Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»“ကျနော်တို့ လိုချင်တာက စစ်အာဏာရှင် အပြုတ်တိုက်ရေးဆိုတော့ အားလုံးတစ်စုံလုံးကို ထိန်းချုပ်နိုင်ဖို့က ကျနော်တို့မှာ တာဝန်အများကြီး ရှိနေသေးတယ်၊ အဲဒီအတွက် ပြင်ဆင်မှုတွေကို အရင်ထက်တိုးမြှင့်ပြီးတော့ လုပ်ဆောင်နေပါတယ်”
ပုံစာ - CNF-CNA ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီ

“ကျနော်တို့ လိုချင်တာက စစ်အာဏာရှင် အပြုတ်တိုက်ရေးဆိုတော့ အားလုံးတစ်စုံလုံးကို ထိန်းချုပ်နိုင်ဖို့က ကျနော်တို့မှာ တာဝန်အများကြီး ရှိနေသေးတယ်၊ အဲဒီအတွက် ပြင်ဆင်မှုတွေကို အရင်ထက်တိုးမြှင့်ပြီးတော့ လုပ်ဆောင်နေပါတယ်”

0
By Editor on April 26, 2024 Featured

(006SV)

မြန်မာ့နွေဦးတော်လှန်ရေး ၃ နှစ်ကျော်လာချိန်တွင် ချင်းတော်လှန်ရေးအင်အား စုများသည် ချင်းပြည်နယ်၏ နယ်မြေအများစုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြပြီး စစ်ရေးအရအောင်မြင်မှု အတိုင်းအတာတစ်ခုအထိရှိလာပြီဟုသိရသည်။

နွေးဦးတော်လှန်ရေးအစကနဦးပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့၏ အကြီးအကျယ်ထိုးစစ်တိုက်ခိုက်မှုခံခဲ့ရသော ချင်းတောင်တွင် ယခုအခါ စစ်ကောင်စီတပ်ဖွဲ့၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများ သိသိသာသာလျှော့နည်းလာပြီး တိုက်ပွဲဖြစ်ပွားမှု လည်း ယခင်ကထက် နည်းပါးလာသည်ကိုတွေ့ရသည်။

ယခုလက်ရှိချင်းပြည်နယ်၏ စစ်ရေးအခြေအနေ၊ စစ်ကောင်စီတပ်ဖွဲ့၏ အနေအထားများ၊ လတ်တလော ရင်ဆိုင်နေရသော စိန်ခေါ်မှုများနှင့်ပတ်သက်၍ ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကို ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်။

မေး – ခုဆိုရင် တူမီးနဲ့စတင်ခဲ့တဲ့ တော်လှန်ရေးဟာ ၃ နှစ်ကျော်လာပါပြီ။ ကျနော်တို့ ချင်းပြည်တော်လှန်ရေး ရည်မှန်းချက်အနေနဲ့ ဘယ်လောက်အတိုင်အတာထိ ရောက်နေပြီးလို့ ပြောလို့ ရမလဲ။

ဖြေ – ၃ နှစ်တာတော်လှန်ရေးတိုက်ပွဲမှာက ကျနော်တို့ အောင်မြင်မှုနဲ့ပတ်သက်ရင် ချင်းပြည်နယ် ၉ မြို့နယ်က မြို့ပေါ် မှာပဲ စစ်ကောင်စီက တပ်ထိုင်နိုင်တဲ့ အနေအထားပဲ ရှိတော့တယ်။ တခြားဒေသတွေ အားလုံးကတော့ ပြည်သူကနေ စိုးမိုးထားနိုင်ပြီ၊၊ ရာခိုင်နှုန်းနဲ့ တွက်ကြတော့ ၁၀၀ မှာ ၇၅ ရာခိုင်နှုန်းတော့ ကျနော်တို့ရဲ့ ထိန်းချုပ်စိုးမိုးမှု အောက်မှာ ရှိနေတယ်။ အဲဒီထဲမှာ ဒေသအုပ်ချုပ်ရေးတွေကို သူ့ဟာနဲ့ သူ ၊ အဲသလိုမျိုး ဖော်ဆောင်နိုင်တဲ့ အဆင့်ပေါ့။ ဒါပေမယ့် ကျနော်တို့ လိုချင်တာက စစ်အာဏာရှင် အပြုတ်တိုက်ရေး ဆိုတော့ အားလုံးတစ်စုံလုံးကို ထိန်းချုပ်နိုင်ဖို့က ကျနော် တို့မှာ တာဝန်အများကြီး ရှိနေသေးတယ်။ အဲဒီအတွက် ပြင်ဆင်မှုတွေကို အရင်ထက် တိုးမြှင့်ပြီးတော့ လုပ်ဆောင် နေတဲ့ အဆင့်အထိ ရောက်နေပြီးဖြစ်တယ်။

မေး – အခုလက်ရှိမှာ ချင်းတောင်မှာ မြေပြင်တိုက်ပွဲတွေ အရင်ထက် ငြိမ်နေတာတွေ့ရပါတယ်။ ဘယ်လိုကြောင့်ပါလဲခင်ဗျာ။

ဖြေ – စစ်ရေးဆိုတာ ကျနော်တို့မှာ အဲသလိုမျိုး လုပ်ချင်သလို လုပ်လို့ ရတာမျိုး မဟုတ်ပါဘူး။ ဒီထက် စစ်ရေး အားကောင်းဖို့ ပြင်ဆင်မှုတွေ လုပ်ရတယ်။ ပြီးတော့ စစ်ကောင်စီရဲ့ အနေအထားကိုလည်း ကြည့်ရတာပေါ့။ အဲဒါကြောင့် ငြိမ်တဲ့အချိန် ရှိသလို ထိုးစစ်ဆင်တဲ့ အချိန်လည်း ရှိမှာပေါ့။ အဓိကက ချင်းတောင်တိုက်ပွဲတွေက ပြည်မကနေ အင်အားအလုံးအရင်းနဲ့ တက်လာချိန်မှာ တိုက်ပွဲက ဖြစ်တာ များတယ်။ အခုက အဲလို ပြည်မကနေ အင်အား အလုံးအရင်းနဲ့ တက်လာတာ မရှိတော့ဘူး။ မြို့ပေါ်မှာပဲ အထိုင်အနေနဲ့ သူတို့ နေတော့တယ်။ အဲဒါကြောင့် တိုက်ပွဲက ကျနော်တို့က မြို့သိမ်းတိုက်ပွဲအနေနဲ့ ထိုးစစ်လုပ်မှ စစ်ရေးက ပြန်ပြီးတော့ ပြန်းထန်လာမယ့် အနေအထား ပေါ့။ အဲဒါကြောင့် တိုက်ပွဲကို ငြိမ်နေတယ်လို့ အတတ်ပြောလို့ မရဘူး။ အဲဒီအတွက် ကျနော်တို့ ပြင်ဆင်မှုတွေ လုပ်နေတယ်။

မေး – ချင်းပြည်နယ်က စစ်ကောင်စီရဲ့အနေအထားက ဘယ်လိုရှိလဲခင်ဗျာ။ သူတို့ရဲ့ ထိန်းချုပ်ဧရိယာက ဘယ်လောက်ထိရှိ သေးလဲဆရာ၊၊

ဖြေ – သူတို့မှာ ထိန်းချုပ် ဧရိယာက မြို့ပေါ်မှာပဲ ရှိတယ်လို့ ကျနော် ပြောထားတယ်နော်။ မြို့ပြင်ကို သူတို့ မထွက်နိုင်တော့ဘူး။ ပြီးတော့ တစ်မြို့နဲ့ တစ်မြို့၊ အချင်းချင်း အဲဒီလို ချိတ်ဆက်မှု၊ ဆက်သွယ်မှုက လုံးဝ မလုပ်နိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ မြို့ပေါ် သူတို့အထိုင်စခန်းမှာပဲ သူတို့က ရှိနေတော့တဲ အနေအထားပေါ့။

မေး – ချင်းပြည်နယ် ရိဒ်ခေါဒါရ်မြို့နဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဇိုခွာသာရ်ရွာကို ဆက်သွယ်ထားတဲ့ ချစ်ကြည်ရေးတံတား အမှတ် (၂)ကို မေလက စပြီး အကန့်အသတ် မရှိ ပိတ်တော့မယ်လို့ သိရပါတယ်။ ဘယ်လိုရိုက်ခတ်မှုတွေရှိလာနိုင်ပါလဲ?

