Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»“ဆူရ္ဘုန္ေလယာဥ္ကြင္းတည္ေဆာက္မႈ (၇၈) ရာခိုင္ႏႈန္းၿပီးစီး၊ ေမလႏွင့္ ဇြန္လၾကားမွာ စမ္းသပ္ေျပးဆြဲမယ္”

“ဆူရ္ဘုန္ေလယာဥ္ကြင္းတည္ေဆာက္မႈ (၇၈) ရာခိုင္ႏႈန္းၿပီးစီး၊ ေမလႏွင့္ ဇြန္လၾကားမွာ စမ္းသပ္ေျပးဆြဲမယ္”

0
By Editor on February 6, 2020 Headline

Zawgyi

By လားႏြန္ – ခ်င္းျပည္နယ္၏ ပထမဆံုးေလဆိပ္ျဖစ္လာမယ့္ ဖလမ္းၿမိဳ႕ ဆူရ္ဘုန္ေလဆိပ္ကို လာမည့္ဇြန္လအတြင္းမွာ ဖြင့္လွစ္ႏုိင္ဖို႔ ခ်င္းျပည္နယ္အစိုးရအဖြဲ႔က စီစဥ္ထားပါတယ္။

ဖလမ္းၿမိဳ႕ကေန ၈ မိုင္အကြာမွာ တည္ရွိတဲ့ ဆူရ္ဘုန္ေလဆိပ္ဟာ ပင္လယ္ေရမ်က္ႏွာျပင္အထက္ အျမင့္ေပ ၆၀၀၀ မွာတည္ရွိတာျဖစ္ပါတယ္။ ေလယာဥ္ေျပးလမ္း အလ်ား ၆၀၀၀ ေပ၊ အက်ယ္ ၁၀၀ ေပရွိၿပီး Flexible Pavement ေျပးလမ္း အမ်ိဳးအစားျဖစ္တည္ေဆာက္ေနတာျဖစ္ပါတယ္။ ေျပးလမ္းအရွိန္သတ္စြန္း Over Run အလ်ား ၂၀၀ ေပ၊ အက်ယ္ ၁၀၀ ေပ ႏွင့္ ေလယာဥ္ရပ္နားရာ ေနရာ အလ်ား ၂၅၀ ေပ၊ အက်ယ္ ၂၅၀ ေပရွိၿပီး ေျပးလမ္းခံႏိုင္ရည္ ေပါင္ ၅၀၀၀၀ ရွိကာ ATR 72 (MTOW- 49604) ေလယာဥ္အမ်ဴိးအစား ဆင္းသက္အသုံးျပဳႏိုင္မွာျဖစ္တယ္လို႔သိရပါတယ္။

ျမန္မာက်ပ္ေငြ ၃၄.၁၉ ဘီလ်ံ အကုန္အက်ခံၿပီး တည္ေဆာက္ေနတဲ့ ဆူရ္ဘုန္ေလဆိပ္ႏွင့္ပတ္သက္ၿပီး ေလဆိပ္တည္ေဆာက္မႈတာ၀န္ခံ အင္ဂ်င္နီယာမွဴး ဦးထြန္းေဇာ္ကို ခိုႏူမ္းသုန္မီဒီယာအဖြဲ႔မွ ဆက္သြယ္ေမးျမန္းထားပါတယ္။

ေမး။    ။ ဖလမ္းၿမိဳ႕ ဆူရ္ဘုန္ေလယာဥ္ကြင္းတည္ေဆာက္မႈက ဘယ္အဆင့္ထိၿပီးေနၿပီလဲ။

ေျဖ။       ။ ျပီးစီးမႈက အားလံုးက ၇၈/၈၀ ေပ့ါ အတိအက်ဆိုရင္ေတာ့ ၇၈ ရာခိုင္ႏႈန္းၿပီးပါၿပီ။

