Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»လျှပ်စစ်မဂ္ဂါဝပ် (၆၀၀) ကျော်ထုတ်လုပ်နိုင်မည့် ရေအားလျှပ်စစ်စီမံကိန်း ချင်းပြည်နယ်တွင် ပြင်သစ်ကုမ္ပဏီ စူးစမ်းလေ့လာမှုထပ်မံပြုလုပ်

လျှပ်စစ်မဂ္ဂါဝပ် (၆၀၀) ကျော်ထုတ်လုပ်နိုင်မည့် ရေအားလျှပ်စစ်စီမံကိန်း ချင်းပြည်နယ်တွင် ပြင်သစ်ကုမ္ပဏီ စူးစမ်းလေ့လာမှုထပ်မံပြုလုပ်

0
By Editor on July 18, 2019 Khonumthung

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်အတွင်းရှိ လေးမြို့မြစ်ပေါ်တွင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် (၆၀၀) ကျော်ထုတ်လုပ်နိုင်မည့် စီမံကိန်းကို ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပြင်သစ်ကုမ္ပဏီတစ်ခုက ဖြစ်နိုင်ခြေ စူးစမ်းလေ့လာမှု ထပ်မံပြုလုပ်နေသည်ဟု ချင်းပြည်နယ်အစိုးရပြောခွင့်ရ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့က ကျင်းပသော ချင်းပြည်နယ်အစိုးရအဖွဲ့၏ တတိယ (၁) နှစ်တာအတွင်း လုပ်ငန်း ဆောင်ရွက်ချက်များသတင်းစာရှင်းလင်းပွဲ၌ လေးမြို့မြစ်ရေအားလျှပ်စစ်စီမံကိန်းအခြေအနေနှင့်ပတ်သက်၍ ခိုနူမ်းသုန်သတင်းဌာန၏ မေးမြန်းမှုအပေါ် ၀န်ကြီးဦးစိုးထက်က ထိုကဲ့သို့ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ပလက်ဝမြို့နယ် လေးမြိုမြစ်မှာလုပ်မယ့် ရေအားလျှပ်စစ်ကတော့ ပြင်သစ် ကုမ္ပဏီကနေ စူးစမ်းလေ့လာ မှုတွေပြု လုပ်ခဲ့ပြီးဖြစ်တယ် ၂၀၁၆ – ၁၇ မှာ ရေအားလျှပ်စစ်ကို ဆောင်ရွက်ဖို့စီစဉ်ခဲ့တာဖြစ်ပါတယ်။ မဂ္ဂါဝပ် ၃၀ အောက်ကိုတော့ ချင်းပြည်နယ်အစိုးရရဲ့လုပ်ပိုင်ခွင့်ဖြစ်ပြီးတော့ မဂ္ဂါဝပ် ၃၀ အထက်က ပြည်ထောင်စုလုပ်ပိုင်ခွ င့်ဖြစ်တဲ့အတွက် ပြည်ထောင်စုနဲ့ MoU ထိုးပြီးမှ ဆောင်ရွက်နေတာဖြစ်ပါတယ် သူကသတ်မှတ်တဲ့ရက် ၂ နှစ်အတွင်းမှာ Report ကိုတင်ဖို့တွက် ရာထားပေမယ့် လောလောဆယ် Report က တင်တာနောက်ကျတာရယ် လျှပ်စစ်ကနေ စမ်းသပ်ပြီးတော့ အဲဒီကိစ္စကို စစ်ဆေးတဲ့ဟာ မပြီးပြတ်သေးတဲ့အခါ သက်တမ်းပြည့်သွားပြီးတော့ လုပ်ငန်းရပ်ဆိုင်းလျက်ရှိပါတယ် လောလောဆယ်မှာတော့ အဲဒီကုမ္ပဏီကပဲ မြေပြင်မှာ တော့ survey ဆင်းတဲ့ ရေအတက်အကျစမ်းတဲ့ ဥစ္စာ အဲဒါတွေလုပ်နေတယ် ကန်ဒေါ်လာ ၂ သန်းနဲ့ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ ဒုတိယအဆင့်အနေနဲ့ ဒေါ်လာ ၇ သန်းရာထားပြီးဆောင်ရွက်နေ တာဖြစ်ပါတယ်” ဟု ၀န်ကြီးဦးစိုးထက်ကပြောသည်။

