Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အမေရိကန်အကူအညီများ ဖြတ်တောက်မှုများကြောင့် မရှိမဖြစ်လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှု၊ ဝန်ဆောင်မှုများ ဆုံးရှုံးခဲ့ရဟု CHRO ပြော

အမေရိကန်အကူအညီများ ဖြတ်တောက်မှုများကြောင့် မရှိမဖြစ်လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှု၊ ဝန်ဆောင်မှုများ ဆုံးရှုံးခဲ့ရဟု CHRO ပြော

0
By Editor on February 18, 2025 Headline

(004SS)

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အမေရိကန်အကူအညီများ ဖြတ်တောက်မှုများကြောင့် ချင်းပြည်နယ်အတွင်း မရှိမဖြစ်လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ ဆုံးရှုံးခဲ့ရသည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ပြောသည်။

ရန်ပုံငွေပြတ်တောက်မှုကြောင့် CHRO မိုဘိုင်းဆေးအဖွဲ့များ၏ အရေးကြီး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းလည်ပတ်မှုများ ရပ်တန့်‌စေခဲ့သလို ဆေးဝါးထောက်ပံ့မှု၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းများ ပံ့ပိုးပေးနိုင်မှုနှင့် သယ်ယူပို့ဆောင်ရေးတို့မှာလည်း အပြင်းအထန် ထိခိုက်စေကြောင်း သိရသည်။

“ရန်ပုံငွေဖြတ်တောက်ခံရခြင်းရဲ့ အကျိုးဆက်ကတော့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို လိုအပ်သလို response မပေးနိုင်တော့တဲ့ အခက်အခဲရှိပါတယ်။ ကျန်တော်တို့ တခြား funding တွေ ရှာကြည့်တယ်။ ဒါပေမဲ့ သိတဲ့အတိုင်း နေ့ချင်းညချင်း ရတဲ့အရာမဟုတ်တဲ့အခါကျတော့ ကြားထဲမှာ ကျွန်တော်တို့လုပ်ငန်းတွေ ရပ်တန့်သွားသလို ဖြစ်ရတာပေါ့နော်။ ဟိုတလောက မတူပီ case ဆိုလို့ရှိရင် ဝန်ထမ်းတွေ မသွားရောက်နိုင်တော့ဘူး၊ ဒါပေမဲ့ တတ်နိုင်သမျှတော့ ကျွန်တော်တို့ နီးစပ်ရာ ဆေးရုံကနေ မတူပီမှာရှိတဲ့ ဆရာတွေကို ဆေးတွေ ပို့ပေးနိုင်ခဲ့တယ်။ အဲတုန်းက ဒီ outbreak ဖြစ်တဲ့အချိန်၊ funding ရပ်တန့်တဲ့အချိန်နဲ့ တိုက်တဲ့အခါကျတော့ ချက်ချင်း မတုန့်ပြန်နိုင်တော့ဘူးပေါ့နော်” ဟု ချင်းလူ့အခွင့်အရေးအဖွဲ့၏ ကျန်းမာရေးတာဝန်ခံ Dr. Jay က ပြောသည်။

CHRO ကျန်းမာရေးအဖွဲ့အနေဖြင့် မြေပြင်တွင် ကိုယ်တိုင်ပါဝင်နိုင်ရန် ခက်ခဲခြင်းကြောင့် အခြားသော အရပ်ဖက် ကျန်းမာရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အချက်အလက်များမျှဝေခြင်း၊ အချင်းချင်း အသိပေးဆောင်ရွက်ခြင်းလုပ်ငန်းများကို တတ်နိုင်သမျှ လုပ်ဆောင်နေ‌ကြောင်း Dr. Jay က ဆက်ပြောသည်။

လက်ရှိ၊ ချင်းပြည်နယ် တောင်ပိုင်းရှိ မြို့နယ်များတွင် လူကြီး၊ ကလေးမရွေး အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားလျက်ရှိနေကြောင်း၊ လုံလောက်သော ဆေးဝါးကုသမှု မရှိပါက အခြေအနေ ဆိုးရွားလာနိုင်ကြောင်းလည်း သိရသည်။

ဖေဖော်ဝါရီ ၆ ရက်နေ့က ချင်းကျန်းမာရေးအဖွဲ့အစည်းတစ်ခု၏ ဖော်ပြချက်အရ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ လလယ်ပိုင်းမှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ပထမပတ်အထိ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုမှာ မတူပီမြို့နယ်တွင် ၁၉၀ ယောက်၊ မင်းတပ်မြို့နယ်တွင် ၁၄၃ ယောက်၊ ပလက်ဝမြို့နယ် ၁၂၄ ယောက်နှင့် ကန်ပလက်မြို့နယ်တွင် ၂၄ ယောက်၊ စုစုပေါင်း ရောဂါဖြစ်ပွားသူ ၄၈၀ ကျော် ရှိခဲ့သည်။