ေမး။    ။ ဘယ္အပိုင္းေတြၿပီးစီးသြားၿပီးေတာ့ ဘယ္အပိုင္းေတြလုပ္ဖို႔က်န္ေနေသးတာလဲ။

ေျဖ။       ။ ေျပးလမ္းပိုင္းကဆိုရင္ေတာ့ ေျပးလမ္းကတၠရာခင္းတာေတာ့ ၉၀ ရာခိုင္ႏႈန္းေလာက္ျပီးသြားျပီ။ ႏိုင္လြန္ကတၱရာခင္းဖို႔က်န္ေသးတယ္။ ေျပးလမ္းမွာ ႏိုင္လြန္ကတၱရာကမခင္းထားေသးဘူး။ ဒီလေရွ႕ပတ္ကေနခင္းမယ္။ ႏိုင္လြန္ကတၱရာက်န္ေသးတယ္။ ေနာက္ျပီးေတာ့ ေျပးလမ္းမွာ ေလဆိပ္မွာက်ေတာ့ အကုန္လံုးက Landscape ေတြျပီးျပီ။ CCTV တို႔တပ္ဆင္ေနတယ္။ ၉၈ ရာခိုင္ႏႈန္းေလာက္ျပီးျပီ။ Terminal Building (ေလေၾကာင္းအေဆာက္အဦး) ကလဲျပီးျပီ။ အဲဒီမွာက CCTV တပ္ေနတယ္။ ခရီးသည္ေတြစစ္ေဆးဖို႔ X-ray စက္ေတြတပ္ေနတယ္။ ေနာက္ လွ်ပ္စစ္ပိုင္းကေတာ့ မီးသီးေတြတပ္ဖို႔က်န္တယ္။ က်န္တဲ့ၾကိဳးေတြကေတာ့ ျပီးသြားျပီ။ ေနာက္ျပီးေတာ့ ေလေၾကာင္းေတြဆက္သြယ္ဖို႔ လိုင္းစက္ေတြတပ္ဆင္ဖို႔က်န္ေသးတယ္။ ေနာက္ျပီးေတာ့ ေတာင္ျဖိဳတဲ့အပိုင္းက ၂၀ ရာခိုင္ႏႈန္းေလာက္က်န္ေသးတယ္။

ေမး။    ။ ေလယာဥ္ကြင္းတည္ေဆာက္မႈဟာ လာမည့္ ဇြန္လအတြင္းမွာ အၿပီးသတ္မယ္လို႔လည္း မီဒီယာတစ္ခ်ဴိ႕မွာေတြ႔ရတယ္၊ အမွန္တကယ္အၿပီးသတ္ႏုိင္မယ့္အခ်ိန္ကို ေျပာျပလို႔ရမလား။ 

ေျဖ။       ။ ေမလမွာ လုပ္ငန္းၿပီးေအာင္ေတာ့လုပ္မယ္။ ဒီေမလမွာ ေလဆိပ္ဆိုင္ရာလုပ္ငန္းၾကီးေတြအားလံုး ျပီးေအာင္လုပ္မယ္။ Operation (သံုးႏိုင္၊ လည္ပတ္ႏိုင္) လုပ္ႏိုင္ေအာင္လုပ္မယ္။ လုပ္လုိက္ၾကျပီးမွ စက္တင္ဘာက်မွ ဆက္စပ္လုပ္ငန္းအေသးေလးေတြ ျခံစည္းရိုးကာတာတို႔ လံုျခံဳေရးအေဆာက္အဦးတို႔ ဂိတ္တို႔ အဲဒါကေတာ့ စက္တင္ဘာမွာ ျပီးေအာင္လုပ္မယ္။ ၾကားထဲမွာ ဇြန္လထဲမွာ ခရီးသည္ေတြကို ေလယာဥ္ဆင္းလာမယ့္အခ်ိန္ကို ဖြင့္ပြဲလုပ္သြားမယ္။ အဲဇြန္လထဲမွာပဲ ေမႏွင့္ ဇြန္ၾကားထဲမွာ Test Run (အစမ္းေျပး) က်ေနာ္တို႔ဌာနက ေလယာဥ္နဲ႔ ဆင္းသက္မႈလုပ္မယ္။

