Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ခ်င္းအမ်ဴိးသားတပ္ဦး (CNF) ေျပာေရးဆိုခြင့္ရွိသူ ဆလိုင္းထက္နီႏွင့္ အင္တာဗ်ဴး

ခ်င္းအမ်ဴိးသားတပ္ဦး (CNF) ေျပာေရးဆိုခြင့္ရွိသူ ဆလိုင္းထက္နီႏွင့္ အင္တာဗ်ဴး

0
By Editor on April 13, 2020 Headline

#Zawgyi

ခ်င္းျပည္နယ္၊ ပလက္၀ၿမိဳ႕နယ္ရဲ့ စစ္ေရးပဋိပကၡအေျခအေန၊ စစ္ေဘးေရွာင္ျပည္သူမ်ားကူညီပံ့ပိုးေရး၊ စားနပ္ရိကၡာသယ္ယူေရး၊ လက္ရွိ Covid-19 ေရာဂါ ကာကြယ္မႈအေျခအေနေတြနဲ႔ပတ္သက္ၿပီး ခ်င္းအမ်ဴိးသားတပ္ဦး (CNF) ေျပာေရးဆိုခြင့္ရွိသူ လက္ေထာက္အေထြေထြအတြင္းေရးမွဴး-၂ ဆလုိင္းထက္နီကို ခိုႏူမ္းသုန္သတင္းဌာနက ဆက္သြယ္ေမးျမန္းထားပါတယ္။

ေမး။    ။ Covid-19 နဲ႔ပတ္သက္ၿပီးေတာ့ CNF ဗဟိုဌာနခ်ဴပ္မွာျဖစ္ျဖစ္၊ တပ္စခန္းေတြမွာျဖစ္ျဖစ္ ႀကိဳတင္ကာကြယ္မႈေတြ ဘယ္လိုေဆာင္ရြက္ထားတာရွိပါသလဲ။

ေျဖ။       ။ Covid 19 နဲ႕ပတ္သက္ၿပီး က်ေနာ္တုိ႔အေျခစုိက္တဲ့ နယ္ေျမအားလုံးမွာ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး၊ လူငယ္ေခါင္းေဆာင္၊ ဘာသာေရးအသင္းအဖြဲေတြနဲ႔ပူးေပါင္းၿပီး လူ၀င္/လူထြက္ စိစစ္မႈေတြ၊ စာရင္းေကာက္တာေတြလုပ္တယ္၊ အဓိက ခရီးသြားလာမႈေတြ နည္းႏုိင္သမွ်နည္းေအာင္လုပ္တယ္၊ ႀကိဳတင္ကာကြယ္မႈ နည္းနာေတြ တတ္ႏုိင္သမွ်ေတာ့ လုပ္တာေပါ့။ ကိုယ့္စခန္းတြင္းမွာလည္း ႀကိဳတင္ကာကြယ္မႈေတြ အတတ္ႏုိင္ဆုံးေတာ့ လုပ္ပါတယ္။  

ေမး။    ။ ဗဟိုဌာနခ်ဴပ္မွာေနတဲ့ တပ္သားေတြျဖစ္ျဖစ္၊ အနီးပတ္၀န္းက်င္ေက်းရြာမွာ ေနထုိင္တဲ့လူေတြအတြက္ က်န္းမာေရးစစ္ေဆးမႈေတြ လုပ္ေဆာင္ၾကၿပီလား။  

ေျဖ။       ။ က်ေတာ္တုိ႔ဌာနခ်ဳပ္မွာက်ေတာ့ ထန္တလန္ၿမိဳ႕နယ္ က်န္းမာေရးဌာနက ဆရာ၀န္မတစ္ဦးႏွင့္ Nurse ႏွစ္ဦး (၃) ရက္ေလာက္ က်န္းမာေရးေစာင့္ေရွာက္မႈ လာလုပ္ေပးတယ္၊ သူတုိ႕ျပန္သြားတာၾကာၿပီ၊ ခုေတာ့ ကုိယ့္ဟာကုိယ္ပဲ Lockdown လုပ္တယ္၊ ေန႕ေန႕ညည လူ၀င္လူထြက္စစ္တယ္။

