အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်မှှုးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဧပြီလ ၂၂ ရက်နေ့က ရုပ်သံမိန့်ခွန်းကနေ ဖိတ်ခေါ်လိုက်ပါတယ်။ မေလ ၉ ရက်နေ့မှာတော့ စစ်ကောင်စီရဲ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲတက်ကြမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၁၀) ဖွဲ့ရဲ့စာရင်းလည်း ထွက်ပေါ်လာခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်ကနေ ဘယ်လိုရလဒ်မျိုးတွေထွက်ပေါ်လာနိုင်ပါသလဲ။ လက်ရှိနိုင်ငံရေး စစ်ရေးပဋိပက္ခအခြေအနေတွေကို ဖြေရှင်းနိုင်ပါ့မလား။ ဒီကိစ္စအပေါ် ချင်းနိုင်ငံရေးလေ့လာ သုံးသပ်သူတစ်ဦးလည်းဖြစ် လက်ရှိချင်းအမျိုးသားဒီမိုရေစီအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်ကို ဆက်သွယ်မေးမြန်း ထားပါတယ်။
မေး- ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းထားမှုအပေါ် ဘယ်လို မြင်လဲဆိုတာ အရင်ဆုံးပြောပြပေးပါ။
ဖြေ- ကျွန်တော်တို့ကတော့ ဒါကိုလက်မခံသင့်ဘူးပေါ့နော်။ မတက်ရောက်သင့်ဘူးလို့ပဲ တိုင်းရင်းသားလက်နက် ကိုင်ခေါင်းဆောင်တွေကိုလည်းပဲ ဒီလိုပဲ တိုက်တွန်းချင်တယ်ပေါ့။ ဘာကြောင့်လည်းဆိုတော့ အဲ့ဒီ မင်း အောင်လှိုင်ရဲ့ ရည်ရွယ်ချက်ကိုက ငြိမ်းချမ်းရေးကို အမှန်တကယ် တိုင်းပြည်ရဲ့ နိုင်ငံရေးပြဿနာ၊ တိုင်းရင်းသားတွေရဲ့ ပြဿနာကို ဖြေရှင်းချင်လို့ ကမ်းလှမ်းတဲ့ဟာလည်း မဟုတ်ဘူး။ သူရဲ့ရည်ရွယ်ချက်ကတည်းကိုက ကျွန်တော်တို့ ဒီလိုချင်တဲ့ဟာကို ရရှိဖို့မဟုတ်ဘူးလေ။ နောက်တခုက အဲ့ဒီလမ်းကြောင်းကိုကလည်းပဲ အဓိကကတော့ သူတို့ကတော့ တဖွဲ့ထဲနဲ့ပဲ လိုက်ကြည့်မယ်ဆိုကတည်းကိုက အရင်တုန်းက ၁၉၉၀ ဝန်းကျင်တုန်းက သူတို့စစ်အစိုးရက လုပ်တဲ့အဖွဲ့အစည်းရဲ့ အကျိုးစီးပွားရေးအပိုင်းကိုပဲ ညှိနှှိုင်းပြီးတော့ အဲ့လိုပဲ ငြိမ်းချမ်းရေးလုပ်တဲ့ပုံစံမျိုးကိုပဲ ရည်ရွယ်ထားတာကိုး။အခု ကျွန်တော်တို့ရဲ့ လက်ရှိ တိုက်ပွဲ ဝင်နေတဲ့၊ အထူးသဖြင့် နွေဦးတော်လှန်ရေးနဲ့ သွားမဲ့နိုင်ငံတော်ကြီးကို အသစ်တဖန် ပြန်လည်တည် ဆောက်ရေး ကိစ္စနဲ့ တိုင်းရင်းသားတွေရဲ့ ကို်ယ်ပိုင် ပြဌာန်းခွင့်နဲ့ တိုင်းရင်းတွေရဲ့ ကိုယ့်ပြည်ထောင်တည် ဆောက်ရေးကလည်း ဒီလမ်းကြောင်းနဲ့ သွားလို့မှမရတာဆိုတော့ ဒါကတော့အားမပေးဘူး။
မေး- ဒီစစ်ကောင်စီရဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ဖို့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့လောက်က စာရင်းပေးထားတယ်ဆိုပြီး စစ်ကောင်စီဘက်က ပြောပါတယ်။ တချို့ကလည်း မတက်ဘူးဆိုပြီးပြောထား တာရှိပါတယ်။ အဓိက သိချင်တာ ကတော့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ဘယ်လိုရည်ရွယ်ချက်နဲ့ ဘာကြောင့် ခုလိုငြိမ်း ချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းရတာပါလဲ။
ဖြေ- နံပါတ်တစ်အချက်ကတော့ ဒီနွေဦးတော်လှန်ရေးက အခုကြည့်မယ်ဆိုရင် စစ်ကောင်စီဟာ ခံစစ်ပုံစံဖြစ်နေပြီ တော်တော်လေးကို သူက တိုက်စစ်တောင်သူမဖွင့်နိုင်တော့တဲ့အနေအထားမျိုးဖြစ်နေတဲ့အချိန်မှာ ဒီထွက်ပေါက်ရှာတာ ပေါ့။ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကနေပြီးတော့ ဒီနွေဦးတော်လှန်ရေးကို အားဖြည့်ပေး တဲ့အခါကြတော့ သူကဒုက္ခရောက်နေတဲ့အတွက်ကြောင့် တိုင်းရင်းသားလက်နက်ကိုင်တွေကို နွေဦးတော်လှန်ရေးမှာ ပါဝင်မှုမပြုအောင် ဒီလမ်းကြောင်းကို ဖန်တီးလိုက်တယ်။ ဒုတိယ အချက်ကတော့ တိုင်းရင်းသားတွေ၊ လက်နက်ကိုင်တွေကြားထဲမှာလည်းပဲ ဒီဟာကို ချပြပြီးတော့မှ အကွဲအပြဲ တွေဖြစ်စေချင်တယ်သူက တိုင်းရင်းသားတွေရဲ့ စုစည်းမှုကိုလည်းပဲ ဒီဟာကြောင့် အကွဲအပြဲတွေဖြစ်စေ ချင်တယ် အခုလည်း တော်တော်လေးကို အကွဲအပြဲတွေဖြစ်နေကြပြီလေ ဥပမာ တချို့ အဖွဲ့တွေဆိုလို့ရှိရင် အဖွဲ့ အတွင်းမှာတောင်မှ သူ့ရဲ့ကမ်းလှမ်းချက်နဲ့ ပက်သက်ပြီးတော့မှ ခေါင်းဆောင်တွေ အချင်းချင်းကြားထဲမှာ အမြင်ချင်းမတူ ကွဲပြားပြီးတော့မှ အချင်းချင်း အငြင်းပွားမှုတွေလည်း ရှိနေပြီလေ။ သူကတော့ တနည်းအားဖြင့် ဆိုလို့ရှိရင် သူ့ရဲ့ရန်သူ ပြိုင်ဖက်ဖြစ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရော၊ ဒီဖက်က အရေးတော်ပုံပါ ဝင်တဲ့သူတွေအားလုံးအချင်းချင်းကြားထဲမှာ စည်းလုံးမှုတွေကို ပျက်ပြားအောင်လုပ်တာပေါ့။ နောက်တခုက နိုင်ငံတကာကလည်းပဲ အခုဖိအားတွေဝင်လာတယ်။ အခုအာဆီယံခေါင်းဆောင်တွေနဲ့လည်းပဲ အမေရိကန်နဲ့ အစည်းအဝေးတွေကို ဝါရှင်တန်မှာ သူတို့ စနေပြီ။ အဲ့ဒီဟာတွေဖြစ်နေတဲ့အချိန်မှာ သူက ငြိမ်းချမ်းရေး ကို တစ်စုံတစ်ရာကြိုးပမ်းဆောင်ရွက်နေပါကြောင်းကိုလည်း ပြဖို့လိုတာကိုး။ အဲ့ဒီဟာတွေအတွက်ပါ တကယ့်တကယ် (မင်းအောင်လှိုင်)သူရဲ့စိတ်ရင်းမှာ တိုင်းပြည်ရဲ့ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး။
မေး- စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေကော် ဘယ်လိုရလဒ်မျိုးတွေထွက်ပေါ်လာမယ်လို့မျှော်လင့်လို့ရပါသလဲ။
ဖြေ- ဒါကတော့ ထုံးစံအတိုင်းပါပဲ ထက်ဝက်လောက်ကတော့ တက်မယ်ပေါ့။ တိုင်းရင်းလက်နက်ကိုင်တပ်ဖွဲ့တွေက ထက်ဝက်လောက်ကတက်မယ်ဆိုတာကလည်း ကြည့်မယ်ဆုုိရင်သိသာတာပဲတက်မဲ့သူတွေက အခု NCA လက်မှတ်ထိုးတဲ့အဖွဲ့ထဲက တဝက်လောက်ပါတယ်။ အဲ့တစ်ဝက်လောက်က ပြောမယ်ဆိုရင်တော့ အင်အားကြီး တဲ့ဟာတွေလည်းမဟုတ်ဘူးလေ။ နောက်တခုက ဒီဖက်က အင်အားကြီးတဲ့တချို့အဖွဲ့တွေလည်း ပါပါတယ်။ “ဝ”တို့ RCSS တို့လည်းပါပါတယ်။ ဒါပေမယ့်လည်းပဲ သူတို့ကလည်းပဲ ထိပ်ပိုင်း၊ လူကြီးပိုင်းတွေကို လွတ်မှာမဟုတ် ဘူး။ သဘောတရားလောက်နဲ့ပဲ သူက ထိပ်ပို်င်းခေါင်းဆောင်မဟုတ်တဲ့သူတွေကိုပဲ စေလွတ်မှာဆိုတော့ ရလဒ်ကတော့ မယ်မယ်ရရထွက်မှာ မဟုတ်ဘူူး။