ေမး။    ။ ဆိုေတာ့ ေလယာဥ္စတင္ေျပးဆြဲမႈက ဘယ္ေတာ့ေလာက္ျဖစ္ႏုိင္မလဲ။ 

ေျဖ။       ။ ဖြင့္ပြဲျပီးသြားရင္ က်ေနာ္တို႔လုပ္မယ္။ ဖြင့္ပြဲျပီးတာနဲ႔ က်ေနာ္တို႔ဌာနအေနနဲ႔ကေတာ့ ဟိုဘက္က ေလေၾကာင္းလိုင္းေတြရဲ႕ ညိွဳႏိႈင္းမႈေပၚမွာမူတည္မယ္။ က်ေနာ္တို႔ဌာနကေတာ့ က်ေနာ္ကေတာ့ ေဆာက္လုပ္ေရးပိုင္းျဖစ္တဲ့အတြက္ေၾကာင့္မို႔ က်ေနာ္တို႔ Operate (အလုပ္လုပ္သည္၊ လည္ပတ္သည္) လုပ္ႏိုင္တဲ့ထိလုပ္သြားမွာဆိုေတာ့အျပီးလုပ္သြားမွာ။

ဖြင့္ပြဲလုပ္ျပီးေတာ့ စမ္းသပ္ဆင္းသြားမယ္။ အဲဒီေနာက္ပိုင္းမွာ ဖြင့္ပြဲျပီးလို႔ ဇြန္၊ ဇူလိုင္ဆိုလုိ႔ရိွရင္ေနာက္ပိုင္း ရာသီဥတုကိုၾကည့္လုိက္အံုးမယ္ဗ်ာ။ ရာသီဥတုအခက္အခဲျဖစ္တယ္ဆိုရင္ေတာ့ ပြင့္လင္းရာသီမွာ ျပန္ဆက္ဆင္းမွာေပါ့။ ေမႏွင့္ ဇြန္ၾကားထဲမွာ အစမ္းေျပးၾကည့္အံုးမယ္။ ေလယာဥ္ကြင္းစက္ပစၥည္းေတြ စမ္းသပ္ျပီးလို႔ မိုးတြင္းမွာ ရာသီဥတုေကာင္းတယ္ဆိုလို႔ရွိရင္ ဆက္တုိက္ဆြဲသြားမွာပဲ။ ရာသီဥတုအေနအထားအရ ေလေၾကာင္းလိုင္းေပၚမွာလည္းမူတည္တယ္။ က်ေနာ္တို႔က ဘယ္ေလာက္ပဲဟိုဟာျဖစ္ျဖစ္ ခရီးသည္နဲ႔ မဆြဲႏိုင္ဘူးဆုိလည္း သူတို႔သေဘာေလ။ ေလာေလာဆယ္ေတာ့ အဲဒါေတြကေတာ့ ရံုးခ်ဳပ္မွာ ဒါေလေၾကာင္းလိုင္းေတြနဲ႔ ေျပးဆြဲပ်ံသန္းမႈေတြ စီစဥ္ေဆာင္ရြက္ေနတယ္။ ေျပာလို႔ရတယ္။ ဖြင့္ပြဲျပီးတဲ့ေနာက္ပိုင္းမွာ အဲဒီစမ္းသပ္ႏိုင္ေရးအတြက္ကို ေလေၾကာင္းလိုင္းေတြနဲ႔ ညိွဳႏိႈင္းျပီးေတာ့ ေဆာင္ရြက္ေနတယ္ဆိုတာကို က်ေနာ္ေျပာခ်င္တယ္။

ေမး။    ။ ဒီလိုတည္ေဆာက္တဲ့အခ်ိန္မွာ ဘယ္လိုအခက္အခဲ စိန္ေခၚမႈေတြႀကံဳေတြ႔ရလဲ။ ဥပမာအားျဖင့္ ေငြေၾကး/သဘာ၀ေဘးအႏၱရာယ္ေတြေပါ့။