ေမး။    ။ ခ်င္းျပည္နယ္အစိုးရအဖြဲ႔နဲ႔ ပူးေပါင္းေဆာင္ရြက္မႈေတြရွိလား။ ဒါမွမဟုတ္ အစိုးရဘက္ကေန လိုအပ္တဲ့ ေဆး၀ါးေထာက္ပံ့မႈေတြရွိလား။

ေျဖ။       ။  အစုိးရဖက္က ေဆး၀ါးေထာက္ပ့ံတာတုိ႕၊ ဆရာ၀န္ေတြ တာ၀န္လာခ်ေပးတာမ်ဳိးမရွိဘူး၊ အစုိးရရဲ့ က်န္းမာေရး ေစာင့္ေရွာက္မႈ အင္မတန္ အားနည္းတယ္လုိ႕ေျပာရမွာပဲ၊ ဆရာ၀န္၊ ေဆးဆရာ အင္အားကုိက မလုံေလာက္တာပဲ။ ခ်င္းျပည္နယ္အစုိးရက အစာေရစာ ေထာက္ပံ့တယ္ၾကားလုိ႔ ဝမ္းသာတယ္။

ေမး။    ။ ခ်င္းအမ်ဳိးသားတပ္မေတာ္ (CNA) နဲ႔ ျမန္မာ့တပ္မေတာ္ပူေပါင္းၿပီး ပလက္၀ၿမိဳ႕နယ္မွာ ေျခကုပ္ယူလႈပ္ရွားေနတဲ့ ရကၡိဳင့္တပ္ေတာ္ (AA) ကို တိုက္ထုတ္မယ္ဆိုၿပီး လူမႈကြန္ယက္ (Social Media) ေတြမွာ ျပန္႔ႏွံ႔ေနတာေတြ႔ရ တယ္။ ျပည္သူလူထုေတြကလည္း တကယ္ဟုတ္မဟုတ္သိခ်င္ေနၾကတယ္၊ ဘာမ်ားတုန္႔ျပန္လိုပါသလဲ။ 

ေျဖ။       ။ မဟုတ္ပါဘူး။ အဲဒီကိစၥက မဟုတ္မဟတ္သတင္းေတြပါ။ ျမန္မာတပ္မေတာ္နဲ႔ ပူးေပါင္းဖုိ႔ဆုိတာ ေပၚလစီမ႐ွိပါဘူး။

ေမး။    ။ ခုဆိုရင္ က်ေနာ္တို႔သိတဲ့အတိုိင္းပါပဲ ပလက္၀ၿမိဳ႕နယ္မွာ တပ္မေတာ္နဲ႔ AA တပ္ဖြဲ႔အၾကားျဖစ္ပြားတဲ့ တိုက္ပြဲေတြေၾကာင့္ စစ္ေဘးဒုကၡသည္ေတြ တစ္ေန႔ထက္တစ္ေန႔တိုးလာတယ္၊ စားနပ္ရိကၡာျပတ္လပ္မႈေတြ ရင္ဆိုင္ေနၾကရတယ္၊ ဒီအေပၚမွာ CNF အေနနဲ႔ ျပည္သူလူထုအတြက္ ဘာေတြ လုပ္ေဆာင္ေပးဖို႔ရွိပါသလဲ။

ေျဖ။       ။ CNF အေနနဲ႕ နည္းလမ္းေပါင္းစုံအသုံးျပဳၿပီး ကမကထျပဳ ေဆာင္ရြက္သြားဖို႔ရွိပါတယ္၊  ခ်င္းစစ္ေဘးေရွာင္ေတြအတြက္ Chin IDPs Support Committee ကုိ ဖြဲ႕ၿပီး Committee မွတဆင့္ လူသားခ်င္း စာနာေထာက္ထားမႈ အကူအညီေပးဖုိ႕ စတင္ေနပါၿပီ။ တုိက္ပြဲေၾကာင့္ လူမႈဒုကၡခံစားေနၾကရတဲ့ ေဒသခံ ခ်င္းျပည္သူမ်ားအတြက္ လုိအပ္တဲ့ လူမႈကူညီေထာက္ပ့ံမႈနဲ႕ ျပန္လည္ေနရာခ်ထားႏုိင္ေရးေတြကို ခ်င္းျပည္နယ္အစုိးရ၊ ျပည္တြင္း/ျပည္ပရွိ ခ်င္းအမ်ဳိးသားမ်ား၊ အဖြဲ႔အစည္းမ်ား၊ လူမႈအဖြဲ႔အစည္းမ်ား၊ ဘာသာေရးအသင္းအဖဲြ႔မ်ားအေနျဖင့္ အမ်ဳိးသားေရးတာဝန္တစ္ရပ္အေနနဲ႔ ဆက္လက္ တာ၀န္ယူေဆာင္ရြက္ေပးၾကဖုိ႕ေမတၱာရပ္ခံလုိပါတယ္။ 

