ရေဇွာ – လိုင်လင်းပီကြား ကားမှောက်၊ လူ ၂ဦးသေ

0

ချင်းပြည်နယ် မတူပီမြို့နယ် ရေဇွာနှင့် လိုင်လင်းပီကြားတွင် ယမန်နေ့ ၀၆၊ ၀၂၊ ၂၀၁၄ နေ့က ဂျစ်ကား တစ်စီး ဘရိတ် ပေါက် တိမ်းမှောက်မှုဖြစ်ပြီး  ခရီးသည် နှစ်ဦးသေဆုံးကြောင်း သတင်း ရရှိသည်။

ဖြစ်ပုံမှာ မတူပီမြို့၊ စံပြရပ်ကွက်နေ  ပူး ခိုင်လောင်း ( Khai Lau) သည် ၄င်း တာဝန်ယူ ဆောက် လုပ်နေသော စပေါ် ကျေးရွာရှိ မူလတန်းလွန်ကျောင်းဆောင် ဆောက်လုပ်ရေးအတွက် လိုအပ်သော ပစ္စည်းများ ၀ယ်ယူရန် စပေါ်ရွာမှ ရေဇွာမြို့သို့ အသွား စပေါ်ကျေးရွာနှင့်ရွာမန်းကျေးရွာ အကြား အတက်လမ်းတွင် တိမ်းမှောက်ပြီး ယဉ်မောင်းနှင့် ဦးခိုင် လောင်းတို့ နှစ်ဦး သေဆုံး ခဲ့ခြင်းဖြစ် သည်။

“အရမ်းဆိုးရွားသောလမ်းဖြစ်တယ်၊ ဆိုင်ကယ်နှင့် သွားရမှာပင် အန္ဒရာယ်များတယ်၊ အတက် အဆင်း ကြမ်းသော လမ်းဖြစ်တယ်” ဟု ခိုနုမ်းထုန် သတင်းထောက် ဘီးဆိုက ပြောသည်။

ရေဇွာ-လိုင်လင်းပီလမ်းသည် စစ်အစိုးရ လက်ထက် ၂၀၀၇ – ၂၀၀၈ ခုနှစ်ကတည်းက လူထုလုပ် အားသုံးစွဲပြီး ဖောက် လုပ်လာခဲ့သော လမ်းဖြစ်ကြောင်း မရာဒေသခံများ ရေဇွာ – ဟားခါး – မတူပီ မြို့သို့သွားလာရာတွင် အဓိက အသုံးပြု သော လမ်းဖြစ်သည်။

၂၀၁၄ ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဘတ်ဂျက်စီမံကိန်းတွင် ရေဇွာ – လိုင်လင်းပီ ကားလမ်းပြုပြင်ရေး ကို Canaan Development Co.Ltd က ရရှိခဲ့သော်လည်း အခုထိ တစ်စုံ တရာ ပြုပြင်ခြင်း မရှိသေးကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

Share.

About Author

Leave A Reply

*

code