ေျဖ။       ။ က်ေနာ္တို႔ ေငြေရးၾကီးေရးကေတာ့ အစိုးရရန္ပံုေငြျဖစ္တဲ့အတြက္ေၾကာင့္ အခ်ိန္အခါေတာ့ က်ေနာ္တို႔ အခ်ိန္မီေတာ့ ၀င္ပါတယ္။ က်ေနာ္တို႔ တည္ေဆာက္ေရးသြားတာတို႔ တင္ဒါေခၚတာတို႔ အခက္အခဲမရိွဘူး။ သဘာ၀ေဘးအႏၱရာယ္ကေတာ့ ဒီေလာက္ေတာ့မရိွဘူး။ ဒီေဒသက ရာသီဥတုက မိုးမ်ားတာရယ္ က်ေနာ္တို႔အလုပ္လုပ္ေနရင္းနဲ႔ ခဏရပ္ထားရတယ္။ အရမ္းေအးတယ္။ ေလတိုက္တယ္။ အဲဒီခ်ိန္မွာ လုပ္ရကို္င္ရတာ အခက္အခဲေလး နည္းနည္းပင္ပန္းတယ္ေပါ့။ ဒါေလးပါပဲ။ ေနာက္ျပီးေတာ့ ေရေပါ့။ ေရရရိွမႈကလည္း နည္းနည္းခက္တယ္။ က်ေနာ္တို႔ ေဆာက္လုပ္ေရးလုပ္ငန္းဆိုေတာ့ ေရရေအာင္လည္းလုပ္ရတယ္။ အခုေတာ့ လိုင္ဗားကေနေရရဖို႔ က်ေနာ္တို႔ လုပ္ေနတယ္။ အလုပ္သမားကေတာ့ အထူးသျဖင့္ ရန္ကုန္ကေခၚတယ္။ ေနာက္ကတၱရာက်ဴိတာတို႔ ဘာတို႔က်ေတာ့ ဒီ ပုဂံ-ေညာင္ဦး၊ မေကြး၊ ပခုကၠဴ အဲဘက္ကလူေတြေခၚတယ္။ ဒီမွာ ေက်ာက္လုပ္ေက်ာက္ထုကေတာ့ ေဒသခံတိုင္းရင္းသားေတြေခၚတယ္။ သူတို႔အတြက္ေတာ့ ေနဖို႔ထိုင္ဖို႔ကေတာ့ နည္းနည္းေလး အက်င့္သားရေအာင္ ျပီးခဲ့တဲ့ႏွစ္ကလည္းလုပ္ဖူးတယ္ဆိုေတာ့ နည္းနည္းအဆင္ေျပသြားတယ္။ ပထမတစ္ႏွစ္ကလည္း ရာသီဥတုဒဏ္ကိုမခံႏိုင္လို႔ အေယာက္ ၁၀၀ ေခၚရင္ ၅၀ ပဲက်န္တယ္။ က်န္တဲ့သူေတြထြက္သြားတယ္။ အခုက်ေတာ့ နည္းနည္းေလးအသားက်လာတယ္။ ျပီးလည္းျပီးေတာ့မယ္ဆိုျပီး သူတို႔ကို အားေမြးရင္းလုပ္ခိုင္းရတာ။ အဲလိုေတာ့ရွိတယ္။ ေဒသခံအလုပ္သမားေတြက်ေတာ့ ေက်ာက္ထုတာ၊ ေက်ာက္ပို႔တာ ဒီေလာက္ေတာ့လုပ္တယ္။ က်န္တဲ့လူေတြကေတာ့ Terminal Building (ေလေၾကာင္းအေဆာက္အဦး) ေဆာက္တာတို႔ ေျပးလမ္း AC တင္တာတို႔ က်ေနာ္တို႔ ျပည္မၾကီးကပဲေခၚလိုက္တယ္။

ေမး။    ။ တျခားဘာမ်ားျဖည့္စြက္ေျပာခ်င္တာရွိပါလဲ။

ေျဖ။       ။ ေလယာဥ္ကြင္းစီမံကိန္းဆိုလို႔ရိွရင္ အခက္အခဲေတြ စိန္ေခၚမႈေတြ အမ်ားၾကီးရင္ဆိုင္ျပီးလုပ္ရတယ္။ ဥပမာဆိုရင္ ဒီမွာဆိုရင္ ေျမထိန္းနံရံေတြပါတည္ေဆာက္ရတယ္။ သာမာန္ေလယာဥ္ကြင္းေတြနဲ႔မတူဘူး။ ဒီမွာဆိုရင္ ေျမထိန္းနံရံေတြ သံုးခု ထည့္သြင္းတည္ေဆာက္ရတယ္။ ေနာက္ျပီးလို႔ရိွရင္ ၂၀၂၀ – ၂၀၂၁ ခုႏွစ္မွာ က်ေနာ္တို႔ အခ်ိန္မီ၀င္ေအာင္လုပ္မလို႔ဆိုျပီးေတာ့ အခ်ိန္ဇယားလ်ာထားေပမဲ့ က်ေနာ္တို႔ ေစာႏိုင္စြာဖြင့္ႏိုင္ေရးအတြက္ကို  ၾကိဳးစားျပီးေဆာင္ရြက္ေနတယ္၊ က်ေနာ္တို႔ အခ်ိန္ဇယားအရ ၂၀၂၀ -၂၀၂၁ ႏွစ္ ဘတ္ဂ်က္ႏွစ္မွာ ျပီးေအာင္လုပ္မယ္ဆိုေပမဲ့ က်ေနာ္တို႔ ႏိုင္ငံေတာ္အၾကီးအကဲေတြရဲ႕ လမ္းညႊန္ခ်က္အရ က်ေနာ္တို႔ ဒီတစ္ႏွစ္ ေစာလ်င္စြာဖြင့္ႏိုင္ေရးအတြက္ ၾကိဳးစားျပီးေဆာင္ရြက္ေနပါတယ္။

