• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ကရင်နှင့် ကယားမှာ နိုင်ငံခြားသားမျက်နှာဖြူ ကြေးစားစစ်သားတွေက ဝင်တိုက်ကူဆိုတဲ့သတင်းအမှား

ကရင်နှင့် ကယားမှာ နိုင်ငံခြားသားမျက်နှာဖြူ ကြေးစားစစ်သားတွေက ဝင်တိုက်ကူဆိုတဲ့သတင်းအမှား

0
By Editor on June 21, 2022 Khonumthung

ဒီသတင်းအမှားကို ဇွန်လ ၁၈ ရက်နေ့က Shwekayan Shwrkayan (ရွှေကယန်း-ရွှေကယန်း) အကောင့်မှာ တင်ထားတာဖြစ်ပြီး “ကရင်ပြည်နယ်၊ ကယားပြည်နယ်တွေမှာ ထိုင်းနိုင်ငံ အလွယ်တကူခရီးသွားဟန်ပုံစံနဲ့ တဆင့်ဝင်ရောက်လာတဲ့ နိုင်ငံခြားသားမျက်နှာဖြူ ကြေးစားစစ်သားတွေကို NUGမှ Bonds ရောင်းရငွေ ၁၀ သန်းမှ (စင်္ကာပူတွင်ရုံးခွဲများအခြေစိုက် နာမည်ဖော်ပြခွင့်မရှိ) ဆီးရီးယား၊ အီရတ်တို့မှာ ကြေးစားပုဂ္ဂလိက အရင်းရှင်စစ်တပ် အငြိမ်းစားများကို တစ်ဦးလျှင် ဒေါ်လာ ၃ သိန်း (၃၀၀,၀၀၀) မှ ဒေါ်လာ ၅ သိန်း (၅၀၀,၀၀၀) အထိ (အာမခံကြေး) အပါ ခေါ်ယူကာ သင်တန်းများပေးခြင်း စစ်ကူတိုက်ပေးခြင်းများ ပြုလုပ်နေပါတယ်” ဆိုပြီး ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် စင်္ကာပူရောက် မြန်မာပြည်ဖွား စင်္ကာပူနိုင်ငံသားများမှခေါ်ပေးကာ ထိုင်းရောက်မြန်မာများမှ အထက်ပါနိုင်ငံသားများကို နေစရာထိုင်စရာပေးနေတယ်၊ မိမိစုံစမ်းထားသမျှ The Expendables အဖွဲ့မှ ကြေးစားစစ်သားများ၊ MI 6 မှ Pierce Brosnan (ငြိမ်း) မှ တာဝန်ယူပေးခြင်း၊ ကြေးစားလူသတ်သမား Keanu Reeves (John Wick နာမည်ဝှက်)၊ Free Burma Ranger မှ အဖွဲ့ဝင်များ၊ CIA များ၊ MI Series များ၊ Non NGO များ၊ Volunteer များ ပါဝင်တယ်လို့ သိရပါတယ်” လို့ ရေးသားဖော်ပြထားပါတယ်။

Shwekayan Shwrkayan (ရွှေကယန်း-ရွှေကယန်း) အကောင့်မှာ ရေသားဖော်ပြထားသလို ကရင်ပြည်နယ်၊ ကယားပြည်နယ်တွေမှာ နိုင်ငံခြားသားကြေးစားများက စစ်ကူတိုက်ပေးနေတယ်လို့ ဖော်ပြထားတဲ့ဓာတ်ပုံများကိုလည်း image Search နဲ့ ရှာဖွေကြည့်တဲ့အခါ Hollywood ရုပ်ရှင်ဇာတ်ကား The Expendables နဲ့ Rambo ရုပ်ရှင်ဇာတ်ကားမှ ဓာတ်ပုံဖြစ်ပါတယ်။

ကရင်ပြည်နယ်၊ ကယားပြည်နယ်တွေမှာ တိုက်ပွဲနဲ့ပတ်သက်ပြီး သတင်းဌာနကြီးတွေမှာရှာဖွေတဲ့အခါ နိုင်ငံခြားသားများ ကူညီပြီးတိုက်ပေးတယ်ဆိုတဲ့သတင်းမျိုး မတွေ့ရပါဘူး။

ဇွန် ၁၈ ရက်နေ့ MizzimaDaily သတင်းမှာလည်း “ပဲခူးတိုင်း၊ KNU တပ်မဟာ (၃) နယ်မြေ ၊ကျောက်ကြီးမြို့နယ်ရှိ ကျောက်စရစ်ရွာမှ စစ်ကောင်စီတပ်စခန်းကို ယမန်နေ့ ဇွန်လ ၁၇ ရက် နံနက် ၅ နာရီအချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းအဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံထံက သိရသည်။” လို့ ဖော်ပြထားတာဖြစ်ပါတယ်။

Link>>> https://www.facebook.com/MizzimaDaily/videos/517261183480303/

သတင်းဌာနကြီးတွေမှာဖော်ပြချက်များအရ ကရင်ပြည်နယ်၊ ကယားပြည်နယ်တွေမှာ KNU/KNLA/ KPDF ပူးပေါင်းတပ်ဖွဲ့များသာ စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်နေကြတာဖြစ်ပါတယ်။ နိုင်ငံခြားသား ကြေးစားစစ်သားတွေ ၀င်တိုက်ကူတာမျိုးမရှိခဲ့ပါဘူး။

ဒါကြောင့် Shwekayan Shwrkayan (ရွှေကယန်း-ရွှေကယန်း) အကောင့်မှာ ရေးသားဖော်ပြထားတဲ့ အကြောင်းအရာများဟာ သတင်းအမှားတစ်ပုဒ်သာဖြစ်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇန်မြို့နယ်၊ ဒါးရ်ခိုင်ရွာဟောင်းတွင် ဘုရားကျောင်းအပါအဝင် လူနေအိမ် ၇ လုံး လောင်ကျွမ်းပြာကျ

ဇိုးတုန်နယ်တွင် တိုက်ပွဲဖြစ်ပွား စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံး

ထန်တလန်မြို့တွင် စစ်ကောင်စီတပ်သား ၆ ဦးကို ချင်းကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီး

Leave A Reply Cancel Reply

  • Featured Article
February 7, 2023

“ရွေးကောက်ပွဲရှိတာဟာ အခြေခံဥပဒေအရ အာဏာပြန်လွဲပြောင်းဖို့ လမ်းဖြစ်တယ်”

January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.