ေမး။    ။ ပလက္၀ၿမိဳ႕နယ္အတြင္းမွာ စားနပ္ရိကၡာသယ္ယူေရးပတ္သက္ၿပီး တပ္မေတာ္က တားဆီးပိတ္ပင္တာေတြရွိတယ္။ ေနာက္တစ္ခုက လံုျခံဳေရးစိုးရိမ္ရတဲ့အေျခအေနေၾကာင့္ဆိုၿပီး စားနပ္ရိကၡာမသယ္ႏုိင္ၾကဘူး၊ တပ္မေတာ္ကိုလည္း ေၾကာက္ရတယ္၊ AA ကိုလည္း ေၾကာက္ေနၾကတဲ့ အေျခအေနျဖစ္ေနပါတယ္၊ ဒီကိစၥအေပၚ CNF အေနနဲ႔ ျပည္သူလူထုရဲ့အခက္အခဲကို ဘယ္လိုမ်ဴိး ကူညီေျဖရွင္းေပးႏုိင္မလဲ။ 

ေျဖ။       ။ ဟုတ္ကဲ့၊ မိမိတုိ႕အေနနဲ႕ စစ္ေဘးေရွာင္ျပည္သူေတြထံ လူမႈအကူအညီမ်ား လုံလုံျခဳံျခဳံေရာက္ရွိႏုိင္ေအာင္ ေဆာင္ရြက္သြားမယ္။ ခုခ်ိန္မွာ ငါတုိ႔အစုိးရိမ္ဆုံးကေတာ့ စုျပဳံေနတဲ့ စစ္ေဘးေရွာင္ေတြအၾကား Covid – 19 ကူးစက္မွာကုိပဲ။ ဒီေတာ့ တပ္မေတာ္ျဖစ္ျဖစ္၊ AA ျဖစ္ျဖစ္ မိမိစစ္ေရးလုံျခဳံဖုိ႕ထက္ ေဒသခံျပည္သူရဲ့ လူမႈဒုကၡကုိ အေလးထားဖုိ႕ ေျပာခ်င္တယ္။

ေမး။    ။ တပ္မေတာ္အေနနဲ႔ တိုင္းရင္းသားလက္နက္ကိုင္တပ္ဖြဲ႔ေတြနဲ႔ တိုက္ပြဲျဖစ္တဲ့အခ်ိန္မွာ ေလေၾကာင္းတိုက္ခိုက္မႈေတြ ခတ္စိတ္စိတ္ျပဳလုပ္လာတဲ့အေပၚ CNF ရဲ့ သေဘာထားက ဘယ္လိုရွိလဲ။

ေျဖ။       ။ မလုပ္သင့္ဘူး၊ လုပ္ခ်င္းလုပ္ယင္ အရပ္ဖက္ျပည္သူေတြ ထိခုိက္မႈအနည္းဆုံးျဖစ္ေအာင္ လုပ္သင့္တယ္။ ၿပီးေတာ့ Geneva Convention အရ ျပည္သူေတြကုိလည္း လူသားဒုိင္းအျဖစ္ အသုံးမခ်သင့္ဘူး။

ေမး။    ။ ႏိုင္ငံေတာ္အစိုးရမွ AA ကို အၾကမ္းဖက္အဖြဲ႔၊ မတရားအသင္းအဖြဲ႕လို႔ ေၾကညာလိုက္တဲ့အေပၚ CNF ရဲ့ သေဘာထားကို သိခ်င္ပါတယ္။ 

ေျဖ။       ။ ႏုိင္ငံေတာ္အစုိးရရဲ့ အၾကမ္းဖက္အဖြဲ႕ဆိုင္ရာ၊ မတရားအသင္းဆုိင္ရာ သတ္မွတ္စံနဲ႕ ဥပေဒကုိ က်ေတာ္ သိပ္မသိဘူးခင္ဗ်၊ ဆရာတုိ႕ သတင္းသမားေတြ ပုိသိမယ္ေနာ္။