ဖြေ – အဲဒါက အိန္ဒိယ ဗဟိုအစိုးရက အဲဒီလိုမျိုး လုပ်လိုက်တယ်ဆိုရင် အင်မတန်မှ စဉ်းစားရမယ့် အနေအထား ဖြစ်ပါလိမ့်မယ်။ ဘာလို့လည်းဆိုတော့ နွေဦးတော်လှန်ရေးမှာ စစ်ဘေးရှောင်ပြည်သူတွေရဲ့ လူမှုရေး အခက်အခဲကို အိန္ဒိယ ဗဟိုအစိုးရကသော်လည်းကောင်၊ မိဇိုရမ်ပြည်နယ်အစိုးရကသော်လည်းကောင်း ဒါကို ပြန်ပြီးတော့ သုံးသပ်ဖို့တော့ လိုပါတယ်။ အဲဒီမှာ နယ်စပ်ဒေသမှာ ရှိတဲ့ မီဇိုရမ်ပြည်သူတွေအနေနဲ့ အစိုးရက အဲဒီနယ်စပ်ကို ပိတ်တာကိုတော့ သူတို့က လုံးဝသဘောမတူဘူး။ အဲဒီလို အနေအထားမှာ ရှိတယ်။ နယ်စပ်ပိတ်မှု ကိုလည်း တကယ်လုပ်သလား၊ မလုပ်ဘူးလားဆိုတာကိုတော့ ကျနော်တို့ သေချာတော့ မသိသေးပေမယ့် အခုက အဲဒီဂိတ်တွေကို စပိတ်လာတဲ့ အနေအထားမှာ ရှိနေတယ်ဆိုတော့ အဲဒါကို ရှေ့ဆက်ပြီးတော့ တိုးမြှင်လာတယ်ဆိုရင် ကျနော်တို့ရဲ့ စစ်ဘေးရှောင်တွေ၊ မီဇိုရမ်ပြည်သူနဲ့ ချင်းပြည်သူတွေအနေအထား၊ နယ်စပ်တလျှောက်မှာ ရှိနေတဲ့၊ ဂိတ်မှာ ရှိကြတဲ့၊ ကုန်သွယ်မှု လမ်းကြောင်းမှာ ရှိနေကြတဲ့ ပြည်သူတွေရဲ့ စားဝတ်နေရေးကို‌တော့ ပြန်ပြီး အိန္ဒိယအစိုးရသော်လည်းကောင်း၊ သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့လည်းကောင်း ပြန်ပြီးတော့ သုံးသပ်ဖို့ လိုတယ်လို့ ပြောချင်ပါတယ်။

အဲဒါကို အိန္ဒိယ အစိုးရကနေ တရားဝင် တကယ့် အသက်သွင်းလာတယ်ဆိုရင် ကျနော်တို့ ပြည်သူတွေ စားဝတ်နေရေး အနေအထား ၊ နှစ်ဖက်နိုင်ငံရဲ့ နယ်စပ်လမ်းကြောင်း၊ ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိတဲ့ ပြည်သူတွေရဲ့ စားဝတ်နေရေး အနေအထားကတော့ အင်မတန်မှ ခက်ခဲသွားလိမ့်မယ်။ အဲဒီကိစ္စမှာ တကယ့် တကယ်အိန္ဒိယ အစိုးရက ကိုင်တွယ်လာပြီးဆိုရင်တော့ သူတို့နဲ့ အတတ်နိုင်ဆုံး ချဉ်းကပ်စကားပြောဖို့တော့ ဖြစ်လာပါလိမ့်မယ်။

