ချင်းလူမျိုးများ၏ နေ့ထူးနေ့မြတ်တစ်ရက်ဖြစ်သည့် ဖေဖော်ဝါရီလ (၂၀) ရက် ချင်းအမျိုးသားနေ့ကို နိုင်ငံတော်အဆင့် တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ရန် ပြည်ထောင်စုအစိုးရမှ ခွင့်မပြုသေးကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ထံ မှသိရသည်။ ချင်းအမျိုးသားနေ့ကို…
Browsing: Headline
ချင်းပြည်နယ် တီးတိန်မြို့နယ် စကောလမ်းရပ်ကွက်ရှိ အမှတ် (၂၆၉) ခြေလျင်တပ်ရင်းမှ သိမ်းထားသော မြေဧက (၄၀) ကို မူလမြေကွက်ပိုင်ရှင်များထံ ပြန်လွှဲပေးမည်ဟု မြို့နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ…
နယူးဒေလီရောက် ချင်းဒုက္ခသည်များဆိုင်ရာအဖွဲ့အစည်းများမှ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၏ ထုတ်ပြန်ချက်ကို သြဂုတ်လ ၂၀ ရက်နေ့တွင် ကန့်ကွက်ဆန္ဒပြဖို့ ရည်ရွယ်ထားသော်လည်း UN ၏…
မလေးရှားနှင့်အိန္ဒိယနိုင်ငံရှိချင်းဒုက္ခသည်များနှင့်ပတ်သက်၍ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) ၏ဆုံးဖြတ်ချက်ကြောင့်စိုးရိမ်ပြီးမြန်မာနိုင်ငံသို့ပြန်လာသည့်ချင်းဒုက္ခသည်၂ဦးသည်ပြီးခဲ့သည့်ဇွန်လဆန်းပိုင်းကဖမ်းဆီးတရားစွဲဆိုခံနေရကြောင်းသိရသည်။ ချင်းပြည်နယ်ဟားခါးမြို့တွင်နေထိုင်သူအသက်(၂၈)နှစ်အရွယ်ဆလိုင်းဗန်ကျဲအိုထောင်းနှင့်မင်းတပ်မြို့နေမိုင်အွမ်လှူးတို့သည်ပြီးခဲ့သည့်ဇွန်လ၁၀ရက်နေ့ကမလေးရှားမြို့မှပြန်လာသည့်အချိန်တွင်ရန်ကုန်လေဆိပ်၌လ၀ကအက်ဥပဒေပုဒ်ဖြင့်ဖမ်းဆီးအရေးယူခံရခြင်းဖြစ်သည်ဟုဆလိုင်းဗန်ကျဲအိုထောင်း၏ဖခင်ကပြောသည်။
မြန်မာ့တပ်မတော်နှင့်ရက္ခိုင့်တပ်မတော်တို့အကြားတိုက်ပွဲကြောင့်ချင်းပြည်နယ်ပလက်ဝမြို့နယ်မှမီဇိုရမ်ပြည်နယ်လောင်တလိုင်မြို့နယ်Hmawngbuchhuah ကျေးရွာတွင်ထွက်ပြေးနေထိုင်ကြသောစစ်ဘေးဒုက္ခသည်များအကြားလတ်တလောငှက်ဖျားနှင့်ဝမ်းလျော၊၊ဗိုက်နာရောဂါဖြစ်ပွားမှုများပြားကြောင်းသိရသည်။
