• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ကလေး-ရိဒ် ကားလမ်းပိတ်မည်ဆိုသည့်ထုတ်ပြန်ချက် တရားမဝင်ကြောင်း CNF ပြော

ကလေး-ရိဒ် ကားလမ်းပိတ်မည်ဆိုသည့်ထုတ်ပြန်ချက် တရားမဝင်ကြောင်း CNF ပြော

0
By Editor on December 16, 2022 Khonumthung

ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိဒ်-ကလေးအကြား ပြေးဆွဲလျှက်ရှိသော ခရီးသည်တင်နှင့် ကုန်တင်ယာဉ်များ အဝင်/အထွက်အားလုံး ဒီဇင်ဘာလ ၁၈ ရက်နေ့ကစ၍ တားမြစ်ပိတ်ပင်ကြောင်း အွန်လိုင်းပေါ်ထွက်ပေါ်လာသည့် ကြေညာချက်သည် တရားမဝင်ကြောင်း ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်မြို့နှင့် စစ်ကိုင်းတိုင်းကလေးမြို့အကြား ပြေးဆွဲသောယာဉ်လိုင်းများ နယ်မြေလုံခြုံရေးလိုအပ်ချက်အရ အဝင်/အထွက်အားလုံး ဒီဇင်ဘာလ ၁၈ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့အထိ လုံးဝ (လုံးဝ) တားမြစ်ထားပြီး ၎င်းတားမြစ်ထားခြင်းအပေါ် ပြည်သူများနှင့် ကုန်သည်များ အလေးထားလိုက်နာဆောင်ရွက်ပေးကြရန် အထူးမေတ္တာရပ်ခံထုတ်ပြန်အပ်ပါသည်ဟုဆိုကာ CNF အမှတ်တံဆိတ်ဖြင့် ကြေညာချက်တစ်စောင် ဒီဇင်ဘာလ ၁၇ ရက်နေ့က အွန်လိုင်းပေါ်မှာ ပြန့်နှံံ့လာခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “ဗဟိုကနေ ဘာညွန်ကြားချက်မှမရှိတဲ့အတွက် ဒီစာက အကျူံးမဝင်ပါဘူး၊ အဲဒီအပေါ် မတွေဝေကြဖို့ကိုလည်း ပြည်သူလူထုကို မေတ္တာရပ်ခံလိုပါတယ်” ဟု ခိုနူမ်းသုန်ကိုပြောသည်။

ကလေး-ရိလမ်းကြောင်းသည် အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် အဓိကအရေးပါသည့် လမ်းကြောင်းတစ်ခုဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသော Mr. World Noble King 2023 ပြိုင်ပွဲတွင် ချင်းလူငယ်တစ်ဦးမှ ဆု ၂ ဆုဆွတ်ခူး

ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံရသော ချင်းပြည်နယ်က ဘာသာရေးဆရာတော်တစ်ပါးကို စစ်ကောင်စီက အမှုပိတ်သိမ်းပြီး ပြန်လွှတ်

တမူးမြို့ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.