Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အင်တာနက်ဖြတ်တောက်မှုသည် လူအခွင့်အရေးချိုးဖောက်မှုတွေကို အမှောင်ချလိုက်တဲ့သဘောလား?

အင်တာနက်ဖြတ်တောက်မှုသည် လူအခွင့်အရေးချိုးဖောက်မှုတွေကို အမှောင်ချလိုက်တဲ့သဘောလား?

0
By Editor on March 5, 2020 Headline

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နှင့် ရခိုင်ပြည်နယ်မြို့နယ်တစ်ချို့မှာ ဆက်သွယ်ရေးအင်တာနက်လိုင်းတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၃) ရက်နေ့ကစပြီး အစိုးရကပိတ်ပင်လိုက်တာဟာ ခုဆိုရင် တစ်လကျော်ရှိပါပြီ။ ဒီလို အင်တာနက်လိုင်းတွေပိတ်ပင်လိုက်တာကြောင့် အဲဒီဒေသမှာရှိကြတဲ့ ဒေသခံပြည်သူတွေရဲ့ နေ့စဉ်ဘ၀တွေ ဘယ်လောက် ထိခိုက်နစ်နာမှုတွေရှိစေသလဲ။ အစိုးရအနေနဲ့ ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ ခုလိုအင်တာနက်လိုင်းတွေပိတ်ရတာပါလဲ။ ဒီလိုလုပ်ရပ်ဟာ အခြေခံလူ့အခွင့်အရေး ရပိုင်ခွင့်တွေကို ချိုးဖောက်ရာရောက်ပါသလား။ စစ်မက်ဖြစ်ပွားရာဒေသက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အမှောင်ချလိုက်တဲ့သဘောပါလား။ ဒီကိစ္စနဲ့ပတ်သက်ပြီး နယ်ပယ်အသီးသီးက လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ လူငယ်တွေရဲ့ အမြင်သဘောထားတွေကို ခိုနူမ်းသုန်သတင်းဌာနက စုစည်းတင်ပြပေးလိုက်ပါတယ်။

Cherry Zahau (လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ)

ရည်ရွယ်ချက်ရှိရှိနဲ့ မလုပ်သင့်တဲ့အရာကိုလုပ်တယ်လို့မြင်ပါတယ်၊ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ပျက်နေတဲ့အရာတွေကို လူတွေမသိအောင် ရည်ရွယ်ချက်ရှိရှိနဲ့လုပ်တယ် လူတွေဒုက္ခရောက်အောင်ရည်ရွယ်ချက်ချက်ရှိရှိနဲ့လုပ်တယ် အဲဒီဒေသမှာ ဖြစ်ပျက်နေတဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို ကမ္ဘာကမသိအောင်၊ မြန်မာနိုင်ငံကလူတွေမသိအောင် အမှောင်ချလိုက်တဲ့သဘောဖြစ်တယ် ဒါကမလုပ်သင့်ဘူး ရိုးသားမှုမဟုတ်ဘူး ပြည်သူလူထုတွေရဲ့ ကောင်းကျိုးမပြုဘူး ဘယ်အစိုးရကမှမလုပ်သင့်ဘူး။

Salai Za Uk Ling (Deputy Executive Director – Chin Human Rights Organization)