မင်းအောင်လှိုင်ရဲ့ ရည်ရွယ်ချက်ကိုကလည်းပဲ ဒီဟာနဲ့ပက်သက်ပြီးတော့ သူအများကြီးမမျှော်လင့်ဘူးလေ။ သဘောတရား လောက် ဘယ်နှစ်ဖွဲ့ တက်ရောက်တယ်၊ ဘယ်နှစ်ဖွဲ့နဲ့ ညှိပါတယ်ဆိုတဲ့ဟာလောက်ပဲ သူလည်း လုပ်ချင်တာကိုး၊ အဲ့ဒီဟာ လောက်ပဲ ဖြစ်မယ်။ အထူးသဖြင့်က အခုတက်ရောက်မဲ့အဖွဲ့က ၁၀ ဖွဲ့လောက်တက်ရောက်မယ်ဆိုပါတော့ အခုတက် ရောက်မဲ့သူအားလုံးက အခုနွေဦးတော်လှန်ရေးမှာ မပါဝင်တဲ့သူတွေကများတယ်ပေါ့။ တနည်းအားဖြင့်ပြောရင် လက်ရှိစစ်ကောင်စီနဲ့ တိုက်ပွဲမရှိတဲ့အဖွဲ့တွေပဲဖြစ်နေတယ်ပေါ့။ ဆိုတော့အဲ့တာကြောင့် ဒီဖြစ်စဉ်နဲ့ ဒီဆွေးနွေးပွဲ ကနေ အခုပြည်းတွင်းပဋ္ဋိပက္ခတွေကို လျော့ချနိုင်စရာအကြောင်းမရှိဘူး၊ မဆိုင်ဘူးလို့တောင်ပြောလို့ရတယ်။ အခုကျွန်တော်တို့ စစ်ကောင်စီနဲ့တိုက်ပွဲဝင်နေတဲ့သူတွေကတော့ တက်ရောက်မှာမဟုတ်ဘူးလေ။ အဲ့ဒါကြောင့် မင်းအောင်လှိုင်ရဲ့ ဖိတ်ကြားချက်နဲ့ ဒီအစီစဉ်ကနေပြီးတော့ ပြည်တွင်းပဋ္ဋိပက္ခ လက်ရှိတို်က်ပွဲတွေက လျော့ချဖိို့ လည်းမရှိဘူး။ ဘာမှ ထိခို်က်ဖို့လည်းမရှိဘူး။ပြောင်းလဲဖို့လည်းမရှိဘူး။
Zawgyi
“မင္းေအာင္လိႈင္ရဲ႕စိတ္ရင္းမွာ တကယ့္တကယ္ တုိင္းျပည္ရဲ့၊ ႏုိင္ငံေတာ္ရဲ႕ျပႆနာကုိ ေျဖရွင္းဖုိ႔ရည္ရြယ္ခ်က္ဆုိတာ မရွိပါဘူး’’
ခိုႏူမ္းသုန္သတင္း၊ ၁၈ ေမ ၂၀၂၂
အာဏာသိမ္းစစ္ေခါင္းေဆာင္ဗိုလ္မွႈးႀကီး မင္းေအာင္လွိုင္က တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးဖို႔ ဧၿပီလ ၂၂ ရက္ေန႔က ႐ုပ္သံမိန႔္ခြန္းကေန ဖိတ္ေခၚလိုက္ပါတယ္။ ေမလ ၉ ရက္ေန႔မွာေတာ့ စစ္ေကာင္စီရဲ့ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲတက္ၾကမယ့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔အစည္း (၁၀) ဖြဲ႔ရဲ႕စာရင္းလည္းထြက္ေပၚလာခဲ့ပါတယ္။
စစ္ေကာင္စီရဲ႕ ၿငိမ္းခ်မ္းေရးဖိတ္ေခၚခ်က္ကေန ဘယ္လိုရလဒ္မ်ိဳးေတြထြက္ေပၚလာနိုင္ပါသလဲ။ လက္ရွိနိုင္ငံေရး စစ္ေရးပဋိပကၡအေျခအေနေတြကို ေျဖရွင္းနိုင္ပါ့မလား။ ဒီကိစၥအေပၚ ခ်င္းနိုင္ငံေရးေလ့လာ သုံးသပ္သူ တစ္ဦးလည္းျဖစ္ လက္ရွိခ်င္းအမ်ိဳးသားဒီမိုေရစီအဖြဲ႕ခ်ဳပ္ရဲ့ အတြင္းေရးမႉး ဆလိုင္းက်ဲအိုဘိခ္ေထာင္ကို ဆက္သြယ္ေမးျမန္း ထားပါတယ္။