Unicode

By လားနွန် – ချင်းပြည်နယ်၏ ပထမဆုံးလေဆိပ်ဖြစ်လာမယ့် ဖလမ်းမြို့ ဆူရ်ဘုန်လေဆိပ်ကို လာမည့်ဇွန်လအတွင်းမှာ ဖွင့်လှစ်နိုင်ဖို့ ချင်းပြည်နယ်အစိုးရအဖွဲ့က စီစဉ်ထားပါတယ်။

ဖလမ်းမြို့ကနေ ၈ မိုင်အကွာမှာ တည်ရှိတဲ့ ဆူရ်ဘုန်လေဆိပ်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၆၀ဝ၀ မှာတည်ရှိတာဖြစ်ပါတယ်။ လေယာဉ်ပြေးလမ်း အလျား ၆၀ဝ၀ ပေ၊ အကျယ် ၁၀ဝ ပေရှိပြီး Flexible Pavement ပြေးလမ်း အမျိုးအစားဖြစ်တည်ဆောက်နေတာဖြစ်ပါတယ်။ ပြေးလမ်းအရှိန်သတ်စွန်း Over Run အလျား ၂၀ဝ ပေ၊ အကျယ် ၁၀ဝ ပေ နှင့် လေယာဉ်ရပ်နားရာ နေရာ အလျား ၂၅၀ ပေ၊ အကျယ် ၂၅၀ ပေရှိပြီး ပြေးလမ်းခံနိုင်ရည် ပေါင် ၅၀ဝ၀ဝ ရှိကာ ATR 72 (MTOW- 49604) လေယာဉ်အမျိူးအစား ဆင်းသက်အသုံးပြုနိုင်မှာဖြစ်တယ်လို့သိရပါတယ်။

မြန်မာကျပ်ငွေ ၃၄.၁၉ ဘီလျံ အကုန်အကျခံပြီး တည်ဆောက်နေတဲ့ ဆူရ်ဘုန်လေဆိပ်နှင့်ပတ်သက်ပြီး လေဆိပ်တည်ဆောက်မှုတာဝန်ခံ အင်ဂျင်နီယာမှူး ဦးထွန်းဇော်ကို ခိုနူမ်းသုန်မီဒီယာအဖွဲ့မှ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။    ။ ဖလမ်းမြို့ ဆူရ်ဘုန်လေယာဉ်ကွင်းတည်ဆောက်မှုက ဘယ်အဆင့်ထိပြီးနေပြီလဲ။

ဖြေ။       ။ ပြီးစီးမှုက အားလုံးက ၇၈/၈၀ ပေါ့ အတိအကျဆိုရင်တော့ ၇၈ ရာခိုင်နှုန်းပြီးပါပြီ။

