လာမည့် ဧပြီလ ပထမပတ်၌ ချင်းပြည်နယ် မြို့တော် ဟားခါးတွင် ကျင်းပပြု လုပ်မည့် Chin Association of Christian Communication ငွေရတုသဘင် တွင် အိန္ဒိယ အရှေ့ မြောက်ပြည် နယ်မီဇိုရမ်မှ အဆိုတော်များ သွားရောက် ပါဝင် ဖျော်ဖြေ မည်ဟု သိရသည်။
ဧပြီလ ၅-၇ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် အဆိုပါ CACC ရဲ့ ၂၅ နှစ်ပြည့် ငွေရတု သဘင် အခမ်းအနားသို့ မီဇိုရမ် Baptist Choir နဲ့အတူ အဆိုတော် များပါဝင် မည်ဖြစ်ကြောင်း မီဇိုရမ် Baptist အသင်းတော်များထံမှသိရသည်။
မီဇိုရမ်ပြည်နယ်မှ ဧပြီလ ၁ ရက်နေမှာ စထွက်မယ်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ချင်းလူမျိုးအများ စုနေထိုင်သည့် တာဟန်း၊ ခမ်းပတ်၊ တမူး၊ ဖလမ်း၊ ထန်တလန်၊ စသည့်မြို့များကိုလည်း သွားရောက် လည်ပတ်မည်ဖြစ်သည်။
CACC သည် ချင်းပြည်နယ်နှင့် ချင်းပြည်နယ် ပြင်ပ၊ နိုင်ငံတကာရှိ ချင်းဘာသာရေး အသင်း တော် များဖြင့် ကျယ်ပြန့်စွာ စုဖွဲ့ထားသည့် ဘာသာရေး ဆုံရပ်ကြီး ဖြစ်သည်။