ရခိုင်ပြည်နယ်အမ်းမြို့နယ်ပဒေကြောကျေးရွာတွင်ခရစ်ယာန်သာသနာပြုဓမ္မဆရာမနှစ်ဦးအားဇူလိုင်၈ရက်တနင်္ဂနွေနေ့နေ့လည်ကရွာသူရွာသားများကရိုက်နှက်ပြီးမောင်းထုတ်ခဲ့ကြောင်းသိရသည်။ ပဒေကြောကျေးရွာတွင်ခရစ်ယာန်ဓမ္မကျောင်းဆရာမနှစ်ဦးသည်ကျောင်းမနေနိုင်သေးတဲ့ကလေးတွေကိုမူကြိုကျောင်းဖွင့်ပြီးစာသင်ပေးရန်အတွက်ဖွင့်ပွဲပြုလုပ်ရန်အစီအစဉ်ပြုလုပ်ကာဗုဒ္ဓဘာသာဝင်များကအလိုမရှိခြင်းကြောင့်အခုလိုရိုက်နှက်ခံရခြင်းဖြစ်သည်ဟုရိုက်နှက်ခံရသောဆရာမမာမာဝင်းကပြောသည်။
မလေးရှားနှင့်အိန္ဒိယနိုင်ငံတို့တွင်ရောက်ရှိနေကြသည့်ချင်းလူမျိုးများကိုဒုက္ခသည်အဖြစ်ခိုလုံခွင့်ပြုတော့မည်မဟုတ်ကြောင်းကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးUNHCR ထုတ်ပြန်ချက်ကိုလက်မခံနိုင်သည့်အနေဖြင့်အိန္ဒိယနိုင်ငံနယူးဒေလီရောက်ဒုက္ခသည်များဆိုင်ရာအဖွဲ့အစည်းများမှကန့်ကွက်ဆန္ဒပြကြမည်ဟုသိရသည်။
ရွေးကောက်ပွဲများကျင်းပပြုလုပ်ရာတွင်ပြည်နယ်/ တိုင်းဒေသကြီးအဆင့်ရွေးကောက်ပွဲများကိုအမျိုးသားလွှတ်တော်၊ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲများနှင့်တပြိုင်းတည်းမကျင်းပဘဲသီးခြားကျင်းပပေးသင့်သည်ဟုချင်းအမျိုးသားဒီမိုကရက်တစ်(CNDP) ပါတီကပြောဆိုလိုက်သည်။ ပြည်ထောင်စုအဆင့်ရွေးကောက်ပွဲများဖြစ်ကြသောအမျိုးသားလွှတ်တော်၊ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲများနှင့်ပြည်နယ်(သို့မဟုတ်)တိုင်းဒေသကြီးအဆင့်ရွေးကောက်ပွဲများကိုတစ်ပြိုင်တည်းကျင်းပပြုလုပ်ခြင်းကြောင့်လူတစ်ဦးလျင်မဲပြား(၃) ခု(၄)ခုပေးနေရသည့်အတွက်ခက်ခဲရှုပ်ထွေးမှုကြုံတွေ့ရသည်ဟုCNDP ပါတီအထွေထွေအတွင်းရေးမှူးဆလိုင်းကျဲအိုဘိခ်ထောင်ကပြောသည်။ “မဲဆန္ဒရှင်ပြည်သူတွေ(အထူးသဖြင့်နယ်စပ်ဒေသမှာရှိသောတိုင်းရင်းသားများ) အထွေထွေရွေးကောက်ပွဲနေ့မှာလူတစ်ဦးကမတူညီတဲ့လွှတ်တော်တွေအတွက်မဲပြား(၃)ခု(၄)ခုတစ်ပြိုင်းတည်းပေးရတဲ့အခါမှာအခက်အခဲ၊ရှုပ်ထွေးမှုဖြစ်စေတယ်’’ ဟု၎င်းကပြောသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်ရွေးကောက်ပွဲများကိုသီးခြားကျင်းပပေးပါကမဲဆန္ဒရှင်ပြည်သူများအတွက်မဲပေးရာတွင်ပိုမိုရှင်းလင်းလွယ်ကူသွားမည့်အပြင်ဖက်ဒရယ်စနစ်ကိုဖြည့်စီးပေးရာလည်းရောက်သည်ဟုသူကဆက်ပြောသည်။ ဆလိုင်းကျဲအိုဘိခ်ထောင်က“မဲပေးစနစ်နဲ့သိပ်မရင်းနှီးသေးတဲ့တိုင်းရင်းသားဒေသခံပြည်သူတွေအတွက်မဲပေးမှုဆိုင်ရာပိုပြီးရှင်းလင်းလွယ်ကူမယ်။ဘယ်မဲကိုဘာအတွက်ပေးသလဲ၊ဘယ်မှာသွားသလဲဆိုတာသူတို့ပိုပြီးသိမြင်လာလိမ့်မယ်။အခုကဗဟိုရောပြည်နယ်ရော၊တိုင်းရင်းသားရေးရာရောအကုန်လုံးကိုတစ်ခါတည်းပေးခိုင်းတော့တော်တော်ရောထွေးကုန်တာ။ပြီးတော့ဗဟိုနဲ့ပြည်နယ်အစိုးရဆိုတာဖက်ဒရယ်ရဲ့သဘောသဘာဝအရသီးခြားဖြစ်တဲ့အတွက်ရွေးကောက်ပွဲလည်းသီးခြားကျင်းပရတယ်။အမေရိကန်၊အိန္ဒိယကိုကြည့်ပါ။ဒါကြောင့်တစ်နည်းအားဖြင့်တိုင်းပြည်ရဲ့ရွေကောက်ပွဲစနစ်ကဖက်ဒရယ်နိုင်ငံများနဲ့အလားသသဏ္ဍန်ပိုပြီးတော့တူသွားမယ်’’ ဟုပြောသည်။ ယင်းအတွက်အခြေခံဥပဒေပြင်ဆင်ရန်မလိုဘဲရွေးကောက်ပွဲဥပဒေများပြင်ဆင်ခြင်းဖြင့်လက်ရှိအနိုင်ရအစိုးရမှလွတ်လွတ်ကျွတ်ကျွတ်လုပ်ဆောင်နိုင်သည့်ကိစ္စဖြစ်သည့်အတွက်ကြောင့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကအလေးအနက်စဉ်းစားသင့်သည်ဟုCNDP ကထောက်ပြထားသည်။ “အဲလိုရွေးကောက်ပွဲစနစ်ပြင်ဖို့အတွက်အခြေခံဥပဒေပြင်စရာမလိုဘူး၊တစ်နည်းအားဖြင့်NLD…
အိန္ဒိယနိုင်ငံမဏိပူရ်ပြည်နယ်နှင့်မြန်မာနိုင်ငံပိုင်းခြားထားသည့်နယ်နိမိတ်ကျောက်တိုင်စိုက်ထူသည့်နေရာကိုအမြန်ဆုံးဖြေရှင်းသွားရန်နှင့်အိန္ဒိယအနေဖြင့်မိမိပိုင်နက်နယ်နိမိတ်ကိုတစ်လက်မတောင်အပဲ့ခံမည်မဟုတ်ကြောင်းအိန္ဒိယနိုင်ငံပြည်ထဲရေးဝန်ကြီးKiren Rijiju ကပြောသည်။ ပြည်ထဲရေးဝန်ကြီးKiren Rijiju ကနှစ်နိုင်ငံနယ်စပ်နယ်နိမိတ်ပြဿနာကိုStakeholder များနဲ့ဆွေးနွေးပြီးနောက်ဆက်လက်ဖြေရှင်းသွားမည်ဟုပြောဆိုခဲ့ကြောင်းမီဇိုရမ်ဒေသထုတ်သတင်းစာVanglainiတွင်ဖော်ပြသည်။ မြေတိုင်းဌာနဦးစီးအရာရှိA. Tombiakanta သည်နယ်နိမိတ်ကျောက်တိုင်စိုက်ထူသည့်နေရာများကိုကွင်းဆင်းလေ့လာမှုပြုလုပ်ခဲ့ပြီးနောက်နှစ်နိုင်ငံနယ်နိမိတ်ကျောက်တိုင်အမှတ်(၈၁) သည်အိန္ဒိယ-မြန်မာနယ်စပ်Kwatha Khunou ကျေးရွာ(မဏိပူရ်ပြည်နယ်ဘက်) ၃ကီလိုမီတာအကွာအိန္ဒိယမြေပိုင်နက်ဘက်သို့စိုက်ထူထားသည်ဟုပြောဆိုခဲ့သည်။ အဆိုပါနယ်နိမိတ်ကျောက်တိုင်အမှတ်(၈၁)…
ချင်းပြည်နယ်နတလမှ တင်ဒါခေါ်ယူမှုသည် ဟန်ပြမျှသာ ခိုနူမ်းသုန် မေလ ၁၉၊ ၂၀၁၈။ ချင်းပြည်နယ် နယ်စပ်ဒေသ၊ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးအစီအစဉ် (နတလ) မှ တင်ဒါခေါ်ယူသည့်အမှတ်စဉ် (၈)…
