မြွေတောင် သတ္တုတူးဖော်ရေးစီမံကိန်း နိုင်ငံ တကာဥပဒေ စံချိန်စံညွန်း အတိုင်းလုပ်ရန် တိုက်တွန်း

0

မြန်မာနိုင်ငံအနောက်ဘက် ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် တည် ရှိသော မြွေတောင်၊ ဖားတောင် နီကယ် သတ္တု တူးဖော်ရေး စီမံကိန်းအား အကောင် အထည်ဖော်ဆောင်မည် ဆိုပါ က နိုင်ငံ တကာဥပဒေ စံချိန်စံညွန်း များ နှင့် အညီ ဆောင်ရွက်ကြရန် ချင်းတောင်ဒေသ သဘာဝ သယံဇာတ စောင့် ကြည့်ရေး အဖွဲ့က တိုက်တွန်းလိုက်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ မြန် မာနိုင်ငံ၏ မြေပေါ်မြေအောက် သယံဇာတ အားလုံး သည် နိုင်ငံတော်ပိုင်ဖြစ် ကြောင်း ပြဌာန်းသည်နှင့်အညီ နိုင်ငံတော်၏ စီမံချက်များအား ကန့်ကွက် ရန် ရည်ရွယ်ခြင်း မရှိသော်လည်း ယင်းမြွေတောင် ၊ ဖားတောင် နီကယ်သတ္တုတူးဖော်ရေး စီမံကိန်း စတင် အကောင်အ ထည် ဖေါ်မည် ဆိုပါက နိုင်ငံတကာဥပဒေ စံချိန်စံညွန်းများ ဖြစ်သော Environmental Impact Assessment, Social Impact Assessment, Health Impact Assessment လုပ် ထုံးလုပ် နည်းအတိုင်း ဖော်ဆောင်ပေးရန် ချင်းတောင်ဒေသ သဘာဝ သယံဇာတ စောင့်ကြည့်ရေးအဖွဲ့ ( Chinland Natural Resources Watch Group) CNRWG အဖွဲ့က မတ်လ ၂၆ ရက်နေ့ ကြေညာ ချက်တရပ်ထုတ်ပြန်ပြီး ယခုလိုတိုက် တွန်းလိုက်ခြင်းဖြစ်သည်။

ထို့အပြင် ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲခြင်း Environmental Management Plan စနစ်များကိုလည်း လုပ်ငန်းအဆင့် ဆင့်တွင် ရေးဆွဲဆောင်ရွက်ရန်၊ စီမံကိန်းကြောင့် ဖြစ်ပေါ်လာနိုင်မည့် အကျိုးဆက် များနှင့် ပတ်သက်သော အချက် အလက်များနှင့် ၄င်းတို့ကို ကာကွယ်မည့် နည်းလမ်းများကို ချင်းပြည်နယ်လူထု ထံသို့ ချပြပေးရန်၊ စီမံကိန်းမှရရှိသော အကျိုးအမြတ်များကို အတိအကျ အာမခံထားသော ပမာဏများ အတိုင်း ဒေသခံများ ဖွံ့ ဖြိုးရေး၊ ပြည်နယ် ဘဏ္ဍာ၊ နိုင်ငံတော် ဘဏ္ဍာအဖြစ် အသုံးပြုရန်နှင့် အနာဂတ် မျိုးဆက်တို့အတွက် ပွင့်လင်းမြင်သာမှု ရှိစွာ ဆောင် ရွက်စေလို ကြောင်း ၎င်းတို့၏ကြေညာချက်တွင် ဖေါ်ပြထားသည်။

နီကယ် သံ သတ္တုရိုင်းများထွက်ရှိသည်ဟု ယူဆရသော မြွေတောင်၊ ဖားတောင်တွင် လွန်ခဲ့သော ၂၀၀၆ ခုနှစ်က တရုတ်ကုမ္ပဏီတခု ကင်ဘို က စမ်းသပ်တူးဖော်မှုများပြုလုပ်ခဲ့ပြီး နီကယ်သတ္တုရိုင်း ၁၁၀ ဒသမ ၇ သန်းတန် နဲ့ ၃ သောင်းတန်ကျော်ခန့် ထွက်ရှိနိုင်ကြောင်း ကင်ဘိုကုမ္ပဏီ ၏ လေ့လာ မှုစစ်တမ်းအရ သိရ သည်။

ယခုအခါ ယင်းစီမံကိန်းကို တရုတ်နိုင်ငံသားပိုင် North Mining Investment ကုမ္ပဏီမှ တာဝန်ယူပြီး ယခုနှစ် ဇူလိုင်လ မှစ၍ စတင်တူးဖော်မည်ဖြစ်သည်။

ချင်းတောင်ဒေသ သဘာဝ သယံဇာတ စောင့်ကြည့်ရေးအဖွဲ့က ဦးဆောင်ပြီး ယခုလ ၂၆ ရက်နေ့က ကလေးမြို့ တောင်ဖီလာရပ်ကွက် ရာပြည့်ခန်းမတွင် မြွေတောင်ဖားတောင် နီကယ်သတ္တု စီမံ ကိန်းစောင့် ကြည့်ရေးအဖွဲ့ နှင့် နိုင်ငံရေးပါတီများက လူထုတွေ့ဆုံပွဲ တရပ် ကျင်းပခဲ့ကြသည်။