မေး။    ။ ဘယ်အပိုင်းတွေပြီးစီးသွားပြီးတော့ ဘယ်အပိုင်းတွေလုပ်ဖို့ကျန်နေသေးတာလဲ။

ဖြေ။       ။ ပြေးလမ်းပိုင်းကဆိုရင်တော့ ပြေးလမ်းကတ္ကရာခင်းတာတော့ ၉၀ ရာခိုင်နှုန်းလောက်ပြီးသွားပြီ။ နိုင်လွန်ကတ္တရာခင်းဖို့ကျန်သေးတယ်။ ပြေးလမ်းမှာ နိုင်လွန်ကတ္တရာကမခင်းထားသေးဘူး။ ဒီလရှေ့ပတ်ကနေခင်းမယ်။ နိုင်လွန်ကတ္တရာကျန်သေးတယ်။ နောက်ပြီးတော့ ပြေးလမ်းမှာ လေဆိပ်မှာကျတော့ အကုန်လုံးက Landscape တွေပြီးပြီ။ CCTV တို့တပ်ဆင်နေတယ်။ ၉၈ ရာခိုင်နှုန်းလောက်ပြီးပြီ။ Terminal Building (လေကြောင်းအဆောက်အဦး) ကလဲပြီးပြီ။ အဲဒီမှာက CCTV တပ်နေတယ်။ ခရီးသည်တွေစစ်ဆေးဖို့ X-ray စက်တွေတပ်နေတယ်။ နောက် လျှပ်စစ်ပိုင်းကတော့ မီးသီးတွေတပ်ဖို့ကျန်တယ်။ ကျန်တဲ့ကြိုးတွေကတော့ ပြီးသွားပြီ။ နောက်ပြီးတော့ လေကြောင်းတွေဆက်သွယ်ဖို့ လိုင်းစက်တွေတပ်ဆင်ဖို့ကျန်သေးတယ်။ နောက်ပြီးတော့ တောင်ဖြိုတဲ့အပိုင်းက ၂၀ ရာခိုင်နှုန်းလောက်ကျန်သေးတယ်။

မေး။    ။ လေယာဉ်ကွင်းတည်ဆောက်မှုဟာ လာမည့် ဇွန်လအတွင်းမှာ အပြီးသတ်မယ်လို့လည်း မီဒီယာတစ်ချိူ့မှာတွေ့ရတယ်၊ အမှန်တကယ်အပြီးသတ်နိုင်မယ့်အချိန်ကို ပြောပြလို့ရမလား။ 

ဖြေ။       ။ မေလမှာ လုပ်ငန်းပြီးအောင်တော့လုပ်မယ်။ ဒီမေလမှာ လေဆိပ်ဆိုင်ရာလုပ်ငန်းကြီးတွေအားလုံး ပြီးအောင်လုပ်မယ်။ Operation (သုံးနိုင်၊ လည်ပတ်နိုင်) လုပ်နိုင်အောင်လုပ်မယ်။ လုပ်လိုက်ကြပြီးမှ စက်တင်ဘာကျမှ ဆက်စပ်လုပ်ငန်းအသေးလေးတွေ ခြံစည်းရိုးကာတာတို့ လုံခြုံရေးအဆောက်အဦးတို့ ဂိတ်တို့ အဲဒါကတော့ စက်တင်ဘာမှာ ပြီးအောင်လုပ်မယ်။ ကြားထဲမှာ ဇွန်လထဲမှာ ခရီးသည်တွေကို လေယာဉ်ဆင်းလာမယ့်အချိန်ကို ဖွင့်ပွဲလုပ်သွားမယ်။ အဲဇွန်လထဲမှာပဲ မေနှင့် ဇွန်ကြားထဲမှာ Test Run (အစမ်းပြေး) ကျနော်တို့ဌာနက လေယာဉ်နဲ့ ဆင်းသက်မှုလုပ်မယ်။

မေး။    ။ ဆိုတော့ လေယာဉ်စတင်ပြေးဆွဲမှုက ဘယ်တော့လောက်ဖြစ်နိုင်မလဲ။ 

ဖြေ။       ။ ဖွင့်ပွဲပြီးသွားရင် ကျနော်တို့လုပ်မယ်။ ဖွင့်ပွဲပြီးတာနဲ့ ကျနော်တို့ဌာနအနေနဲ့ကတော့ ဟိုဘက်က လေကြောင်းလိုင်းတွေရဲ့ ညှိုနှိုင်းမှုပေါ်မှာမူတည်မယ်။ ကျနော်တို့ဌာနကတော့ ကျနော်ကတော့ ဆောက်လုပ်ရေးပိုင်းဖြစ်တဲ့အတွက်ကြောင့်မို့ ကျနော်တို့ Operate (အလုပ်လုပ်သည်၊ လည်ပတ်သည်) လုပ်နိုင်တဲ့ထိလုပ်သွားမှာဆိုတော့အပြီးလုပ်သွားမှာ။

