ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ခွဲလုံသာကျေးရွာတွင် သြဂုတ်လ ၈ ရက်နေ့ ည ၁၂ နာရီ ဝန်းကျင်ကစပြီး လူနေအိမ်တလုံး မီးလောင်မှုဖြစ်ပွားခြင်းကြောင့် အသက် ၇၈ အရွယ် အဘိုးအိုနှင့် မြေး ၂ယောက် သေးဆုံးသွားသည်ဟု သိရသည်။
“ မီးလောင်တာက မနေ့ညက ၁၂နာရီလောက်ကနေစလောင်တယ်လို့ ခန့်မှန်းကြတယ်၊ ရွာကလူ တွေက ၂ နာရီလောက်မှာပဲသိရတော့ အိမ်တခုလုံး မီးကျွမ်းပြီိး။ အဲ့အိမ်မှာက အဖိုးရယ် မြေး ၂ယောက်ရယ် ၃ယောက်ပဲနေတာ မီးလောင်တဲ့ထဲမှာပဲ ၃ယောက်စလုံး သေဆုံးသွားကြတယ်၊ ကလေးရဲ့ မိဘတွေက ဥယျာဉ်သွားကြတာလို့ သိရတယ်၊ အဲ့အိမ်ကလည်း ရွာထိပ်မှာပဲ သီးသန့် လေးဖြစ်တယ်၊ ဆိုလာ ဘက်ထရီကနေပြီး ရှော့ခ်ဖြစ်ပြီးလောင်တာလို့ပြောကြတယ်” ဟု ကန်ပလက်မြို့နယ် ကြက်ခြေနီအသင်းက အဖွဲ့ဝင်တစ်ဦးက ပြောသည်။
မီးလောင်မှုကြောင့် သေဆုံးသူများမှာ အသက် ၇၈ နှစ်အရွယ် အဖိုးအိုနှင့် မြေး ၂ ယောက်ဖြစ်သည့် ၁၂ နှစ်အရွယ် မိန်းကလေး နှင့် ၉ နှစ်အရွယ် မိန်းကလေးတို့ဖြစ်ကြသည်ဟု သိရသည်။
ခွဲလုံသာကျေးရွာသည် ကန်ပက်လက်မြို့နှင့် မိုင် ၃၀ ကျော်ဝန်းကျင် ခန့်ကွာဝေးပြီး ၎င်းမီးဘေးသင့် မိသားစုဝင်အတွက် ကန်ပလက်မြို့နယ် ကြက်ခြေနီအသင်းက ကူညီထောက်ပံ့မှုများလည်း ရှိသည်ဟု သိရသည်။