇင္ဘာ ၅ ရက္ေန႔မွာ လုပ္ႀကံသတ္ျဖတ္ခဲ့ေၾကာင္း CJDC ကေန ထုတ္ျပန္ လာခဲ့ပါ တယ္။ အလားတူ ထိုကဲ့ေသာ ျဖစ္ရပ္ေတြကို CJDC ကေန ျပင္းျပင္းထန္ထန္ ရွုံ႔ခ်ခဲ့ၿပီး သတိေပးမွုေတြလည္း ဆက္တိုက္ဆိုသလို လုပ္လာခဲ့ပါတယ္။

ဒီဇင္ဘာလ (၁၇) ရက္ေန႔မွာေတာ့ CNA အပါအဝင္ CJDC ပူးေပါင္းတပ္ေတြကေန ZRA ကို တန္ျပန္ တိုက္ခဲ့ၾက ပါတယ္။ ထိေတြ႕တိုက္ခိုက္မွုေတြဟာ ၂၀၂၂ ခုႏွစ္အထိ ဆက္ရွိလာခဲ့ၿပီး ဧၿပီလ ၁၂ ရက္ေန႔မွာေတာ့ CJDC ကေန ZRA ကို အၾကမ္းဖက္အဖြဲ႕အျဖစ္ သတ္မွတ္ ေၾကညာခဲ့ကာ ဧၿပီလကုန္ပိုင္းအထိ ႏွစ္ဖက္ တိုက္ပြဲျဖစ္ပြားမွုေတြ ရွိခဲ့ပါတယ္။ ထိုေနာက္ပိုင္းေတြမွာေတာ့ ZRA နဲ႔ CJDC ပူးေပါင္းတပ္ေတြအၾကား စစ္ေရး တင္းမာမွုေတြ ေလွ်ာ့သြားခဲ့တာကို ျပန္ေတြ႕ရပါတယ္။

၂၀၂၂ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၉ ရက္ေန႔မွ စၿပီး Chinland Defense Force Mara ကို Maraland Defense Force (MDF) အျဖစ္ အမည္ေျပာင္းလဲခဲ့ၿပီးေနာက္ မတ္လ ၂၅ ရက္ေန႔မွာ MDF နဲ႔ CDF-Mara တို႔ စစ္ေရးအရ နယ္ေျမ လွုပ္ရွားမွုေတြမွာ တင္းမာမွုေတြ စရွိလာခဲ့ပါတယ္။ အလားတူ မတ္လအတြင္း CDF-Mara ႏွင့္ CDF-Lautu တို႔ လည္း နယ္ေျမအရ တင္းမာမွုတြရွိခဲ့ၿပီး ေနာက္ပိုင္း ညႇိႏွိုင္းမွုေတြေၾကာင့္ သေဘာတူညီမႈ ျပန္ရရွိသြားခဲ့ၾကပါ တယ္။ CDF-Mara ဟာ CDF-Lautu နဲ႔ တင္းမာမွု ေလ်ာ့က်သြားခဲ့ေပမယ့္ MDF နဲ႔ေတာ့ တင္းမာမွုေတြ ဆက္ရွိခဲ့ပါတယ္။

ထိုသို႔ MDF နဲ႔ CDF-Mara တို႔ နယ္ေျမစိုးမိုးမွုအရ စစ္တင္းမာမွုမ်ား ရွိေနခ်ိန္ ၂၀၂၂ ခုႏွစ္၊ ဧၿပီလ ၂၂ ရက္ေန႔မွာ CJDC ကေန MATC/MDF ကိုယ္စားလွယ္ေတြကို ပုံမွန္အစည္းအေဝးသို့ တက္ေရာက္ခြင့္ ပိတ္ပင္ခဲ့ေၾကာင္း MATC ကေန ထုတ္ျပန္လာခဲ့ပါတယ္။ MDF နဲ႔ CDF-Mara တို႔ဟာ စစ္ေရးတင္းမာမွုေတြ ဆက္ရွိေနခဲ့ၿပီး ၂၀၂၂ ခုႏွစ္ ေအာက္တိုဘာလ ၃ ရက္ေန႔မွာေတာ့ ပစ္ခတ္မွုေတြ စရွိခဲ့ပါတယ္။ အဆိုပါေန႔မွာပဲ CDF-Mara ပါဝင္တဲ့ ZZMLS ညီေနာင္မဟာမိတ္လို့ ဖြဲ႕လာတဲ့ အဖြဲ႕ကေန MDF ကို သတိေပးထုတ္ျပန္ခ်က္ ထုတ္ျပန္ခဲ့ၾကပါတယ္။ အဲ့ဒီေနာက္ ေအာက္တိုဘာလ ၈ ရက္ေန႔ မွာ ငဖိုင္ပီးေက်းရြာအတြင္းမွာ ႏွစ္ဖက္ထိေတြ႕တိုက္ခိုက္မွုေတြ ဆက္ရွိခဲ့ပါတယ္။

