• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ကလေးလေဆိပ်ကို မနက်ဖြန်ကစ၍ ရက်အကန့်အသတ်မရှိပိတ်

ကလေးလေဆိပ်ကို မနက်ဖြန်ကစ၍ ရက်အကန့်အသတ်မရှိပိတ်

0
By Editor on December 6, 2021 Khonumthung

စစ်ကိုင်းတိုင်း၊ ကလေးမြို့လေဆိပ်ကို မနက်ဖြန်ဒီဇင်ဘာလ ၆ ရက်နေ့ကစ၍ လေယာဉ်ပြေးဆွဲမှု အဝင်/အထွက်အားလုံး ရက်အကန့်အသတ်မရှိပိတ်လိုက်သည်ဟု သိရသည်။

“ကလေးလေဆိပ်ကိုပိတ်တာ အဝင်လည်းမရ အထွက်လည်းမရ ဘာကြောင့်ပိတ်လဲဆိုတာ ရုံးကနေလည်းမပြောနိုင်သေးဘူး၊ ဒီညနေ ၅ နာရီခွဲမှသတင်းသိရတယ်ဆိုတော့ ကျမတို ့လည်း မနက်ဖြန်ပြန်မယ့် ခရီးသည်တွေကို တချိန်လုံးဖုန်းခေါ်နေတာ” ဟု ကလေးမြို့မှ လေယာဉ်လက်မှတ်အရောင်းဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ကလေးမြို့လေဆိပ်ကို စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကိုဗစ်ကပ်ရောဂါကြောင့် ရက်ပေါင်းအတော်ကြာပိတ်ထားခဲ့ရာမှ ပြီးခဲ့သည့်အောက်တိုဘာလ ၂၇ ရက်နေ့ကမှ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ယခုရက်ပိုင်းအတွင်း ယောနယ်တဝိုက်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်ကာ ကလေး-ဂန့်ဂေါ ကားလမ်းများအသုံးပြုမရဖြစ်နေပြီး ကလေး-ကလေးဝ ယာကြီးကားလမ်းသည်လည်း အစစ်အဆေးတင်းကြပ်ကာ ကားခစျေးနှုန်းမြင့်တက်နေမှုများကြောင့် ခရီးသွားပြည်သူများသည် လေကြောင် းဖြင့် ပိုမိုသွားလာနေကြသည်။

ကလေးလေဆိပ်သည် ကလေး ကဘော်ဒေသနှင့် ချင်းပြည်နယ်မှ ပြည်သူများအတွက် ပြည်မဘက်ခရီးသွားရာတွင် အဓိကအသုံးပြုသည့်လေဆိပ်ဖြစ်သည်။

ကလေးမြို့သည် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား တိုက်ပွဲပြင်းထန်နေသည့် မြို့တစ်မြို့ဖြစ်ပြီး ယခုရက်ပိုင်းအတွင်း ကလေးတောင်ပိုင်းရှိ ကျေးရွာအတော်များများမှ လူနေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇန်မြို့နယ်၊ ဒါးရ်ခိုင်ရွာဟောင်းတွင် ဘုရားကျောင်းအပါအဝင် လူနေအိမ် ၇ လုံး လောင်ကျွမ်းပြာကျ

ဇိုးတုန်နယ်တွင် တိုက်ပွဲဖြစ်ပွား စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံး

ထန်တလန်မြို့တွင် စစ်ကောင်စီတပ်သား ၆ ဦးကို ချင်းကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီး

Leave A Reply Cancel Reply

  • Featured Article
February 7, 2023

“ရွေးကောက်ပွဲရှိတာဟာ အခြေခံဥပဒေအရ အာဏာပြန်လွဲပြောင်းဖို့ လမ်းဖြစ်တယ်”

January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.