ေမး။    ။ သတင္းမီဒီယာမွာ လုပ္ကိုင္ေနၾကတဲ့ အယ္ဒီတာခ်ဴပ္ (၃) ဦးကို AA တပ္ဖြဲ႔နဲ႔ အင္တာဗ်ဴးလုပ္တာေၾကာင့္ဆိုၿပီး အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒနဲ႔ တရားစြဲဖမ္းဆီးတဲ့အေပၚမွာ CNF ရဲ့ သေဘာထားသိခ်င္ပါတယ္။

ေျဖ။       ။ NLD အစုိးရလက္ထက္မွာ မတရားအသင္းဆက္သြယ္မႈ၊ အၾကမ္းဖက္မႈ တုိက္ဖ်က္ေရးဥပေဒနဲ႕ၿငိတယ္ဆုိၿပီး သတင္းသမားေတြဖမ္းဆီးတာ၊ တရားစြဲတာေတြ မ်ားေနသလုိပဲ။ ေျပာႏုိင္တာကေတာ့ ဒီအစုိးရလက္ထက္မွာ မီဒီယာလြတ္လပ္ခြင့္ ပုိမုိအားနည္းလာတယ္ဆုိတာပါပဲ။

#Unicode

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရဲ့ စစ်ရေးပဋိပက္ခအခြေအနေ၊ စစ်ဘေးရှောင်ပြည်သူများကူညီပံ့ပိုးရေး၊ စားနပ်ရိက္ခာသယ်ယူရေး၊ လက်ရှိ Covid-19 ရောဂါ ကာကွယ်မှုအခြေအနေတွေနဲ့ပတ်သက်ပြီး ချင်းအမျိူးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ လက်ထောက်အထွေထွေအတွင်းရေးမှူး-၂ ဆလိုင်းထက်နီကို ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။    ။ Covid-19 နဲ့ပတ်သက်ပြီးတော့ CNF ဗဟိုဌာနချူပ်မှာဖြစ်ဖြစ်၊ တပ်စခန်းတွေမှာဖြစ်ဖြစ် ကြိုတင်ကာကွယ်မှုတွေ ဘယ်လိုဆောင်ရွက်ထားတာရှိပါသလဲ။

ဖြေ။       ။ Covid 19 နဲ့ပတ်သက်ပြီး ကျနော်တို့အခြေစိုက်တဲ့ နယ်မြေအားလုံးမှာ ကျေးရွာအုပ်ချုပ်ရေးမှူး၊ လူငယ်ခေါင်းဆောင်၊ ဘာသာရေးအသင်းအဖွဲတွေနဲ့ပူးပေါင်းပြီး လူဝင်/လူထွက် စိစစ်မှုတွေ၊ စာရင်းကောက်တာတွေလုပ်တယ်၊ အဓိက ခရီးသွားလာမှုတွေ နည်းနိုင်သမျှနည်းအောင်လုပ်တယ်၊ ကြိုတင်ကာကွယ်မှု နည်းနာတွေ တတ်နိုင်သမျှတော့ လုပ်တာပေါ့။ ကိုယ့်စခန်းတွင်းမှာလည်း ကြိုတင်ကာကွယ်မှုတွေ အတတ်နိုင်ဆုံးတော့ လုပ်ပါတယ်။  

မေး။    ။ ဗဟိုဌာနချူပ်မှာနေတဲ့ တပ်သားတွေဖြစ်ဖြစ်၊ အနီးပတ်ဝန်းကျင်ကျေးရွာမှာ နေထိုင်တဲ့လူတွေအတွက် ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ဆောင်ကြပြီလား။  

ဖြေ။       ။ ကျတော်တို့ဌာနချုပ်မှာကျတော့ ထန်တလန်မြို့နယ် ကျန်းမာရေးဌာနက ဆရာဝန်မတစ်ဦးနှင့် Nurse နှစ်ဦး (၃) ရက်လောက် ကျန်းမာရေးစောင့်ရှောက်မှု လာလုပ်ပေးတယ်၊ သူတို့ပြန်သွားတာကြာပြီ၊ ခုတော့ ကိုယ့်ဟာကိုယ်ပဲ Lockdown လုပ်တယ်၊ နေ့နေ့ညည လူဝင်လူထွက်စစ်တယ်။