ထိုေနာက္ပိုင္းမွာေတာ့ မရာလူမ်ိဳးစုၾကား ပဋိပကၡေျဖရွင္းဖို့ CJDC က မရာေဒသ အေျခအေနကို ေလ့လာၿပီး ၾကားခံေဆာင္ရြက္ေပးမယ္ဆိုရင္ လက္ခံတယ္လို႔ MDF ကေန ေျပာလာခဲ့တာကို ေတြ႕ရပါတယ္။ CNF/CNA ေျပာခြင့္ရ ပုဂၢိဳလ္ ဆလိုင္းထက္နီကေတာ့ CDF-Mara နဲ႔ MDF အၾကား တစ္ဖြဲ႕နဲ႔တစ္ဖြဲ႕ ပစ္ခတ္ၾကတဲ့ ျပႆနာ မ်ိဳးေတာ့ ဒီတစ္ခါ ပထမဆုံးေပါ့။ ကာကြယ္ေရးအဖြဲ႕ေတြၾကား အျငင္းပြားမွု ျပႆနာေတြ ၾကဳံလာရင္ CJDC ကေန ေသာ္လည္းေကာင္း၊ တိုက္ရိုက္ေသာ္လည္းေကာင္း ညႇိႏွိုင္းေပးတာေတြ ရွိပါတယ္။ အခုျပႆနာကိုလည္း အတတ္နိုင္ဆုံး ေဆာင္ရြက္သြားမွာ ပါလို႔ ေျပာသြားခဲ့ပါတယ္။ ေနာက္ပိုင္းေတြမွာ စစ္ေရးတင္းမာမွုေတြ မေတြ႕ရေတာ့ပါဘူး။

နိဂုံး

ခ်င္းျပည္အတြင္း ခ်င္းလက္နက္ကိုင္တပ္ေတြ တိုးပြားလာၿပီးေနာက္ပိုင္း အဲ့ဒီလက္နက္ကိုင္ေတြကို တစ္ေပါင္း တစည္းတည္း ျဖစ္နိုင္ဖို့၊ စစ္ေရးလွုပ္ရွားမွု နယ္ေျမဆိုင္ရာ ျပႆနာေတြ မျဖစ္ပြားေစဖို့နဲ႔ စစ္ေရးဆိုင္ရာ ကိစၥ ရပ္ေတြကို ပူးေဆာင္ရြက္နိုင္ေစဖို့တို့အတြက္ CJDC ကို ဖြဲ႕စည္းခဲ့ၾကပါတယ္။ တစ္ဖက္မွာလည္း CJDC အဖြဲ႕ ဝင္အခ်င္းခ်င္း ညီေနာင္ မဟာမိတ္တပ္ေတြအျဖစ္ ထပ္မံဖြဲ႕ၾကတာမ်ိဳးေတြ ရွိလာပါခဲ့တယ္။

ခ်င္းျပည္မွာ CJDC တပ္ေပါင္းစု ရွိၿပီးသား ျဖစ္ေနတာေၾကာင့္ CJDC အဖြဲ႕ဝင္တပ္ေတြ အခ်င္းခ်င္း ေနာက္ထပ္ ညီေနာင္မဟာမိတ္ တပ္ေတြကို ထပ္မံဖြဲ႕စည္းလာၾကဟာ CJDC ရဲ႕ အခန္းက႑ကို ေမွးမွိန္သြားေစနိုင္ပါတယ္။

နိဂုံးအေနနဲ႔ ေတာင္တန္း သခင္ေတြရဲ့ နယ္ေျမျဖစ္တဲ့ ခ်င္းျပည္မွာ ေတာင္တန္းသခင္ေတြျဖစ္တဲ့ ခ်င္းလက္ နက္ကိုင္တပ္ေတြ ေပၚေပါက္လာတာဟာ အာဏာသိမ္း အၾကမ္းဖက္ စစ္တပ္ကို ေခ်မွုန္းရာမွာ မ်ားစြာထိေရာက္ ခဲ့ေပမယ့္လို့ တစ္ဘက္မွာလည္း ေဒသနဲ႔ မ်ိဳးႏြယ္စုအေျချပဳ ခ်င္းလက္နက္ကိုင္တပ္ေတြ ေပၚေပါက္လာၾကၿပီး သီးျခားရပ္စီ တည္ေနၾကတာေၾကာင့္ မ်ိဳးႏြယ္စု အက်ိဳးစီးပြား၊ နိုင္ငံေရး အက်ိဳးစီးပြားနဲ႔ နယ္ေျမဆိုင္ရာ ကိစၥ ရပ္ေတြမွာ ပြတ္တိုက္မွုေတြ ရွိလာၿပီး ခ်င္းအမ်ိဳးသား စည္းလုံးညီညြတ္ေရးစိတ္ဓာတ္ ၿပိဳက်သြားကာ အကြဲအျပဲႏြံထဲ နစ္သြားနိုင္ေၾကာင္း တို့ထိလိုက္ရပါတယ္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.