ချင်းပြည်နယ်မြို့ကြီးတချို့တွင် ဒီမိုကရေစီ အခြေခံမူသင်တန်းပို့ချ

0

CNF အဓိပတိကောင်စီဝင် ဒေါက်တာလျန်မှုန်းဆာခေါင်းသည် ချင်းပြည်နယ်မြောက်ပိုင်း ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်မြို့ များတွင် ဒီမိုကရေစီ အခြေခံမူ သင်တန်းပို့ချခဲ့ကြောင်း သိရသည်။

ဇန္န၀ါရီ ၁၈ – ၁၉ တွင် ထန်တလန်မြို့၌၄င်း၊ ၂၁- ၂၂ ရက်နေ့တွင် ဟားခါးမြို့၌၄င်း၊ ၂၄ ရက်နေ့တွင် ဖလမ်းမြို့၌၄င်း၊  ၂၈ – ၂၉ ရက်နေ့တွင် တီးတိန်မြို့ ၌၄င်း သင်တန်း ကို ပြုလုပ်ကြခြင်းဖြစ် သည်။

“ သင်တန်းတိုင်းမှာ ၇၀ နဲ့၁၀၀ ၀န်းကျင်တက်ရောက်ကြပါတယ်၊ ဟားခါးမြို့မှာက ဆရာဖြစ်သင်တန်း ပုံစံမျိုးနဲ့ လုပ်ခဲ့ တယ်၊ တက်တက်ကြွကြွပါပဲ” ဟု CNF ထန်တလန်ဆက်ဆံရေးရုံး လက်ထောက် တာဝန်ခံ က ပြောသည်။

ဒေါက်တာလျန်မှုန်းဆာခေါင်းသည် ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် နိုဝင်ဘာ နောက်ဆုံးပတ်တွင် ဟားခါးမြို့၌ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ ၊ ဖက်ဒရေ ဆိုင်ရာ သင်တန်းကို တကြိမ်ပို့ချခဲ့ပြီးဖြစ်သည်။

“ ဒီမိုကရေစီ အစိုးရပြောင်းလဲလာပေမဲ့ ကျတော်တို့ ချင်းပြည်သူတွေလိုချင်တဲ့ ဒီမိုကရေစီမျိုး မဖြစ်သေးဘူးဆိုတာ နား လည်လာတယ်၊ ဒီလို သင်တန်း မျိုးက အင်မတန်မှ တန်ဖိုးရှိတယ်” ဖလမ်းမြို့မှ သင်တန်းတက်ရောက်သူတဦးက ပြော သည်။

ချင်းပြည်နယ်တောင်ပိုင်းဖက်ကိုလည်း လာလုပ်ပေးသင့်ကြောင်း၊ အခုလိုသင်တန်းတွေမကဘူး၊ အဖက်ဖက်မှာ ကျတော် တို့ ဖက်က ဒုတိယနေ ရာ ဖြစ်နေ တာကိုတော့ စိတ်မကောင်းကြောင်း မင်းတပ်မြို့မှ ဒေသခံ တဦးက ပြောသည်။

Share.

About Author

Comments are closed.