မေး – ချင်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှုတွေ တိုးလာတာ နဲ့ အိန္ဒိယဘက်ကို မူးယစ်ဆေးဝါးတွေ ကူးသန်း နေကြတဲ့ ရာဇဝတ်မှုတွေပေါ်မှာရော ဘယ်လိုအရေးယူမှုတွေ၊ ဖြေရှင်းမှုတွေ ဆောင်ရွက်သွားဖို့ ရှိမလဲခင်ဗျာ။

ဖြေ – မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာတော့ CNF အနေနဲ့လည်း တောက်လျှောက် ကန့်ကွက်ပြီးတော့ လုပ်လာခဲ့တာဖြစ်တယ်။ ပြီးတော့ မီဇိုရမ်မှာ အခြေစိုက်တဲ့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့သော်လည်းကောင်း၊ ချိတ်ဆက်ဆောင်ရွက်မှုတွေ ရှိပါတယ်။ အခုလည်း မူးယစ်ဆေးဝါး ဝင်လာမှုက အဲလိုတိုးလာရင် ကျနော်တို့အနေနဲ့ အတတ်နိုင်ဆုံး၊ အဓိကက ပြန်လည်တိုက်ဖျက်ဖို့ ဖြစ်ပါလိမ့်မယ်၊၊ ပိုပြီးတော့ တင်းကြပ်မှုတွေ လုပ်ဖို့ ဖြစ်ပါလိမ့်မယ်။ အဲဒီလို လူတစ်ယောက်၊ နှစ်ယောက်ကြောင့် စစ်ဘေးရှောင်ပြည်သူတွေ၊ လူငယ် လူရွယ်တွေရဲ့ အနာဂါတ်အတွက် ကတော့ စိုးရိမ်စရာဖြစ်တယ်။ အဲဒါကြောင့် အဲဒါကတော့ ကျနော်တို့ပဲ မဟုတ်ပဲနဲ့၊ အားလုံးမှာ တာဝန်ရှိတယ်။ အတတ်နိုင်ဆုံး ကျနော်တို့ကတော့ တိုက်ဖျက်သွားဖို့ပဲ ရှိပါတယ်။

မေး- ချင်းလဲန်းကောင်စီနဲ့ ICNCC ၊ ချင်းညီနောင်တို့ မတ်လထဲမှာ တွေ့ဆုံဖို့ ရှိတယ်လို့ သတင်းတွေ ထွက်ခဲ့ဖူးပါတယ်။ သူတို့နဲ့ တွေ့ဆုံဆွေးနွေးမှု အခြေအနေကရော ဘယ်လို ရှိပါသလဲ။

ဖြေ – တွေ့ဆုံဆွေးနွေးဖို့ကတော့ ချင်းလဲန်းကောင်စီဘက်ကနေ အမြဲတမ်း တံခါးဖွင့်ပြီးသာ ဖြစ်ပါတယ်။ အဲဒါ သူတို့ဘက်က တွေ့ဆုံမှု အဆင်ပြေ၊ မပြေ အဲဒီပေါ်မှာပဲ မူတည်ပါလိမ့်မယ်။ ကျနော်တို့အနေနဲ့က တွေ့ဆုံ ဆွေးနွေးဖို့ အမြဲတမ်း အဆင်သင့်ရှိပါတယ်။

မေး – ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ PDF-Zoland က CNF ကို ပေးပို့တဲ့စာ အွန်းလိုင်ပေါ်ပေါက်ကြားလာတာ တွေ့ရပါတယ်။ CNA ဦးဆောင်တဲ့ ချင်းပူးပေါင်းတပ်တွေအနေနဲ့ တီးတိန်မြို့ပေါ်မှာ တိုက်ပွဲ လာမဖော်ဖို့နဲ့။ နိုင်ထက်စီးနင်းကျူးကျော် ဝင်ရောက်ပြီး လာဖော်ရင် ထိတွေ့တိုက်ပွဲတွေ ဖြစ်နိုင်တယ်လို့ PDF Zoland က သတိပေးထားပါတယ်။ ဒီအပေါ်မှာ ဘာများ မှတ်ချက်ပြုချင်ပါသလဲ။