လေးမြို့မြစ်ရေအားလျှပ်စစ်စီမံကိန်းကို အကောင်အထည်ဖော်ဆောင်နိုင်မည်ဆိုပါက မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံး ရေအားလျှပ်စစ် စီမံကိန်းကြီးဖြစ်လာမည်ဖြစ်သည်။


အဆိုပါ ရေးအားလျှပ်စစ်စီမံကိန်းကြီးသည် စီမံကိန်း (၁) နှင့် (၂) ရှိပြီး စီမံကိန်း (၁) သည် ချင်းပြည်နယ် ပလက်ဝမြို့နယ် သံတောင်ကျေးရွာအနီး လေးမြို့မြစ်ပေါ်တွင်တည်ရှိကာ လျှပ်စစ် မဂ္ဂါဝပ် ၆၂၂ ထုတ်လုပ်နိုင်မည်ဟုသိရသည်။ စီမံကိန်း (၂) သည် ရခိုင်ပြည်နယ်တွင်တည်ရှိပြီး မဂ္ဂါဝပ် (၁၀၅) ခန့် ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားသည်။

လေးမြို့မြစ်တစ်လျှောက်သည် ချင်းမျိုးနွယ်များဖြစ်သည့် ဒိုင်၊ လေးတူ မျိုးနွယ်စုများနှင့် ရခိုင်တိုင်းရင်းသားများ အများစုနေထိုင်ကြပြီး မြစ်ချောင်းတစ်လျှောက်တွင် ကျေးရွာပေါင်း ၆၀ ကျော် လူဦးရေ ၂ သောင်းနီး ပါးခန့်ရှိကြသည်ဟု သိရသည်။

လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့်စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ပါက လေးမြို့မြစ်တစ်လျှောက်ရှိ ကျေးရွာအများစုမှာ ပြောင်းရွှေ့ခံရဖွယ်ရှိသလို မြစ်ကြောင်း တိမ်ကောပြီး သဘာဝပတ်ဝန်းကျင်များ ထိခိုက်ပျက်စီးကာ အသက်မွေးဝမ်းကျောင်းများထိခိုက်ပျက်စီးမည်ကိုစိုးရိမ်သည့်အတွက် ယင်းရေအားလျှပ်စစ်စီမံကိန်းကို ဒေသခံများက ဆန့်ကျင်ကန့်ကွက်မှုများရှိနေသည်။

ချင်းမြစ်ချောင်းများစောင့်ကြည့်ရေးအဖွဲ့(Chin River Watch)မှ ဦးဆောင်သူတစ်ဦးဖြစ်သည့် ဆရာဘူးလွန်က အကယ်၍ ရေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖော်ပါက စီမံကိန်းအောက်ဘက်တွင်ရှိကြသော ကျေးရွာများ ပြောင်းရွှေ့ရမည်ဟု ပြောဆိုပါသည်။

“ကျနော်တို့ကျေးရွာတွေက လေးမြို့မြစ်ကမ်းနဘေးမှာပဲ ရှိကြတာလေ အဲဒီကျေးရွာတွေက လေးမြို့မြစ်ကိုပဲ မှီခိုအားထားနေကြတယ်လေ အဲဒီမှီခိုအားထားတဲ့မြစ်ကြီးကပိတ်ပြီးမှ ရေအားလျှပ်စစ်လုပ်လာရင်တော့ ကျနော်တို့ရွာတွေပြောင်းရွှေ့ရမှာသေချာတယ် ကျနော်တို့ဘယ်မှာသွားရွှေ့ကြမလဲ ရွှေ့မယ့်နေရာလည်းမရှိဘူးလေ စီမံကိန်းလုပ်ရင်တော့ အပေါ်မှာလည်းရေတက်လာမယ်လေ အဲဒီရွာတွေကရေထဲရောက်သွားမှာပေါ့ ကျနော်တို့က မြစ်နဲ့ပေ ၅၀/၆၀ အမြင့်မှာပဲကရွာတွေဆောက်တာကိုး ရိုးရိုးသာမန်မိုးရွာတာတောင်မှ ရွာတော်တော်များများက ရေမြှပ်တယ် ဥပမာမတော်တဆအဲဒီရေကာတာကြီးပြိုကျလာရင်တော့ အားလုံးပါသွားမှာပေါ့’’ ဟု ပြောသည်။