အင်တာနက်လိုင်းကမပိတ်သင့်တဲ့အရာပေါ့နော် ဘာလို့လဲဆိုတော့ ဆက်သွယ်ရေးအင်တာနက်လိုင်းက အစကတည်းက အဲလောက်ကောင်းခဲ့တာမဟုတ်ဘူး စစ်ပွဲတွေဖြစ်တဲ့အချိန်မှာ စစ်ဘေးရှောင်ပြည်သူတွေအတွက် အခက်အခဲပိုဖြစ်စေတာ ပေါ့နော် အာဏာပိုင်တွေကတော့ AA နဲ့တိုက်ပွဲဖြစ်တဲ့အချိန်မှာ သတင်းမထွက်အောင် ဒါမှမဟုတ် AA တွေက ဒါမျိုးတွေ မသုံးနိုင်အောင် ဖြတ်တောက်ထားတာလို့ဆိုပေမယ့် အဓိကတော့ပြည်သူတွေဆီမှာပဲ အကျိုးသက်ရောက်မှုကသွားဖြစ်စေ တော့ မလုပ်သင့်တဲ့အရာလို့မြင်တယ်၊ ဒီလိုမျိုး ဆက်သွယ်ရေးအင်တာနက်ဖြတ်တောက်တာမျိုးက တခြားနိုင်ငံမှာလည်း မတွေ့ရဘူး အထူးသဖြင့် စစ်ဘေးရှောင်ပြည်သူလူထုတွေ အသက်ရှင်ရပ်တည်နိုင်ဖို့အတွက် သတင်းအချက်တွေသိရှိနိုင်ဖို့ ကအရေးကြီးတယ် ဒီမိုကရေစီအစိုးရရဲ့ လုပ်သင့်တဲ့အရာမဟုတ်ဘူး။ ဒီလိုဆက်သွယ်ရေးလိုင်းတွေပိတ်လိုက်တာဟာ Rights to Information(သတင်းအချက်အလက်သိရှိပိုင်ခွင့်) တစ်ခုတည်းမဟုတ်ဘဲနဲ့ Rights to Life ပါထိခိုက်သွား တယ် လူတစ်ဦးတစ်ယောက်ရဲ့ အသက်ရှင်နေထိုင်ပိုင်ခွင့်ဆိုတဲ့ အခြေခံလူ့အခွင့်အရေးထဲမှာ အရေးပါဆုံးအရာတစ်ခုဖြစ် တယ်၊ အထူးသဖြင့် စစ်ဘေးရှောင်ပြည်သူတွေအတွက် Rights to Life ကိုထိပါးစေတယ်၊ ဒီမိုကရေစီအစိုးရတစ်ရပ်အနေ နဲ့ မလုပ်သင့်တဲ့အရာဖြစ်သလို ဆက်သွယ်ရေးအင်တာနက်ဖြန့်ဖြူးတဲ့(Operator)တွေကလည်း မလိုက်လျောသင့်ဘူး။

Salai Ceu Bik Thawng (ချင်းလူငယ်နိုင်ငံရေးသမားတစ်ဦး)

AA နဲ့ တပ်မတော်တို့ရဲ့စစ်ပွဲဆိုင်ရာကိစ္စရပ်တွေကို တခြားနည်းလမ်းတွေနဲ့ဖြေရှင်းလို့ရပါတယ်၊ ဖြတ်လေးဖြတ်ပုံစံမျိုးနဲ့ သတင်းအချက်အလက်တွေကအစ ဟိုလူ့ကိုသတင်းအချက်အလက်တွေဖြတ်ချင်လို့ဆိုပြီးတော့ သိန်းနဲ့သိန်းနဲ့ရှိတဲ့ ဒေသခံပြည်သူလူထုတွေကို သတင်းအချက်အလက်ပိတ်ပင်ဒါမျိုးကျတော့ မဖြစ်သင့်ဘူး၊ တပ်မတော်ကနေ ဒီမြို့နယ်ဒီမြို့နယ်တွေ အင်တာနက်လိုင်းပိတ်ပေးဖို့တင်ပြလာတဲ့အပေါ်မှာကြည့်ပြီးတော့ အစိုးရကပိတ်ထားတယ်ပေါ့လေ ကျနော်တို့က အဲဒါကို မေးခွန်းထုတ်ချင်တာက အစိုးရကနေပြီးတော့ တပ်မတော်ပြောတိုင်းကိုပဲလုပ်နေမှာလား ဆင်ခြင်တုံတရားနဲ့ လူ့အခွင့်အရေးဆိုတာကိုလည်းပဲ အစိုးရက သိရမယ် ဒါက စစ်ရေးနဲ့မဆိုင်ဘူးလေ ပြည်သူနဲ့ဆိုင်တဲ့ သတင်းအချက်အလက်တွေကို ပိတ်ပင်လို့မရဘူး ဒါကပြည်သူလူထုရဲ့အကျိုးစီးပွားနဲ့ အခွင့်အရေးကိုချိုးဖောက်နေတာဖြစ်ပဲလေ။

မင်းဘာချေ ( ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ယက် ဦးဆောင်သူ)