ေမး- ဗုိလ္ခ်ဳပ္ၾကီးမင္းေအာင္လႈိင္က တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔အစည္းေတြကို ျငိမ္းခ်မ္းေရးေဆြးေႏြးဖုိ႔ ကမ္းလွမ္းထားမႈအေပၚ ဘယ္လုိ ျမင္လဲဆိုတာ အရင္ဆံုးေျပာျပေပးပါ။
ေျဖ- ကြ်န္ေတာ္တုိ႔ကေတာ့ ဒါကုိလက္မခံသင့္ဘူးေပါ့ေနာ္။ မတက္ေရာက္သင့္ဘူးလုိ႔ပဲ တုိင္းရင္းသားလက္နက္ ကုိင္ေခါင္းေဆာင္ေတြကုိလည္းပဲ ဒီလုိပဲ တုိက္တြန္းခ်င္တယ္ေပါ့။ ဘာေၾကာင့္လည္းဆုိေတာ့ အဲ့ဒီ မင္း ေအာင္လႈိင္ရဲ႕ ရည္ရြယ္ခ်က္ကုိက ျငိမ္းခ်မ္းေရးကုိ အမွန္တကယ္ တုိင္းျပည္ရဲ႕ ႏုိင္ငံေရးျပႆနာ၊ တုိင္းရင္းသားေတြရဲ႕ ျပႆနာကုိ ေျဖရွင္းခ်င္လုိ႔ ကမ္းလွမ္းတဲ့ဟာလည္း မဟုတ္ဘူး။ သူရဲ႕ရည္ရြယ္ခ်က္ကတည္းကုိက ကြ်န္ေတာ္တုိ႔ ဒီလုိခ်င္တဲ့ဟာကုိ ရရွိဖုိ႔မဟုတ္ဘူးေလ။ ေနာက္တခုက အဲ့ဒီလမ္းေၾကာင္းကုိကလည္းပဲ အဓိကကေတာ့ သူတုိ႔ကေတာ့ တဖြဲ႔ထဲနဲ႔ပဲ လုိက္ၾကည့္မယ္ဆုိကတည္းကုိက အရင္တုန္းက ၁၉၉၀ ဝန္းက်င္တုန္းက သူတုိ႔စစ္အစုိးရက လုပ္တဲ့အဖြဲ႔အစည္းရဲ႕ အက်ဳိးစီးပြားေရးအပုိင္းကုိပဲ ညွိႏွႈိင္းျပီးေတာ့ အဲ့လုိပဲ ျငိမ္းခ်မ္းေရးလုပ္တဲ့ပုံစံမ်ဳိးကုိပဲ ရည္ရြယ္ထားတာကုိး။အခု ကြ်န္ေတာ္တုိ႔ရဲ႕ လက္ရွိ တုိက္ပြဲ ဝင္ေနတဲ့၊ အထူးသျဖင့္ ေႏြဦးေတာ္လွန္ေရးနဲ႔ သြားမဲ့ႏုိင္ငံေတာ္ၾကီးကုိ အသစ္တဖန္ ျပန္လည္တည္ ေဆာက္ေရး ကိစၥနဲ႔ တုိင္းရင္းသားေတြရဲ႕ ကုိ္ယ္ပုိင္ ျပဌာန္းခြင့္နဲ႔ တုိင္းရင္းေတြရဲ႕ ကုိယ့္ျပည္ေထာင္တည္ ေဆာက္ေရးကလည္း ဒီလမ္းေၾကာင္းနဲ႔ သြားလုိ႔မွမရတာဆုိေတာ့ ဒါကေတာ့အားမေပးဘူး။
ေမး- ဒီစစ္ေကာင္စီရဲ႕ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲကို တက္ေရာက္ဖို႔ တိုင္းရင္းသားလက္နက္ကိုင္ ၁၀ ဖြဲ႔ေလာက္က စာရင္းေပးထားတယ္ဆိုၿပီး စစ္ေကာင္စီဘက္က ေျပာပါတယ္။ တခ်ဳိ႕ကလည္း မတက္ဘူးဆုိျပီးေျပာထား တာရွိပါတယ္။ အဓိက သိခ်င္တာ ကေတာ့ ဗုိလ္ခ်ဳပ္ၾကီး မင္းေအာင္လႈိင္က ဘယ္လုိရည္ရြယ္ခ်က္နဲ႔ ဘာေၾကာင့္ ခုလုိျငိမ္း ခ်မ္းေရးေဆြးေႏြးဖုိ႔ ကမ္းလွမ္းရတာပါလဲ။
