• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ကလေး-ဂန့်ဂေါလမ်း မှန်တောဘက်တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွား

ကလေး-ဂန့်ဂေါလမ်း မှန်တောဘက်တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွား

0
By Editor on February 24, 2022 Khonumthung

ကလေးမြို့နယ်တောင်ပိုင်း ကလေး-ဂန့်ဂေါကားလမ်းမအပေါ်ရှိ မှန်တောကျေးရွာတွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က အနည်းဆုံး ၆ ယောက်ဒဏ်ရာရရှိပြီး သေဆုံး မှုလည်းရှိနိုင်သည်ဟု CDF – KKG က ထုတ်ပြန်သည်။

ကလေးမြို့နယ်တောင်ပိုင်း ကြံသာရွာနှင့် ဂန့်ဂေါမြို့နယ် ဟံသာဝတီရွာတို့၌တပ်စွဲထားသည့် စစ် ကောင်စီများနှင့် ပျူစောထီးများသည် အင်အား (၇၀) ခန့်ဖြင့် စစ်ကြောင်းနှစ်ကြောင်းခွဲကာ မှန် တောရွာဖက်သို့ထိုးစစ်ဆင်လာကြရာတွင် CDF – KKG၊ CDF – Thantlang၊ PDF – Kalay ၊ RKDF ၊ ပကဖ ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်များသည် ယခင်စစ်ကြောင်းထိုးရာ၌ အသုံးပြုနေကျ ပြည်ထောင်စုလမ်းမကြီး အတိုင်း မလာဘဲ တောလမ်းမှတဆင့် မှန်တောရွာအနောက်ဖက်မှ ရွာတွင်းသို့ဝင်ရောက်လာကာ ပူးပေါင်း တပ်ဖွဲ့များနှင့် (၂) နာရီကြာခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး CDF – KKG တပ်ဖွဲ့ဝင်များ ထောင်ထားသည့် တိုက်မိုင်းများတိုက်မိခြင်း ၊ ပူးပေါင်းအဖွဲ့မှ လက်နက်ကြီး/ငယ်များဖြင့်ပြန်လည်ပ စ်ခတ်မှုများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာသွားခဲ့သည်ဟု ၎င်းတို့ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဖက်မှ ထိခိုက်သေဆုံးမှုများကို အတည်မပြုနိုင်သေးသော်လည်း (၆) ဦးထက်မနည်း ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရနိုင်ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်ကျဆုံးမှုမရှိကြောင်း CDF-KKG ကထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၂၂ ရက်နေ့ကလည်း၊ ဂန့်ဂေါနှင့် ပျားရွာအကြားရှိ စစ်ကောင်စီတပ်ဖွဲ့တပ်စွဲရာ စက်ယန္တရားကုန်းကို CDF-KKG တပ်ရင်း (၅) မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ကလေးမြို့နယ် ရန်ကြီးအောင် ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင်ပင် သံဖိုကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ဒေသခံ ပြည်သူများ၏ နေအိမ်၊ ဆန်စက်၊ ဆိုင်ကယ် စသည်တို့ကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်ဟုလည်း သိရသည်။

CDF-KKG တပ်ရင်း (၃) ရဲဘော်များနှင့် ဒေသခံပြည်သူများ၏ ကြိုးစားငြိမ်းသတ်မှုကြောင့် ဆန်စက်မီးလောင်မှုကို ငြိမ်းသတ်နိုင်ခဲ့သော်လည်း နေအိမ် ၂ လုံးနှင့် ဆိုင်ကယ်တစ်စီး မီးလောင်ပြာကျခဲ့ရသည်ဟု CDF-KKG ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်မြို့နယ် တက်လွေး TeekLui ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ပြာကျ

မတူပီမြို့တွင် ၈ နှစ်ရွယ်ကလေးငယ်တစ်ဦး မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ပြင်းထန် ဒဏ်ရာရရှိ

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ ထိခိုက်ပျက်စီးမှုထပ်တိုးစာရင်း ICNCC က ထုတ်ပြန်၊ တပြည်နယ်လုံးမှာ အိမ်ခြေ ၃၀၀၀ နီးပါး ပျက်စီးမှုရှိ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.