မာဂရက် – စစ်ကိုင်းတိုင်း ကလေးမြို့နှင့် ချင်းပြည်နယ် ရိခေါဒါရ်မြို့ (အိန္ဒိယ-မြန်မာနယ်စပ် အမှတ် ၂ ကုန်သွယ်ရေးစခန်း) အကြား ပြေးဆွဲသည့် လိုင်းကားများအားလုံးသည် ပြီးခဲ့သည့်မတ်လ ၂၆ ရက်နေ့ကစ၍ ယာယီရပ်နားထားလိုက်ပြီဟု သိရသည်။
ကလေး- ရိ ကားဂိတ်မှူးတစ်ယောက်က “ ကျွန်တော်တို့က နားထားတယ်လောလောဆယ်တော့လေ တရားဝင် ပိတ်ခိုင်းတာ၊ ဘာညာမရှိပါဘူး၊ စနေနေ့ကနေစပြီးနားတာတယ်၊ ကုန်ကား၊ လူစီးကားတွေလည်း နားကြပြီိ၊ လုံးဝမသွားကြေ တာ့ဘူး၊ ကျွန်တော်တို့ကေ တာ့ အခြေအနေပေါ်မှုတည်ပြီးမှပဲ အခြေအနေကောင်းရင်တော့ အခြေအနေပြန်ကောင်း တဲ့နေ့ပြန်ဖွင့်ဖို့အဲလိုပဲရှိတယ်။” ဟု ပြောသည်။
ကလေးမြို့နှင့် ရိခေါဒါရ်မြိုအကြားပြေးဆွဲနေသည့် ကုန်တင်ကားနှင့် လူစီးကား ဂိတ်ပေါင်း ၁၀ ခုကျော်ရှိပြီး ယခုရက်ပိုင်းအတွင်း ကလေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး အရှိန်မြင့်တက်လာကာ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များက အကြမ်းဖက်ဖြိုးခွင့်မှု ပြင်းထန်လာသည့်အတွက် ကားသမားများသည် လိုင်းမဆွဲရဲကြတော့ဘဲ ယာယီရပ်နားထားကြရခြင်းဖြစ်သည်ဟု သိရသည်။
ကလေး-ရိကားလမ်းသည် အိန္ဒိယ-မြန်မာအမှတ် ၂ နယ်စပ်ကုန်သွယ်ရေး၏ အဓိကလမ်းကြောင်းဖြစ်ပြီး နေ့စဉ်နှင့်အမျှ လူသုံးကုန်၊ စားသုံးကုန်၊ အိမ်သုံးပစ္စည်းများ၊ ကွမ်းသီးနှင့် ဝက်များကို နယ်စပ်ဘက်သို့ အဓိက တင်ပို့လေ့ရှိကြသည်။