ယင်းတွေ့ဆုံပွဲတွင် ချင်းအမျိုးသားပါတီ ဥက္ကဌ ပူးဇိုဇမ်၊ ဇိုမီး ဒီမိုကရေစီအဖွဲ့ချူပ် ဥက္ကဌ ပူးကျင့်ရှင်းထန် ၊ ကလေးမြို့ အဲန်အယ်ဒီအတွင်းရေးမှူး ဦးကိုလေး၊ ကလေးမြို့ ချင်းတိုးတက်ရေး ပါတီ ဥက္ကဌ ပူးဗန်ကိမ်း နှင့် ကလေးမြို့ နေသာ ကျောင်းတိုက်မှ ဆရာတော် ဥူးဓမ္မိက တို့အပါ အ၀င် မြွေတောင်၊ ဖားတောင် တောင်ခြေ ရှိ ကျေးရွာများမှ ဒေသခံများ စုစုပေါင်း အယောက် ၃၀၀ ခန့်တက်ရောက်ခဲ့ပြီး ၎င်းတို့သဘောထားများအား တင်ပြဆွေးနွေးခဲ့ကြသည်။

ချင်းအမျိုးသားပါတီဥက္ကဌ ပူးဇိုးဇမ်က ယင်းစီမံကိန်းနှင့်ပတ်သက်ပြီး ၎င်းတို့ပါတီသဘောထား အချက် ၁၀ ချက်ကို တင်ပြခဲ့သည်ဟုသိရသည်။ ထို့အပြင် ယနေ့စတင်ကျင်းပသော ချင်းပြည် နယ်လွှတ်တော် ပထမအကြိမ် ပဉ္စမမြောက်ပုံမှန် အစည်းအဝေးတွင်းလည်း ပူးဇိုဇမ်က တင်ပြသွား မည်ဟုသိရသည်။

ချင်းအမျိုးသားပါတီ၏ မြွေတောင်နီကယ် စီမံကိန်း အပေါ်သဘောထား အမြင် (၁၀)ချက်မှာ-

“(၁) မြွေတောင်ဒေသ နီကယ်သတ္တုထုတ်လုပ်ရေး စီမံကိန်း နှင့် ပတ်သက်၍သတ္တုတွင်း ၀န်ကြီး ဌာန၊ ပြည်ထောင်စုမြန်မာ နိုင်ငံတော်၏ တရားဝင် သတင်းထုတ်ပြန်ချက်များကို မျှော် လင့်စောင့် စားနေပါသည်။
(၂) ဒေသခံပြည်သူလူထု၏ အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်မည့်သတ္တုရှာဖွေတူုး ဖော်ရေး ဥပဒေ(Mining Act)ကို အသေးစိတ်ရေးဆွဲ ပြဌာန်း ပေးရန်
(၃) မြွေတောင်တွင် နီကယ်သတ္တု တူးဖော်ခွင့်ရတဲ့ ကုမ္ပဏီအနေဖြင့်ပြည်သူလူထုကို တရားဝင် အသိပေးရန်၊
(၄)မြွေတောင်မှ ထွက်ရှိသည့် သတ္တုအမျိုးအမည်ကို တိတိ ကျကျဖော်ပြပြီး ထုတ်ယူမည့် ပမာဏ ကိုလည်း တိတိကျကျ ဖော်ပြရမည်
(၅) သတ္တုတွင်း ဘေးထွက်ဆိုးကျိုး နည်းနိုင် သမျှ နည်းအောင် ဆောင်ရွက်ပေးရမည်။
(၆) သတ္တုတွင်း လုပ်သား ကျား၊မ မည်မျှပါဝင်မည်ကို အတိအကျ ဖော်ပြ ပေးရန်နှင့်ထိုလုပ်သား များကို အချိန်မည်မျှ ထားမည်ကို ဖော်ပြရန်၊
(၇) ပြည်နယ်၊ ကုမ္ပဏီ နှင့် နိုင်ငံတော် အကျိုး ခံစားခွင့် {241d12fcbf432557e829f91c0d6fd86903ac3e7007e1df33a0cc395ea774cb24} များကိုဖော်ပြရန်၊ စီမံကိန်း ဧရိယာ နယ်မြေ တိတိကျကျ ဖော်ပြပေးရန်၊
(၈) သတ္တု တူးဖော်သည့်လုပ် ငန်းကြောင့် နစ်နာသည့် ပြည်သူများ၊ ကျေးရွာများကိုနိုင်ငံ တကာ စံချိန်စံညွှန်းအတိုင်း လျှော်ကြေးပေးရမည်။

(၉) ပရော့ ဂျက်လုပ်ငန်း၏ Impact ထိခိုက်သည့် လုပ်ငန်းများကို စောင့်ကြပ်ရန်လွတ်လပ်သည့် အဖွဲ့အစည်းများ ရှိနေသင့် သည်။
(၁၀) ချင်းပြည်နယ် အစိုးရအနေဖြင့် စနစ်တကျ မလုပ်ဆောင်နိုင်သေးသမျှမြွေတောင် သတ္တုစီမံကိန်းကို ကန့်ကွက်ခြင်း မဟုတ်သည့်တိုင် ချင်းအမျိုးသားပါတီ အနေဖြင့် အလွန်ပင် စိုးရိမ်ပူပန်ရပြီး သတ္တုတူးဖော် ရန်အလွန်စောနေသည်ဟု ခံယူပါသည်။”ဟူ၍ ဖြစ်သည်။

Share.

About Author

Comments are closed.