ဖွင့်ပွဲလုပ်ပြီးတော့ စမ်းသပ်ဆင်းသွားမယ်။ အဲဒီနောက်ပိုင်းမှာ ဖွင့်ပွဲပြီးလို့ ဇွန်၊ ဇူလိုင်ဆိုလို့ရှိရင်နောက်ပိုင်း ရာသီဥတုကိုကြည့်လိုက်အုံးမယ်ဗျာ။ ရာသီဥတုအခက်အခဲဖြစ်တယ်ဆိုရင်တော့ ပွင့်လင်းရာသီမှာ ပြန်ဆက်ဆင်းမှာပေါ့။ မေနှင့် ဇွန်ကြားထဲမှာ အစမ်းပြေးကြည့်အုံးမယ်။ လေယာဉ်ကွင်းစက်ပစ္စည်းတွေ စမ်းသပ်ပြီးလို့ မိုးတွင်းမှာ ရာသီဥတုကောင်းတယ်ဆိုလို့ရှိရင် ဆက်တိုက်ဆွဲသွားမှာပဲ။ ရာသီဥတုအနေအထားအရ လေကြောင်းလိုင်းပေါ်မှာလည်းမူတည်တယ်။ ကျနော်တို့က ဘယ်လောက်ပဲဟိုဟာဖြစ်ဖြစ် ခရီးသည်နဲ့ မဆွဲနိုင်ဘူးဆိုလည်း သူတို့သဘောလေ။ လောလောဆယ်တော့ အဲဒါတွေကတော့ ရုံးချုပ်မှာ ဒါလေကြောင်းလိုင်းတွေနဲ့ ပြေးဆွဲပျံသန်းမှုတွေ စီစဉ်ဆောင်ရွက်နေတယ်။ ပြောလို့ရတယ်။ ဖွင့်ပွဲပြီးတဲ့နောက်ပိုင်းမှာ အဲဒီစမ်းသပ်နိုင်ရေးအတွက်ကို လေကြောင်းလိုင်းတွေနဲ့ ညှိုနှိုင်းပြီးတော့ ဆောင်ရွက်နေတယ်ဆိုတာကို ကျနော်ပြောချင်တယ်။

မေး။    ။ ဒီလိုတည်ဆောက်တဲ့အချိန်မှာ ဘယ်လိုအခက်အခဲ စိန်ခေါ်မှုတွေကြုံတွေ့ရလဲ။ ဥပမာအားဖြင့် ငွေကြေး/သဘာဝဘေးအန္တရာယ်တွေပေါ့။

ဖြေ။       ။ ကျနော်တို့ ငွေရေးကြီးရေးကတော့ အစိုးရရန်ပုံငွေဖြစ်တဲ့အတွက်ကြောင့် အချိန်အခါတော့ ကျနော်တို့ အချိန်မီတော့ ဝင်ပါတယ်။ ကျနော်တို့ တည်ဆောက်ရေးသွားတာတို့ တင်ဒါခေါ်တာတို့ အခက်အခဲမရှိဘူး။ သဘာဝဘေးအန္တရာယ်ကတော့ ဒီလောက်တော့မရှိဘူး။ ဒီဒေသက ရာသီဥတုက မိုးများတာရယ် ကျနော်တို့အလုပ်လုပ်နေရင်းနဲ့ ခဏရပ်ထားရတယ်။ အရမ်းအေးတယ်။ လေတိုက်တယ်။ အဲဒီချိန်မှာ လုပ်ရကိ်ုင်ရတာ အခက်အခဲလေး နည်းနည်းပင်ပန်းတယ်ပေါ့။ ဒါလေးပါပဲ။ နောက်ပြီးတော့ ရေပေါ့။ ရေရရှိမှုကလည်း နည်းနည်းခက်တယ်။ ကျနော်တို့ ဆောက်လုပ်ရေးလုပ်ငန်းဆိုတော့ ရေရအောင်လည်းလုပ်ရတယ်။ အခုတော့ လိုင်ဗားကနေရေရဖို့ ကျနော်တို့ လုပ်နေတယ်။ အလုပ်သမားကတော့ အထူးသဖြင့် ရန်ကုန်ကခေါ်တယ်။ နောက်ကတ္တရာကျိူတာတို့ ဘာတို့ကျတော့ ဒီ ပုဂံ-ညောင်ဦး၊ မကွေး၊ ပခုက္ကူ အဲဘက်ကလူတွေခေါ်တယ်။ ဒီမှာ ကျောက်လုပ်ကျောက်ထုကတော့ ဒေသခံတိုင်းရင်းသားတွေခေါ်တယ်။ သူတို့အတွက်တော့ နေဖို့ထိုင်ဖို့ကတော့ နည်းနည်းလေး အကျင့်သားရအောင် ပြီးခဲ့တဲ့နှစ်ကလည်းလုပ်ဖူးတယ်ဆိုတော့ နည်းနည်းအဆင်ပြေသွားတယ်။ ပထမတစ်နှစ်ကလည်း ရာသီဥတုဒဏ်ကိုမခံနိုင်လို့ အယောက် ၁၀ဝ ခေါ်ရင် ၅၀ ပဲကျန်တယ်။ ကျန်တဲ့သူတွေထွက်သွားတယ်။ အခုကျတော့ နည်းနည်းလေးအသားကျလာတယ်။ ပြီးလည်းပြီးတော့မယ်ဆိုပြီး သူတို့ကို အားမွေးရင်းလုပ်ခိုင်းရတာ။ အဲလိုတော့ရှိတယ်။ ဒေသခံအလုပ်သမားတွေကျတော့ ကျောက်ထုတာ၊ ကျောက်ပို့တာ ဒီလောက်တော့လုပ်တယ်။ ကျန်တဲ့လူတွေကတော့ Terminal Building (လေကြောင်းအဆောက်အဦး) ဆောက်တာတို့ ပြေးလမ်း AC တင်တာတို့ ကျနော်တို့ ပြည်မကြီးကပဲခေါ်လိုက်တယ်။