ေျဖ- နံပါတ္တစ္အခ်က္ကေတာ့ ဒီေႏြဦးေတာ္လွန္ေရးက အခုၾကည့္မယ္ဆုိရင္ စစ္ေကာင္စီဟာ ခံစစ္ပုံစံျဖစ္ေနျပီ ေတာ္ေတာ္ေလးကုိ သူက တုိက္စစ္ေတာင္သူမဖြင့္ႏုိင္ေတာ့တဲ့အေနအထားမ်ဳိးျဖစ္ေနတဲ့အခ်ိန္မွာ ဒီထြက္ေပါက္ရွာတာ ေပါ့။ အထူးသျဖင့္ တုိင္းရင္းသားလက္နက္ကုိင္တပ္ဖြဲ႔ေတြကေနျပီးေတာ့ ဒီေႏြဦးေတာ္လွန္ေရးကုိ အားျဖည့္ေပး တဲ့အခါၾကေတာ့ သူကဒုကၡေရာက္ေနတဲ့အတြက္ေၾကာင့္ တုိင္းရင္းသားလက္နက္ကုိင္ေတြကုိ ေႏြဦးေတာ္လွန္ေရးမွာ ပါဝင္မႈမျပဳေအာင္ ဒီလမ္းေၾကာင္းကုိ ဖန္တီးလုိက္တယ္။ ဒုတိယ အခ်က္ကေတာ့ တုိင္းရင္းသားေတြ၊ လက္နက္ကုိင္ေတြၾကားထဲမွာလည္းပဲ ဒီဟာကုိ ခ်ျပျပီးေတာ့မွ အကြဲအျပဲ ေတြျဖစ္ေစခ်င္တယ္သူက တုိင္းရင္းသားေတြရဲ႕ စုစည္းမႈကုိလည္းပဲ ဒီဟာေၾကာင့္ အကြဲအျပဲေတြျဖစ္ေစ ခ်င္တယ္ အခုလည္း ေတာ္ေတာ္ေလးကုိ အကြဲအျပဲေတြျဖစ္ေနၾကျပီေလ ဥပမာ တခ်ဳိ႕ အဖြဲ႔ေတြဆုိလုိ႔ရွိရင္ အဖြဲ႔ အတြင္းမွာေတာင္မွ သူ႔ရဲ႕ကမ္းလွမ္းခ်က္နဲ႔ ပက္သက္ျပီးေတာ့မွ ေခါင္းေဆာင္ေတြ အခ်င္းခ်င္းၾကားထဲမွာ အျမင္ခ်င္းမတူ ကြဲျပားျပီးေတာ့မွ အခ်င္းခ်င္း အျငင္းပြားမႈေတြလည္း ရွိေနျပီေလ။ သူကေတာ့ တနည္းအားျဖင့္ ဆုိလုိ႔ရွိရင္ သူ႔ရဲ႕ရန္သူ ျပဳိင္ဖက္ျဖစ္ေနတဲ့ တုိင္းရင္းသားလက္နက္ကိုင္တပ္ဖြဲ႔ေတြေရာ၊ ဒီဖက္က အေရးေတာ္ပုံပါ ဝင္တဲ့သူေတြအားလုံးအခ်င္းခ်င္းၾကားထဲမွာ စည္းလံုးမႈေတြကုိ ပ်က္ျပားေအာင္လုပ္တာေပါ့။ ေနာက္တခုက ႏုိင္ငံတကာကလည္းပဲ အခုဖိအားေတြဝင္လာတယ္။ အခုအာဆီယံေခါင္းေဆာင္ေတြနဲ႔လည္းပဲ အေမရိကန္နဲ႔ အစည္းအေဝးေတြကုိ ဝါရွင္တန္မွာ သူတို႔ စေနျပီ။ အဲ့ဒီဟာေတြျဖစ္ေနတဲ့အခ်ိန္မွာ သူက ျငိမ္းခ်မ္းေရး ကုိ တစ္စုံတစ္ရာၾကိဳးပမ္းေဆာင္ရြက္ေနပါေၾကာင္းကုိလည္း ျပဖုိ႔လုိတာကုိး။ အဲ့ဒီဟာေတြအတြက္ပါ တကယ့္တကယ္ (မင္းေအာင္လိႈင္)သူရဲ႕စိတ္ရင္းမွာ တုိင္းျပည္ရဲ႕ ႏုိင္ငံေတာ္ရဲ႕ျပႆနာကုိ ေျဖရွင္းဖုိ႔ရည္ရြယ္ခ်က္ဆုိတာ မရွိပါဘူး။