မေး။    ။ ချင်းပြည်နယ်အစိုးရအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရှိလား။ ဒါမှမဟုတ် အစိုးရဘက်ကနေ လိုအပ်တဲ့ ဆေးဝါးထောက်ပံ့မှုတွေရှိလား။

ဖြေ။       ။  အစိုးရဖက်က ဆေးဝါးထောက်ပံ့တာတို့၊ ဆရာဝန်တွေ တာဝန်လာချပေးတာမျိုးမရှိဘူး၊ အစိုးရရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အင်မတန် အားနည်းတယ်လို့ပြောရမှာပဲ၊ ဆရာဝန်၊ ဆေးဆရာ အင်အားကိုက မလုံလောက်တာပဲ။ ချင်းပြည်နယ်အစိုးရက အစာရေစာ ထောက်ပံ့တယ်ကြားလို့ ဝမ်းသာတယ်။

မေး။    ။ ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ မြန်မာ့တပ်မတော်ပူပေါင်းပြီး ပလက်ဝမြို့နယ်မှာ ခြေကုပ်ယူလှုပ်ရှားနေတဲ့ ရက္ခိုင့်တပ်တော် (AA) ကို တိုက်ထုတ်မယ်ဆိုပြီး လူမှုကွန်ယက် (Social Media) တွေမှာ ပြန့်နှံ့နေတာတွေ့ရ တယ်။ ပြည်သူလူထုတွေကလည်း တကယ်ဟုတ်မဟုတ်သိချင်နေကြတယ်၊ ဘာများတုန့်ပြန်လိုပါသလဲ။ 

ဖြေ။       ။ မဟုတ်ပါဘူး။ အဲဒီကိစ္စက မဟုတ်မဟတ်သတင်းတွေပါ။ မြန်မာတပ်မတော်နဲ့ ပူးပေါင်းဖို့ဆိုတာ ပေါ်လစီမရှိပါဘူး။

မေး။    ။ ခုဆိုရင် ကျနော်တို့သိတဲ့အတိိုင်းပါပဲ ပလက်ဝမြို့နယ်မှာ တပ်မတော်နဲ့ AA တပ်ဖွဲ့အကြားဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည်တွေ တစ်နေ့ထက်တစ်နေ့တိုးလာတယ်၊ စားနပ်ရိက္ခာပြတ်လပ်မှုတွေ ရင်ဆိုင်နေကြရတယ်၊ ဒီအပေါ်မှာ CNF အနေနဲ့ ပြည်သူလူထုအတွက် ဘာတွေ လုပ်ဆောင်ပေးဖို့ရှိပါသလဲ။

ဖြေ။       ။ CNF အနေနဲ့ နည်းလမ်းပေါင်းစုံအသုံးပြုပြီး ကမကထပြု ဆောင်ရွက်သွားဖို့ရှိပါတယ်၊  ချင်းစစ်ဘေးရှောင်တွေအတွက် Chin IDPs Support Committee ကို ဖွဲ့ပြီး Committee မှတဆင့် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးဖို့ စတင်နေပါပြီ။ တိုက်ပွဲကြောင့် လူမှုဒုက္ခခံစားနေကြရတဲ့ ဒေသခံ ချင်းပြည်သူများအတွက် လိုအပ်တဲ့ လူမှုကူညီထောက်ပံ့မှုနဲ့ ပြန်လည်နေရာချထားနိုင်ရေးတွေကို ချင်းပြည်နယ်အစိုးရ၊ ပြည်တွင်း/ပြည်ပရှိ ချင်းအမျိုးသားများ၊ အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ ဘာသာရေးအသင်းအဖွဲ့များအနေဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ ဆက်လက် တာဝန်ယူဆောင်ရွက်ပေးကြဖို့မေတ္တာရပ်ခံလိုပါတယ်။ 

မေး။    ။ ပလက်ဝမြို့နယ်အတွင်းမှာ စားနပ်ရိက္ခာသယ်ယူရေးပတ်သက်ပြီး တပ်မတော်က တားဆီးပိတ်ပင်တာတွေရှိတယ်။ နောက်တစ်ခုက လုံခြုံရေးစိုးရိမ်ရတဲ့အခြေအနေကြောင့်ဆိုပြီး စားနပ်ရိက္ခာမသယ်နိုင်ကြဘူး၊ တပ်မတော်ကိုလည်း ကြောက်ရတယ်၊ AA ကိုလည်း ကြောက်နေကြတဲ့ အခြေအနေဖြစ်နေပါတယ်၊ ဒီကိစ္စအပေါ် CNF အနေနဲ့ ပြည်သူလူထုရဲ့အခက်အခဲကို ဘယ်လိုမျိူး ကူညီဖြေရှင်းပေးနိုင်မလဲ။ 

