(004SS)
စစ်ကိုင်းတိုင်း၊ ကလေးမြို့ လေယာဉ်ကွင်း ပြေးလမ်းအား လာမည့် ဒီဇင်ဘာလအတွင်း ပြုပြင်ထိန်းသိမ်းရေး လုပ်ဆောင်မည်ဟု ဒေသခံ လေယာဉ်လက်မှတ်အရောင်း ကိုယ်စားလှယ်များထံမှ သိရသည်။
ထိုသို့ လေယာဉ်ပြေးလမ်း ပြုပြင်ထိန်းသိမ်းရေး ပြုလုပ်စဉ်တွင် လေယာဉ်ခရီးစဉ်အား ရပ်တန့်သွားသွားမည်မဟုတ်ဘဲ အပါတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပသေးနေ့ မနက်ပိုင်းတွင်သာ လေယာဉ်ခရီးစဉ်များ ဆက်လက်ပြေး ဆွဲ ေတာ့မည်ဟု ကလေးမြို့ လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ် အမျိုးသားတစ်ဦးက ပြောသည်။
ကလေးမြို့တွင် ယခုနှစ်အစောပိုင်းက မြန်မာ့အမျိုးသားလေကြောင်းလိုင်း (MNA) ၊ Air KBZ ၊ Air ThanLwin စသည့် လေကြောင်းလိုင်းများ ပုံမှန်ပြေးဆွဲခဲ့ပြီး လက်ရှိတွင် မြန်မာ့အမျိုးသားလေကြောင်းလိုင်း တစ်ခုတည်းသာ တစ်ပါတ် ၄ ရက် ပြေးဆွဲကာ ကျန်လေကြောင်းလိုင်းများ ရပ်နားထားကြောင်း သိရသည်။
အောက်တိုဘာလ ၁၆ ရက်နေ့မှစ၍ ကလေး- ရန်ကုန်လေယာဉ်လက်မှတ်စျေးနှုန်းဟာ ၂၉၀,၀၀၀ ကျပ်မှ ၃၂၀,၀၀၀ ကျပ်နှင့် ရန်ကုန်- ကလေးစျေးနှုန်း ၂၂၇,၀၀၀ ကျပ်မှ ၂၅၅,၀၀၀ ကျပ်အထိ မြင့်တက်ခဲ့သော်လည်း ခရီးသွားပြည်သူများပြား ကာ လေယာဉ်လက်မှတ် ဝယ်ယူရန်ပင် ခက်ခဲကြောင်း သိရသည်။
ထို့အပြင် လာမည့် ဇန်နဝါရီလအထိ လေယာဉ်လက်မှတ်များ ကုန်ဆုံးသွားပြီဖြစ်ကာ နာမည်ပြောင်းဖြင့် ဝယ်ယူမည်ဆိုပါက မူလဈေးနှုန်းအပြင် သောင်းဂဏန်းမှ တစ်သိန်းအထိ ထပ်မံကုန်ကျကာ ဝယ်ယူနေကြကြောင်းလည်း သိရသည်။