ချင်းပြည်နယ်မှာရှိတဲ့လူတွေရော ရခိုပြည်နယ်မှာရှိတဲ့လူတွေရော သူတို့ရဲ့တစ်နေ့တာစားသောက်ဖို့ တစ်နေ့တာဝင်ငွေတွေ၊ အွန်လိုင်းအသုံးပြုပြီးစီးပွားရေးလုပ်တဲ့အပိုင်းတွေအကုန်ထိခိုက်လာတယ်၊  နိုင်ငံခြားမှာရောက်ရှိနေကြတဲ့ သူတို့မိသားစုတွေနဲ့ဆက်သွယ်တဲ့စနစ်တွေကအစမရှိတော့ဘူး၊ နောက်တစ်ခုက ကျောင်းသူကျောင်းသားတွေ အွန်လိုင်းကိုအသုံးပြုပြီးတော့ ပညာရေးကိုလေ့လာနေကြတဲ့သူတွေအများကြီးရှိကြတယ် သူတို့အတွက်လည်း အခွင့်အရေးကမရှိတော့ဘူး နောက်တစ်ခုကတော့ ကျန်းမာရေးပိုင်းပေါ့ စစ်ဘေးရှောင်ပြည်သူတွေ သူတို့နေထိုင်တဲ့ စခန်းတွေရဲ့ မြေပြင်ပကတိအနေအထားတွေမသိနိုင်တော့ဘူး သူတို့ရဲ့ကျန်းမာရေးအခြေအနေ၊ အစားအသောက်ဖူလုံမှု က ဘယ်လိုရှိလဲ စစ်ဘေးရှောင်စခန်းရဲ့ လုံခြုံရေးကဘယ်လောက်ရှိလဲ စတဲ့အကြောင်းအရာတွေကို သက်ဆိုင်တဲ့အစိုးရအဖွဲ့ ရော၊ နိုင်ငံတကာအဖွဲ့အစည်းတွေရော၊ စိတ်ဝင်တစားစောင့်ကြည့်နေကြတဲ့အဖွဲ့အစည်းတွေအတွက် သေချာခိုင်မာတဲ့ သတင်းစီးဆင်းမှုကမရှိတော့ဘူး၊ အင်တာနက်ဖြတ်တောက်လိုက်ပြီဆိုတာနဲ့ မြေပြင်ရဲ့ပကတိအနေအထားအခြေအနေကိုအများပြည်သူတွေသိအောင်၊ နိုင်ငံတကာသိအောင် မချပြနိုင်တော့တဲ့အခါမှာ စစ်တပ်အနေနဲ့ သူတို့လုပ်ချင်သ လိုလုပ်လို့ရသွားတယ်။

အင်တာနက်လိုင်းဖြတ်လိုက်ပြီဆိုတာနဲ့ ဒါကလူ့အခွင့်အရေးချိုးဖောက်တဲ့လုပ်ရပ်ဖြစ်တယ်ဆိုတာကို အစိုးရကလည်းကောင်းကောင်းသိတယ် ဒါပေမယ့်ဘာဖြစ်လို့ဖြတ်လဲပေါ့ နိုင်ငံတော်လုံခြုံရေးကိုအကြောင်းပြပြီး စစ်တပ်က ဒီစကားကိုပြောပြီးတော့ အင်တာနက်ဖြတ်တဲ့အပိုင်းကိုသူတို့ကလုပ်တယ် နိုင်ငံတော်လုံခြုံရေးဆိုတဲ့အရာသည် ဘာကိုဆိုလိုသလဲ စစ်တပ်ရဲ့လုံခြုံရေးကို ဆိုလိုသလား ဒါမှမဟုတ်ပြည်သူတွေရဲ့လုံခြုံရေးကိုဆိုလိုသလားဆိုတဲ့မေးခွန်းရှိ ပါတယ်၊ ဒါပေမယ့်အခုကျနော်တို့မြင်တာက စစ်တပ်ရဲ့လုံခြုံရေးကိုပဲ အဓိကတည်ဦးပြီးလုပ်တဲ့လုပ်ရပ်ဖြစ်နေပါတယ် စစ်တပ်ရဲ့လုံခြုံရေးကို အစိုးရက Cover ပေးတဲ့သဘောလို့ပဲမြင်ပါတယ်။

Peter Luailu (အယ်ဒီတာချူပ်- ခူမီးမီဒီယာအဖွဲ့)