ဖြေ – အဲဒီလိုမျိုး စစ်ရေးနဲ့ ပတ်သက်ပြီးတော့ PDF – Zoland က ထုတ်ပြန်လာတာက တကယ့် တကယ်တော့ ဝမ်းနည်းစရာ ကောင်းပါတယ်။ စစ်ကောင်စီကို သတိအနေအထားနဲ့နေဖို့ သတိပေးသလိုပဲ စစ်ရေးအနေနဲ့က သွားတူပါတယ်။ အဲဒီလိုမျိုး လုပ်ချင်တယ်ဆိုရင် အဖွဲ့အစည်းကို တရားဝင်အနေနဲ့ စာပို့တာမျိုးဆိုရင် ဒါကလုပ်သင့်တဲ့ ဟာဖြစ်ပါတယ်။ အခုက လိုင်းပေါ်မှာ စစ်ကောင်စီ သိအောင်၊ လုပ်တာမျိုးနဲ့ သွားတူနေတာက ဝမ်းနည်း စရာပေါ့နော်။

မေး – ဒါက ဆရာတို့ဆီကို တိုက်ရိုက်စာပေးပို့တာမျိုး မဟုတ်ဘူးလား။
ဖြေ – အဲဒါ မဟုတ်ဘူးခင်ဗျ။ ကျနော်အနေနဲ့က လိုင်းပေါ်မှာပဲ တွေ့တယ်။

မေး – ပြီးတော့ ချင်းလဲန်းကောင်စီအဖွဲ့ဝင်ဖြစ်တဲ့ CDF Siyin ကလည်း နယ်မြေခံ ကာကွယ်ရေးအဖွဲ့ရဲ့ အကူအညီ တောင်းခံခြင်း၊ သဘောထားတူညီမှု တစ်စုံတစ်ရာမရှိဘဲ နယ်မြေဖြတ်ကျော် စစ်ရေးဖော် ဆောင်မှုများ မပြုဖို့ ထုတ်ပြန်ထားပါတယ်။ ဒီအပေါ်မှာရော ဘာများမှတ်ချက်ပြုချင်ပါသလဲခင်ဗျာ။

ဖြေ – ကျနော်သိရတာက အဲဒီကိစ္စက အောက်ခြေဘက်ကို မသိဘူးလို့ ကျနော် သတင်းအရ သိရတယ်။ ဘယ်ကနေ လုပ်သလဲ၊ အထက်ကနေ တိုက်ရိုက် လုပ်တာမျိုးလားတော့ မသိဘူး။ မြေပြင်ကတော့ အဲဒီကိစ္စကို မသိဘူးလို့ပဲ အဲဒီလောက်ထိပဲ ကျနော် သိထားတယ်။

မေး – ကျနော် မမေးမိတာ၊ ဖြေကြားဖို့ အရေးကြီးတဲ့ အကြောင်းအရာတွေ ရှိရင် ဖြည့်စွက် ဖြေကြားပေးပါ။

ဖြေ – ကျနော်တို့တွေကတော့ နွေဦးတော်လှန်ရေးမှာ စစ်ကောင်စီကို အပြုတ်တိုက်ဖို့၊ ကျနော်တို့ လိုချင် တဲ့ နိုင်ငံရေးစနစ် တည်ဆောက်ဖို့ လုပ်နေတာမှာ ပေါ်လစီတွေ ချထားပြီးသာဖြစ်တဲ့အတွက် လုပ်စရာတွေကို ကျနော်တို့နဲ့ ရည်မှန်းချက်၊ ဦးတည်ချက်တူညီတဲ့ အဖွဲ့အစည်းတွေနဲ့ ရှေ့ဆက်သွားဖို့ပဲ ရှိပါတယ်။ ဘာမှ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့မှာ တွေဝေစရာ၊ ပြည်သူတွေအနေနဲ့ တွေဝေစရာ ဘာမှ မရှိဘူး။ လုပ်စရာကတော့ တည့်တည့် လုပ်သွားဖို့၊ အဓိကက ကျနော်တို့ လိုချင်တဲ့ နိုင်ငံရေး ဖော်ဆောင်နိုင်ဖို့အတွက်က လုပ်သင့်တာတွေကို ဆက်လုပ်သွား မှာပဲ ဖြစ်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.