Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကန်ပက်လက်ကို စစ်ကောင်စီက လေကြောင်းအပြင်းအထန်တိုက်ခိုက် ၃ နှစ်အရွယ်ကလေးအပါအဝင် ဒေသခံ ၂ ဦး သေဆုံး၊ ၆ လအရွယ်အပါအဝင် ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိ

ကန်ပက်လက်ကို စစ်ကောင်စီက လေကြောင်းအပြင်းအထန်တိုက်ခိုက် ၃ နှစ်အရွယ်ကလေးအပါအဝင် ဒေသခံ ၂ ဦး သေဆုံး၊ ၆ လအရွယ်အပါအဝင် ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိ

0
By Editor on August 14, 2024 Headline

(006SV)

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ထဲရှိ ဆတ်ချောက်ကျေးရွာကို ယမန်နေ့က စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ၃ နှစ်အရွယ်ကလေးငယ်အပါအဝင် ပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ၆လသားကလေးငယ် အပါ အဝင် ဒေသခံပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာများ အပြင်းအထန်ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

“သေဆုံးတဲ့ လူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိတဲ့ လူတွေ အားလုံးဟာ ဒေသခံပြည်သူတွေပဲ။ တိုက်ပွဲလည်း မရှိပါဘူး။ သူတို့က ပစ်ချင်လို့ကို ပစ်သွားတာပါ။ ထိခိုက်သေဆုံးမှုတွေထဲမှာ ကလေးငယ်တွေလည်း ပါဝင်နေပါတယ်။ ပေါင် ၅၀၀ ဗုံးတွေနဲ့ပါ ကြဲချသွားတာပါ” ဟု ဒေသခံပြည်သူတစ်ဦးက ပြောသည်။

ဩဂုတ်လ ၁၃ ရက် နေ့လည် ၁ နာရီ ၄၈ မိနစ်ခန့်တွင် ကန်ပက်လက်မြို့နယ်၊ ဒါးရင်ဒူးဒေသအုပ်ချုပ်မှု နယ်မြေရှိ၊ ဆတ်ချောက်အုပ်စု၊ ဆတ်ချောက်ကျေးရွာရှိ စာသင်ကျောင်ကို ပစ်မှတ်ထားပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက် မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အသက် ၃ နှစ်အရွယ် မောင်ထန်းမနားနှင့် အသက် ၄၂ နှစ်အရွယ် ဒေါ်လိုင်းလှေ့တို့သည် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ပွဲချင်းပြီ သေဆုံးသွားခဲ့ရကြောင်း ဒေသခံများက ပြောသည်။

၆ လသားအရွယ်မိန်းကလေးငယ် ၁ ဦး၊ အသက် ၁၂ နှစ်အရွယ် ကျား ၁ ဦး၊ အသက် ၅၂ အရွယ် ကျား ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၄ ဦးမှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

စာသင်ကျောင်း ၁ ကျောင်းနှင့် လူနေအိမ် ၄ လုံးတို့မှာ လုံးဝ ထိခိုက်ပျက်စီးသွားကြပြီး လူနေအိမ် ၂ လုံးမှာ တစ်စိတ်တစ်ပိုင်း ပျက်စီးသွားကြောင်း သိရသည်။

ဆတ်ချောက်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူများကို ပေါင် ၅၀၀ ဗုံး ၂ လုံးအပါအဝင် ဗုံး ၆ လုံးခန့်ဖြင့် အရပ်သားပြည်သူများကို ဦးတည်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်လာမှာကို စိုးရိမ်နေကြသည့်အတွက် ဆတ်ချောက်ကျေးရွာ ဒေသခံအားလုံးသည် တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

ကလေးမြို့မှာ စစ်မှုထမ်းရန် လူငယ်များဖမ်းဆီးမှု ဆက်လက်ရှိနေ

ဟားခါးမြို့နယ် လေကြောင်းဗုံးကြဲခံရမှုတွင် ပြင်းထန်ဒဏ်ရာရရှိသည့် ဖခင်ဖြစ်သူပါ ထပ်မံသေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.