ဖြေ။       ။ ဟုတ်ကဲ့၊ မိမိတို့အနေနဲ့ စစ်ဘေးရှောင်ပြည်သူတွေထံ လူမှုအကူအညီများ လုံလုံခြုံခြုံရောက်ရှိနိုင်အောင် ဆောင်ရွက်သွားမယ်။ ခုချိန်မှာ ငါတို့အစိုးရိမ်ဆုံးကတော့ စုပြုံနေတဲ့ စစ်ဘေးရှောင်တွေအကြား Covid – 19 ကူးစက်မှာကိုပဲ။ ဒီတော့ တပ်မတော်ဖြစ်ဖြစ်၊ AA ဖြစ်ဖြစ် မိမိစစ်ရေးလုံခြုံဖို့ထက် ဒေသခံပြည်သူရဲ့ လူမှုဒုက္ခကို အလေးထားဖို့ ပြောချင်တယ်။

မေး။    ။ တပ်မတော်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တဲ့အချိန်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ခတ်စိတ်စိတ်ပြုလုပ်လာတဲ့အပေါ် CNF ရဲ့ သဘောထားက ဘယ်လိုရှိလဲ။

ဖြေ။       ။ မလုပ်သင့်ဘူး၊ လုပ်ချင်းလုပ်ယင် အရပ်ဖက်ပြည်သူတွေ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် လုပ်သင့်တယ်။ ပြီးတော့ Geneva Convention အရ ပြည်သူတွေကိုလည်း လူသားဒိုင်းအဖြစ် အသုံးမချသင့်ဘူး။

မေး။    ။ နိုင်ငံတော်အစိုးရမှ AA ကို အကြမ်းဖက်အဖွဲ့၊ မတရားအသင်းအဖွဲ့လို့ ကြေညာလိုက်တဲ့အပေါ် CNF ရဲ့ သဘောထားကို သိချင်ပါတယ်။ 

ဖြေ။       ။ နိုင်ငံတော်အစိုးရရဲ့ အကြမ်းဖက်အဖွဲ့ဆိုင်ရာ၊ မတရားအသင်းဆိုင်ရာ သတ်မှတ်စံနဲ့ ဥပဒေကို ကျတော် သိပ်မသိဘူးခင်ဗျ၊ ဆရာတို့ သတင်းသမားတွေ ပိုသိမယ်နော်။

မေး။    ။ သတင်းမီဒီယာမှာ လုပ်ကိုင်နေကြတဲ့ အယ်ဒီတာချူပ် (၃) ဦးကို AA တပ်ဖွဲ့နဲ့ အင်တာဗျူးလုပ်တာကြောင့်ဆိုပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဖမ်းဆီးတဲ့အပေါ်မှာ CNF ရဲ့ သဘောထားသိချင်ပါတယ်။

ဖြေ။       ။ NLD အစိုးရလက်ထက်မှာ မတရားအသင်းဆက်သွယ်မှု၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ငြိတယ်ဆိုပြီး သတင်းသမားတွေဖမ်းဆီးတာ၊ တရားစွဲတာတွေ များနေသလိုပဲ။ ပြောနိုင်တာကတော့ ဒီအစိုးရလက်ထက်မှာ မီဒီယာလွတ်လပ်ခွင့် ပိုမိုအားနည်းလာတယ်ဆိုတာပါပဲ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကွယ်ရေး အင်အားတိုးမြှင့်ဆောင်ရွက်နေဟု MRO/ CDF – မတူပီ ဆို

မင်းတပ်-ပအဖ က သစ်တောမူဝါဒ (မူကြမ်း) ကို ရေးဆွဲနေပြီး ပြည်သူများ အကြံပြုနိုင်

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တစ်လကျော်ကြာ ပြိုကျပျက်စီးနေသော ကျေးရွာချင်းဆက်လမ်းများကို PDF- Zoland ပြုပြင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.