(002MG)
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကျောင်းတိုက်အုပ်စု၊ Khawpuichhip (သင်္ဘောပြင်ကွင်း) ကျေးရွာက အသက် (၂၇) နှစ်အရွယ် Biakmuana (မောင်ဗျက်မွန်နာ) ကို ယမန်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်ခဲ့သည်ဟု သိရသည်။
ကလေးမြို့မြောက်ဘက် Khawpuichhit နှင့် ပျဉ်းခုံလေးကျေးရွာကြားတွင် ယမန်နေ့ ဇန်န၀◌ါရီလ ၂၄ ရက် မွန်းလွဲပိုင်းတွင် ပြည်သူ့ကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်ရန် ရွာထဲသို့ ပစ္စည်း၀င်ယူချိန်တွင် မောင်ဗျက်မွန်နာကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးပြီးသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းနှင့်နီးစပ်သူတစ်ဦးကပြောသည်။
“အိတ်စွတ်ဖက်နားထိရောက်ပြီ စစ်ဘေးရှောင်ဖို့ ဒါပေမယ့် အိမ်ကပစ္စည်းတွေ သွားသိမ်းမယ်ဆိုပြီး ပြန်လှည့်တာ ဟိုမှာ စစ်သားတွေနဲ့တိုးပြီး အသတ်ခံရတာ၊ အလောင်းကို လူတွေမသိအောင် စောင်နဲ့ရစ်ပတ်ပြီး ထားခဲ့တာ။ လည်ပင်းမှာလည်း သေနတ်နဲ့ပစ်တာလား၊ ဓားနဲ့ထိုးတာလား ဒဏ်ရာလည်းရှိတယ် မနေ့ည (၈) နာရီမှာ သဂြိုလ်လိုက်တယ်” ဟုပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့များက Khawpuichhip ကျေးရွာ စင်တာတခုက အရပ်သားအမျိုးသား (၃) ဦးနှင့် အနီးအနားက အမျိုးသား (၂) ဦး စုစုပေါင်း (၅) ဦးကိုလည်း ဖမ်းဆီးခဲ့ပြီး ကလေးမြို့ ဒ.က.စ ထဲကို ဖမ်းဆီးခေါ်ဆောင်ကာ ယနေ့ မွန်းလွဲပိုင်းတွင် (၅) ဦးစလုံး ပြန်လည်လွတ်ပေးခဲ့သည်ဟု သိရသည်။
“(၅) ဦးစလုံး ပြန်လွတ်ပေးတယ်၊လူမူရေးအရ လဘ္ကရည်ဖိုးလောက်တော့ ပေးတာတော့ရှိတယ်၊ ရိုက်နက်တာတော့ မရှိဘူး၊ သူတို့ဖုန်းတော့ ပြန်မရဘူး” ဟု ၎င်းတို့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
ကျောင်းတိုက်အုပ်စု၊ Khawpuichhip ရွာသည် တာဟန်းနှင့် (၂) မိုင်နီးပါးကွာဝေးပြီး လက်ရှိတွင် ပြည်သူများသည် အိတ်စွတ်ကျေးရွာနှင့် တာဟန်းဖက်တို့တွင် စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။
ပုံစာ – စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သည့် မောင်ဗျက်မွန်နာ