ဒီဒေသမှာတိုက်ပွဲတွေပြင်းထန်လာတဲ့အခါမှာ သတင်းတွေတခြားနေရာမှာပြန့်မသွားအောင် အင်တာနက်လိုင်းတွေ ပိတ်ထာလို့ယူဆရပါတယ်၊ ဒါပေမယ့် ဒီဟာကလုပ်ထုံးလုပ်နည်းမမှန်ဘူး၊ တခြားနည်းလမ်းတွေနဲ့ဆောင်ရွက်သင့်ပါတယ်၊ သူတို့လုပ်ချင်တဲ့အရာကိုဘဲမစဉ်းစားပဲနဲ့ ဒေသခံတွေရဲ့ နစ်နာထိခိုက်ခံစားပေးစေချင်တယ်၊ ခုဆိုရင် ပလက်ဝမြို့ဒေသက လူတွေကတော့ သတင်းအမှောင်ချထားခံရသလိုဖြစ်နေတာပေါ့နော်၊ ပလက်ဝမှာက တခြားမြို့နယ်တွေလို ပုဂ္ဂလိကဘဏ်တွေလည်းမရှိတော့ Wave Money နဲ့ငွေလွှဲစနစ်ကို အဓိကအသုံးပြုရတယ် အင်တာနက်လိုင်းဖြတ်လိုက်တဲ့ နောက်ပိုင်းမှာ Wave Money လည်း သုံးလို့မရတော့ဘူး၊ ပလက်ဝမြို့နယ်က ဆယ်တန်းအောင်ချက်နည်းတဲ့အတွက်ကြောင့် တခြားမြို့နယ်တွေမှာ ၁၀ တန်းတက်နေတဲ့ သားသမီးတွေကို ငွေပို့လို့မရတော့ဘူး အကျိုးဆက်ကတော့ အများကြီးပါပဲ ခုဆိုရင် ရေလမ်း ကုန်လမ်းတွေအကုန်းလုံးပိတ်သွားတဲ့အတွက်ကြောင့်မို့လို့ ဒုက္ခတွေက ပိုပြီးတော့များလာပေါ့နော်။ ဒေသခံတွေက ဘယ်သူ့ကိုအားရမလဲဆိုတာ မသိတော့တဲ့အခြေအနေဖြစ်နေပါတယ်။ ပလက်ဝမြို့နယ်မှာ လွှတ်တော်ကိုယ်စားလှယ် (၅) ဦးနဲ့ ၀န်ကြီးတစ်ဦးရှိတာပေါ့နော် ကျနော်တို့ဒီအစိုးရကို မဲပေးလို့ အစိုးရဖြစ်လာကြတာပေါ့ဗျာ မဲပေးတဲ့ပြည်သူတွေကလည်း အစိုးရကို အားကိုးတာပေါ့ဗျာ ဘာလုပ်ပေးလာမလဲဆိုတာ ဒါပေမယ့် အစိုးရကလည်း တစ်လလောက်နီးပါးအထိ ဘာမှမလုပ်ပေးနိုင်ဘူးဖြစ်နေတယ် သူတို့အပေါ်မှာအားမရမိတာတော့အမှန်ပဲ ဒေသခံတွေ အနေနဲ့။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်မြို့က အစိုးရ အဆောက်အဦးနှင့် နေအိမ်များ လေကြောင်းတိုက်ခိုက်ခံရ၊ အရပ်သားများ သေဆုံးမှုရှိဟုဆို

စစ်ကောင်စီကြောင့် ဧပြီလအတွင်း အမျိုးသမီး ၇၀ ကျော်သေဆုံး

မူးယစ်ဆေးဝါးကြောင့် ဖမ်းခံရသူ ၄ ဦးနှင့် မိသားစုဝင်များကို မီဇိုးလူငယ်အသင်း YMA က မြန်မာပြည်ပြန်ရန် နှင်ထုတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

March 27, 2025

“ကျွန်မတို့ ယောကျ်ားလေးတွေနဲ့ တန်းတူလုပ်ရတာဆိုလို့ သင်တန်းမှာပဲရတယ်။ မိန်းကလေးတွေက ငါတို့ကိုလဲ တာဝန်တွေပေးတော့မှာဆိုတဲ့ မျှော်လင့်ချက်နဲ့ သင်တန်းမှာ ကြိုးစားလိုက်ကြတာ သင်တန်းလဲပြီးရော စားဖိုဆောင် ပြန်ပို့ခံရတယ်လေ” GiGi (လက်ဖြောင့်တပ်သား – PDF-Zoland)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.