Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»က‌လေးမြို့ လေယာဉ်ကွင်းပြေးလမ်း ပြုပြင်ထိန်းသိမ်းရေးပြုလုပ်မည်

က‌လေးမြို့ လေယာဉ်ကွင်းပြေးလမ်း ပြုပြင်ထိန်းသိမ်းရေးပြုလုပ်မည်

0
By Editor on October 20, 2023 Khonumthung

(004SS)

စစ်ကိုင်းတိုင်း၊ ကလေးမြို့ လေယာဉ်ကွင်း ပြေးလမ်းအား  လာမည့် ဒီဇင်ဘာလအတွင်း ပြုပြင်ထိန်းသိမ်းရေး လုပ်ဆောင်မည်ဟု  ‌ဒေသခံ လေယာဉ်လက်မှတ်အရောင်း ကိုယ်စားလှယ်များထံမှ သိရသည်။

ထိုသို့ လေယာဉ်ပြေးလမ်း ပြုပြင်ထိန်းသိမ်းရေး ပြုလုပ်စဉ်တွင် လေယာဉ်ခရီးစဉ်အား ရပ်တန့်သွားသွားမည်မဟုတ်ဘဲ  အပါတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပသေးနေ့ မနက်ပိုင်းတွင်သာ လေယာဉ်ခရီးစဉ်များ ဆက်လက်ပြေး ဆွဲ‌ ေတာ့မည်ဟု ကလေးမြို့ လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ် အမျိုးသားတစ်ဦးက ပြောသည်။

ကလေးမြို့တွင် ယခုနှစ်အစောပိုင်းက မြန်မာ့အမျိုးသားလေကြောင်းလိုင်း (MNA) ၊ Air KBZ ၊ Air ThanLwin စသည့် လေကြောင်းလိုင်းများ ပုံမှန်ပြေးဆွဲခဲ့ပြီး လက်ရှိတွင် မြန်မာ့အမျိုးသားလေကြောင်းလိုင်း တစ်ခုတည်းသာ တစ်ပါတ် ၄ ရက် ပြေးဆွဲကာ ကျန်လေကြောင်းလိုင်းများ ရပ်နားထားကြောင်း သိရသည်။

အောက်တိုဘာလ ၁၆ ရက်နေ့မှစ၍ ကလေး- ရန်ကုန်လေယာဉ်လက်မှတ်စျေးနှုန်းဟာ ၂၉၀,၀၀၀ ကျပ်မှ ၃၂၀,၀၀၀ ကျပ်နှင့် ရန်ကုန်- ကလေးစျေးနှုန်း ၂၂၇,၀၀၀ ကျပ်မှ  ၂၅၅,၀၀၀ ကျပ်အထိ မြင့်တက်ခဲ့သော်လည်း ခရီးသွားပြည်သူများပြား ကာ ‌လေယာဉ်လက်မှတ် ဝယ်ယူရန်ပင် ခက်ခဲကြောင်း သိရသည်။

ထို့အပြင် လာမည့် ဇန်နဝါရီလအထိ  လေယာဉ်လက်မှတ်များ ကုန်ဆုံးသွားပြီဖြစ်ကာ နာမည်ပြောင်းဖြင့် ဝယ်ယူမည်ဆိုပါက မူလဈေးနှုန်းအပြင် သောင်းဂဏန်းမှ တစ်သိန်းအထိ ထပ်မံကုန်ကျကာ ဝယ်ယူနေကြကြောင်းလည်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ် တိုက်ပွဲတွင် စစ်ကော်မရှင်အဖွဲ့ဝင် (၄) ဦးသေဆုံး၊ အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါဝင် (၇) ဦး ဖမ်းဆီးရမိ

အမေရိကန်အခြေစိုက် BACI ၏ CEO နှင့် မလေးရှားရောက် ချင်းအဖွဲ့အစည်းဦးဆောင်သူများ ဒုက္ခသည်အရေးဆွေးနွေး

စစ်ဘေးရှောင်ချင်းအမျိုးသမီးတစ်ဦး ဆိုင်ကယ်တိုက်ခံရ၍ သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.