• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ကုလားတန်မြစ်ရေကြီး၍ လူဦးရေ ၁၇၀၀ ကျော် ရေဘေးကြုံနေကြရ

ကုလားတန်မြစ်ရေကြီး၍ လူဦးရေ ၁၇၀၀ ကျော် ရေဘေးကြုံနေကြရ

0
By Editor on July 15, 2019 Khonumthung

ချင်းပြည်နယ် ပလက်ဝမြို့အနီး စီးဆင်းနေသော ကုလားတန်မြစ်ရေမြင့်တက်လာမှုကြောင့် အိမ်ထောင်စု (၃၀၀) ကျော် လူဦးရေ (၁၇၀၀) ကျော်တို့သည် ရေဘေးကြုံနေကြရပြီး ဘေးလွတ်ရာကိုပြောင်းရွှေ့နေကြရသည်ဟု ပလက်ဝမြို့နယ် လူမှုကူညီရေးပရဟိတအဖွဲ့မှ ဦးဝေတန်းကပြောသည်။

“ကုလားတန်မြစ်ရေဆိုရင် မိုးကြီးရင်မြစ်ရေကြီးတယ် ရာသီဥတုပေါ်မှာဒါကမူတည်တာပေါ့ မနှစ်ကလည်းကြီးတယ် သို့သော်လည်း မနှစ်ကထက် ဒီနှစ်ကပိုတယ်၊ အခုကမြို့ပေါ်မှာဆိုရင် ဘုန်းကြီးကျောင်းတို့ နောက်စာသင်ကျောင်းတို့ အင်္ဂလီကန်ဘုရားကျောင်းတို့ နီးစပ်ရာဆွေမျိုးအိမ်မှာနေထိုင်ကြတယ် ရွာတွေမှာဆိုရင် ကျေးရွာခန်းမတို့ ဆွေမျိုးများတို့ဆီနေကြတယ်” ဟု ဦးဝေတန်းကပြောသည်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကုလားတန်မြစ်ရေသည် ဇူလိုင်လ ၁၃ ရက်နေ့ကစတင်မြင့်တက်လာပြီး ပလက်ဝမြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက်နှင့် ကျေးရွာ (၁၁) ရွာမှ အိမ်ထောင်စု (၃၃၆) လူဦးရေ (၁၇၂၀) ကျား (၈၄၀) မ (၈၈၀) တို့သည် ရေဘေးကြုံတွေ့နေကြရခြင်းဖြစ်သည်။

မြို့ပေါ်ရှိရေဘေးသင့်ပြည်သူများကို သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း၊ မီးသတ်တပ်ဖွဲ့များနှင့် အရပ်ဖက်အဖွဲ့ အစည်းတို့မှ ကူညီထောက်ပံ့မှုများလုပ်ဆောင်နေသော်လည်း ကျေးရွာဘက်ရှိရေဘေးသင့်သူများကိုမူ ကူညီထောက်ပံ့မှုများပေးအပ်ရန်အဆင်မပြေကြောင်း ဦးဝေတန်းကပြောသည်။

“ကျနော်တို့မြို့ပေါ်လောက်တော့ ကျနော်တို့ဒီကအာဏာပိုင်အဖွဲ့အစည်းတွေ နောက်မီးသတ်အဖွဲ့တွေ နောက်တခြားလူမှုအဖွဲ့တွေ CSO တွေ ကျနော်တို့နဲ့ပူးပေါင်းမှ သူတို့ကို ကျနော်တို့က စားဖို့ဆန်တို့ မုန့်တို့ မာမီးခေါက်ဆွဲတို့ အချိုရေဘူးတွေဖြန့်ဝယ်တယ် မနေ့ကလည်းပေးတယ် ရွာမှာကတော့ ကျနော်တို့ သွားဖို့လာဖို့ အဆင်မပြေဘူးရေကကြီးတော့ စက်လှေလည်းမသွားနိုင်လေ” ဟု ဦးဝေတန်းဆက်ပြောသည်။

ကုလားတန်မြစ် စိုးရိမ်ရေမှတ်သည် ၁၆၀၀ စင်တီမီတာရှိပြီး ၁၃ ရက်နေ့ည ၁၁ နာရီ ၃၀ မိနစ်တွင် စိုးရိမ်ရေမှတ်ထက် ၂ စင်တီမီတာမြင့်တက်သွားပြီး ၁၄ ရက်နေ့မနက်ပိုင်းတွင် စိုးရိမ်ရေမှတ် ၁၅၈၇ စင်တီမီတာသို့ ပြန်ကျဆင်းကာ ၁၄ ရက်ညနေ ၅း၃၀ တွင် စိုးရိမ်ရေမှတ် ၁၅၂၀ စင်တီမီတာသို့ကျဆင်းသွားသည်ဟု သိရသည်။

ဓာတ်ပုံ – ဦးဝှေ့တင်းဖေ့ဘုတ်

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇန်မြို့နယ်၊ ဒါးရ်ခိုင်ရွာဟောင်းတွင် ဘုရားကျောင်းအပါအဝင် လူနေအိမ် ၇ လုံး လောင်ကျွမ်းပြာကျ

ဇိုးတုန်နယ်တွင် တိုက်ပွဲဖြစ်ပွား စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံး

ထန်တလန်မြို့တွင် စစ်ကောင်စီတပ်သား ၆ ဦးကို ချင်းကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီး

Leave A Reply Cancel Reply

  • Featured Article
February 7, 2023

“ရွေးကောက်ပွဲရှိတာဟာ အခြေခံဥပဒေအရ အာဏာပြန်လွဲပြောင်းဖို့ လမ်းဖြစ်တယ်”

January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.