မေး။    ။ တခြားဘာများဖြည့်စွက်ပြောချင်တာရှိပါလဲ။

ဖြေ။       ။ လေယာဉ်ကွင်းစီမံကိန်းဆိုလို့ရှိရင် အခက်အခဲတွေ စိန်ခေါ်မှုတွေ အများကြီးရင်ဆိုင်ပြီးလုပ်ရတယ်။ ဥပမာဆိုရင် ဒီမှာဆိုရင် မြေထိန်းနံရံတွေပါတည်ဆောက်ရတယ်။ သာမာန်လေယာဉ်ကွင်းတွေနဲ့မတူဘူး။ ဒီမှာဆိုရင် မြေထိန်းနံရံတွေ သုံးခု ထည့်သွင်းတည်ဆောက်ရတယ်။ နောက်ပြီးလို့ရှိရင် ၂၀၂၀ – ၂၀၂၁ ခုနှစ်မှာ ကျနော်တို့ အချိန်မီဝင်အောင်လုပ်မလို့ဆိုပြီးတော့ အချိန်ဇယားလျာထားပေမဲ့ ကျနော်တို့ စောနိုင်စွာဖွင့်နိုင်ရေးအတွက်ကို  ကြိုးစားပြီးဆောင်ရွက်နေတယ်၊ ကျနော်တို့ အချိန်ဇယားအရ ၂၀၂၀ -၂၀၂၁ နှစ် ဘတ်ဂျက်နှစ်မှာ ပြီးအောင်လုပ်မယ်ဆိုပေမဲ့ ကျနော်တို့ နိုင်ငံတော်အကြီးအကဲတွေရဲ့ လမ်းညွှန်ချက်အရ ကျနော်တို့ ဒီတစ်နှစ် စောလျင်စွာဖွင့်နိုင်ရေးအတွက် ကြိုးစားပြီးဆောင်ရွက်နေပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပလက်ဝမြို့နယ်၊ ရှင်းလက်ဝ မှာ ကုန်သည်အပါအဝင် ဒေသခံ ၃၀၀ ခန့် ပြင်းထန်ဝမ်းရောဂါ ကူးဆက်မှု ဖြစ်ပွားနေ

ရွေးကောက်ပွဲ အပိုင်း ၃ တွင် ပါဝင်လာနိုင်ချေရှိသည့် ချင်းမြောက်ဒေသကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ

သိုင်းငင်းအနီးတဝိုက် တိုက်ပွဲများကြောင့် ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရ၍ အရေးပေါ်အကူအညီ လိုအပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.