ေမး- စစ္ေကာင္စီရဲ႕ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲကေနေကာ္ ဘယ္လုိရလဒ္မ်ဳိးေတြထြက္ေပၚလာမယ္လုိ႔ေမ်ွာ္လင့္လုိ႔ရပါသလဲ။
ေျဖ- ဒါကေတာ့ ထုံးစံအတုိင္းပါပဲ ထက္ဝက္ေလာက္ကေတာ့ တက္မယ္ေပါ့။ တုိင္းရင္းလက္နက္ကိုင္တပ္ဖြဲ႔ေတြက ထက္ဝက္ေလာက္ကတက္မယ္ဆုိတာကလည္း ၾကည့္မယ္ဆုုိရင္သိသာတာပဲတက္မဲ့သူေတြက အခု NCA လက္မွတ္ထုိးတဲ့အဖြဲ႔ထဲက တဝက္ေလာက္ပါတယ္။ အဲ့တစ္ဝက္ေလာက္က ေျပာမယ္ဆုိရင္ေတာ့ အင္အားၾကီး တဲ့ဟာေတြလည္းမဟုတ္ဘူးေလ။ ေနာက္တခုက ဒီဖက္က အင္အားၾကီးတဲ့တခ်ဳိ႕အဖြဲ႔ေတြလည္း ပါပါတယ္။ “ဝ”တုိ႔ RCSS တုိ႔လည္းပါပါတယ္။ ဒါေပမယ့္လည္းပဲ သူတုိ႔ကလည္းပဲ ထိပ္ပုိင္း၊ လူၾကီးပိုင္းေတြကုိ လြတ္မွာမဟုတ္ ဘူး။ သေဘာတရားေလာက္နဲ႔ပဲ သူက ထိပ္ပုိ္င္းေခါင္းေဆာင္မဟုတ္တဲ့သူေတြကုိပဲ ေစလြတ္မွာဆုိေတာ့ ရလဒ္ကေတာ့ မယ္မယ္ရရထြက္မွာ မဟုတ္ဘူူး။
မင္းေအာင္လႈိင္ရဲ႕ ရည္ရြယ္ခ်က္ကုိကလည္းပဲ ဒီဟာနဲ႔ပက္သက္ျပီးေတာ့ သူအမ်ားၾကီးမေမ်ွာ္လင့္ဘူးေလ။ သေဘာတရား ေလာက္ ဘယ္ႏွစ္ဖြဲ႔ တက္ေရာက္တယ္၊ ဘယ္ႏွစ္ဖဲြ႔နဲ႔ ညွိပါတယ္ဆုိတဲ့ဟာေလာက္ပဲ သူလည္း လုပ္ခ်င္တာကုိး၊ အဲ့ဒီဟာ ေလာက္ပဲ ျဖစ္မယ္။ အထူးသျဖင့္က အခုတက္ေရာက္မဲ့အဖြဲ႔က ၁၀ ဖြဲ႔ေလာက္တက္ေရာက္မယ္ဆုိပါေတာ့ အခုတက္ ေရာက္မဲ့သူအားလုံးက အခုေႏြဦးေတာ္လွန္ေရးမွာ မပါဝင္တဲ့သူေတြကမ်ားတယ္ေပါ့။ တနည္းအားျဖင့္ေျပာရင္ လက္ရွိစစ္ေကာင္စီနဲ႔ တုိက္ပြဲမရွိတဲ့အဖြဲ႔ေတြပဲျဖစ္ေနတယ္ေပါ့။ ဆုိေတာ့အဲ့တာေၾကာင့္ ဒီျဖစ္စဥ္နဲ႔ ဒီေဆြးေႏြးပြဲ ကေန အခုျပည္းတြင္းပ႗ိပကၡေတြကုိ ေလ်ာ့ခ်ႏိုင္စရာအေၾကာင္းမရွိဘူး၊ မဆုိင္ဘူးလုိ႔ေတာင္ေျပာလုိ႔ရတယ္။ အခုကြ်န္ေတာ္တို႔ စစ္ေကာင္စီနဲ႔တုိက္ပြဲဝင္ေနတဲ့သူေတြကေတာ့ တက္ေရာက္မွာမဟုတ္ဘူးေလ။ အဲ့ဒါေၾကာင့္ မင္းေအာင္လႈိင္ရဲ႕ ဖိတ္ၾကားခ်က္နဲ႔ ဒီအစီစဥ္ကေနျပီးေတာ့ ျပည္တြင္းပ႗ိပကၡ လက္ရွိတုိ္က္ပြဲေတြက ေလ်ာ့ခ်ဖိုိ႔ လည္းမရွိဘူး။ ဘာမွ ထိခုိ္က္ဖုိ႔လည္းမရွိဘူး။ေျပာင္းလဲဖုိ႔လည္းမရွိဘူး။