လေးမြို့မြစ်ရေအားလျှပ်စစ်စီမံကိန်းကို ဆန့်ကျင်ကန့်ကွက်မှုများရှိနေသည့်အတွက် စီမံကိန်းကို ဆန့်ကျင်မှု မရှိပါက ယင်းဒေသမှ သံတောင်ကျေးရွာကို မြို့အဖြစ်တိုးမြင့်ပေးမည်ဟု ချင်းပြည်နယ်အစိုး ရအဖွဲ့က ဒေသခံပြည်သူ များအား စည်ရုံးသိမ်းသွင်းမှုလည်းရှိနေကြောင်းသိရှိရသည်။

မတူပီမြို့ ဘုံတလာရေတံခွန်ကနေ မြစ်ဖျားခံလာပြီး ပလက်ဝမြို့နယ်ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ်ကို စီးဝင်သွားသော လေးမြို့မြစ် ရေအားလျှပ်စစ်တည်ဆောက်မည့်စီမံကိန်းကို ၂၀၀၉ ခုနှစ်ကတည်းက တရုတ်အစိုးရနှင့်ဖက်စပ်လုပ်ကိုင်ရန် စတင်ခဲ့ကြပြီး သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၂ ခုနှစ်တွင် ပြန်လည်ရုပ်သိမ်းခဲ့သည့် ရေအားလျှပ်စစ်စီမံ ကိန်းဖြစ်သည်။

၂၀၁၅ ခုနှစ် NLD အစိုးရတက်လာသည့်နောက်ပိုင်းကစ၍ အဆိုပါစီမံကိန်းကို အသစ်တဖန်ပြန်လည်စတင်ရန် ပြင်သစ်လျှပ်စစ်ကုမ္ပဏီတစ်ခုက ဖြစ်နိုင်ခြေစူးစမ်းလေ့လာမှုများပြုလုပ်ခဲ့သော်လည်း ပြန်လည်ရပ်တန့်ခဲ့သည်။ ထို့နောက် ယခုလက်ရှိတွင် ထိုကုမ္ပဏီကပင် စူးစမ်းလေ့လာမှုထပ်မံပြုလုပ်လျက်ရှိခြင်းဖြစ်သည်။

ချင်းပြည်နယ်အစိုးရပြောခွင့်ရ ၀န်ကြီးဦးစိုးထက်က “လူထုရဲ့ကန့်ကွက်ချက် စိုးရိမ်းမှုတွေပြေပျောက်အောင် EIA/SIA တွေကိုလည်း သေချာဆန်းစစ်ပြီးမှလုပ်ဖို့ဖြစ်ပါတယ် ကျနော်တို့ ချင်းပြည်နယ်အစိုးရအဖွဲ့အနေနဲ့ တင်ပြခွင့်ဘဲရှိပြီးတော့ ပြည်ထောင်စုအစိုးရ နဲ့ ပြင်သစ်ကုပ္မဏီတို့တိုက်ရိုက်လက်ရှိမှာ ပူးပေါင်းဆောင်ရွက်နေတဲ့အစီစဉ်ဖြစ်ပါတယ် ဆက်ပြီးတော့လုပ်နိုင်ဖို့အတွက် ကိုတော့ သေချာမှ Survey ဒေတာအပေါ်မူတည်ပြီး ကျနော်တို့ပြည်ထောင်စုလျှပ်စစ်ဝန်ကြီးဌာန ကနေပြီးတော့ သုံးသပ်ပြီး လုပ်သင့်မှလုပ်မှာဖြစ်ပါတယ်” ဟု ပြောသည်။

ချင်းပြည်နယ်တွင် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်သည့်နေရာ ၁၇ နေရာရှိပြီး အကြီးစားရေအားလျှပ်စစ်စီမံကိန်း ၂ နေရာ၊ အလတ်စားစီမံကိန်း ၁ နေရာနှင့် အသေးစားစီမံကိန်း ၁၄ နေရာရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်ပြည်နယ်မှ မြန်မာနယ်စပ်အထိ ရထားလမ်းဖောက်မည့်စီမံကိန်း ပဏာမစစ်တမ်းကောက်ယူမှု ပြီစီးပြီဟုဆို

စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံ ဥပဒေပြဋ္ဌာန်းနိုင်ခြင်းကို ဂုဏ်ယူကြောင်း ချင်းပြည်လွှတ်တော် သဝဏ်လွှာပို့

PDF-Zoland ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁၇)အတွက် သင်တန်းသူ/သားများ လက်ခံနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.