ထို့အပြင် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် တစ်နှစ်အောက်ကလေးငယ် ၃ ယောက်နှင့် လူကြီး ၁ ယောက်၊ စုစုပေါင်း ၄ ယောက် သေဆုံးခဲ့ပြီဟု ဖော်ပြထားသည်။

ထို့ကြောင့် ချင်းပြည်သူများ၏ လိုအပ်ချက်များကို ပြည်သူအချင်းချင်း ဖြည့်ဆည်းပေးနိုင်‌ရေးနည်းလမ်းများ အတူတကွ ဝိုင်းဝန်းအဖြေရှာရန် CHRO ကျန်းမာရေးတာဝန်ခံ Dr. Jay က အခုလို ဆက်ပြောသည်။

“ပြည်သူတွေကိုသာ မထောက်ပံ့နိုင်ရင်တော့ ကျွန်တော်တို့ အခုတလောကြုံရတဲ့ ကာလဝမ်းရောဂါလိုမျိုး outbreak ဖြစ်တယ်ဆိုတဲ့ဟာမှာ response မပေးနိုင်တော့တဲ့အခါ အသက်ဆုံးရှုံးတာတွေ ကြုံရနိုင်တယ်။ ကျွန်တော်တို့ နိုင်ငံတကာကလာတဲ့ အကူအညီတွေ ယူလို့ရမဲ့အနေအထားဆိုရင် အတိုင်းအတာတစ်ခုထိ ယူကြမယ်။ တစ်ဖက်ကလဲ liberated area တွေမှာဆိုလို့ရှိရှင် မြေပြင်ကနေ တတ်နိုင်သမျှ အုပ်ချုပ်ရေးပိုင်းက ဘယ်လက်နက်ကိုင်အဖွဲ့ပဲဖြစ်ဖြစ် ပြည်သူလူထုရဲ့ ဝန်ဆောင်မှုလမ်းကြောင်းတွေ ဦးစားပေး ကြည့်‌ပေးသင့်တယ်လို့ ယူဆပါတယ်။ နောက် လေကြောင်းရန်ကို သတိထားရင်း ပြည်သူ့ရဲ့ ကျန်းမာရေး၊ ပညာရေးပိုင်းကို အနှောင့်အယှက်မပေးဘဲ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ ပြောချင်တယ်ပေါ့နော်” ဟု ၎င်းက ပြောသည်။

ရန်ပုံငွေ ပြန်လည်ရရှိရန် နိုင်ငံတကာ၏ အရေးပေါ်အကူအညီ မရပါက ပြည်သူများ၏ ကျန်းမာရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ ဆက်လက်နက်ရှိုင်းလာကာ ထောင်ပေါင်းများစွာ၏ အသက်အန္တရာယ်ကို ကျရောက်စေမည်ဖြစ်တာကြောင့် အရေးပေါ်အကူအညီများ ပြန်လည်စတင်ရန်နှင့် ယခုဖြစ်ပွားနေသော အရေးပေါ် အခြေအနေများ၏ ဆိုးရွားသော အကျိုးဆက်များမှ ကာကွယ်စောင့်ရှောက်ပေးရန် တောင်းဆိုထား‌ကြောင်း CHRO က ဆိုသည်။

CHRO သည် မည်သူမည်ဝါ မခွဲခြားဘဲ ချင်းပြည်သူများရှိသော နေရာများတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးခြင်း၊ မြေမြုပ်မိုင်းပေါက်ကွဲခြင်းမှ အသက်ရှင်ကျန်ရစ်သူများအား ကူညီပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အထောက်အပံ့ပေးခြင်းများကို တတ်နိုင်သမျှ ဆောင်ရွက်ပေးနေကြောင်း Dr.Jay ၏ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်နေ့က အမေရိကန်၏ နိုင်ငံရပ်ခြား အကူအညီပေးထားသည့် ဖွံ့ဖြိုးရေး စီမံကိန်းအားလုံးနီးပါးအတွက် အသုံးစရိတ်များကို ပြန်လည်သုံးသပ်မည်ဖြစ်၍ ၎င်းစီမံကိန်းတွေအတွက် ထောက်ပံ့မှုကို ရက်ပေါင်း ၉၀ ဆိုင်းငံ့လိုက်ကြောင်း သမ္မတထရမ့်၏ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးသစ် မာကိုရူဘီယိုက နိုင်ငံခြားသံရုံးများကို ရုံးတွင်းစာဖြင့် ပေးပို့ကာ အမိန့်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.